အိုဘားမား၏ ဇနီးက သားယောက်ျားလေး မရှိသည်ကို ဟာသ လုပ်ကာ ပြောဆို

News Image

  • အိုဘားမား၏ ဇနီးက သားယောက်ျားလေး မရှိသည်ကို ဟာသ လုပ်ကာ ပြောဆို

သမ္မတဟောင်း အိုဘားမား၏ဇနီး မီရှဲအိုဘားမားက သူမတွင် သား ယောက်ျားလေး မရှိသည်ကို ဝမ်းသာကြောင်း ဟာသလုပ်ပြောခဲ့ပြီး သား ရှိခဲ့ပါက သူမ၏ခင်ပွန်းနှင့်တူသော သားတစ်ယောက်ဖြစ်လာမည်ဟု ဆိုခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် မစ္စစ် မီရှဲအိုဘားမားနှင့် သူမ၏မောင် ခရိတ် ရော်ဘင်ဆင်တို့သည် လူ့အဖွဲ့အစည်း၏ ယောက်ျားပီသမှုအပေါ် အမြင်များ၊ ယောက်ျားလေးများနှင့် လူငယ်ယောက်ျားလေးများ ပျိုးထောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးသည့် အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ကြသည်။

“ကျွန်မမှာ သားမရှိသည်ကို ဝမ်းသာပါသည်” ဟု မီရှဲက ပြောခဲ့သည်။

“ဘာကြောင့် တတိယကလေးတစ်ယောက် ထပ်မမွေးပြီး သားတစ်ယောက် မရှာတာလဲ” ဟု အစီအစဉ်တင်ဆက်သူက မေးမြန်းခဲ့သည်။

“ဘာလို့လဲဆိုတော့ ကျွန်မမှာ သားရှိခဲ့ရင် နောက်ထပ် ဘာရတ် အိုဘားမား တစ်ယောက်ဖြစ်လာမှာကိုး” ဟု အမေရိကန် သမ္မတဟောင်း ၏ဇနီးက ဟာသလုပ်ရင်း ရယ်မောခဲ့သည်။

အစီအစဉ်တင်ဆက်သူက “ဘာရတ်အိုဘားမားလေး တစ်ယောက်ရှိရင် ကောင်းမှာပဲ” ဟုပြောသောအခါ မီရှဲက သဘောမတူဘဲ အကြောင်းပြ ချက်အနေဖြင့် သူမ၏သားသည် ကြီးပြင်းလာစဉ်ကာလတစ်လျှောက် အမေရိကန်ပြည်ထောင်စု၏ ၄၄ ဦးမြောက်သမ္မတဖြစ်သည့် ၎င်း၏ ဖခင်နှင့် နှိုင်းယှဉ်ခံရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့နောက်တွင် ခရိတ်ရော်ဘင်ဆင်က မစ္စစ် မီရှဲသည် ၎င်း၏သားများနှင့် မကြာခဏကစားလေ့ရှိပြီး ဂရုစိုက်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်မမှာ တူတွေလည်းရှိတယ်လေ” ဟု မီရှဲက သူမ၏မောင် ပြောဆိုမှုကို ထောက်ခံသဘောတူခဲ့သည်။

သမ္မတဟောင်း အိုဘားမားနှင့် ၎င်း၏ဇနီးတို့သည် ၁၉၉၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး အသက် ၂၆ နှစ်ရှိ မာလီယာနှင့် ၂၄ နှစ်ရှိ ဆာရှာဆိုသည့် သမီးနှစ်ယောက်ရှိသည်။

“မိဘတစ်ဦးဖြစ်ခြင်း၏ အဆင့်တိုင်းကို ကျွန်မ နှစ်သက်ပါသည်။ သူတို့ပထမဆုံးမွေးဖွားလာသည့်အချိန်၊ လမ်းလျှောက်တတ်စအချိန်၊ စကားစပြောတတ်စအချိန်တွေနှင့် White House မှာကုန်ဆုံးခဲ့သည့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဆယ်ကျော်သက်အရွယ်တွေကို နှစ်သက် ပါသည်။ ဒါပေမယ့် ၎င်းတို့ကိုယ်တိုင်ဖြစ်နေတာကို ကြည့်ရတာ၊ ၎င်းတို့ ကိုယ်ပိုင်ရွေးချယ်မှုတွေလုပ်တာ၊ ကျွန်မဆီဖုန်းမဆက်ခင် ၎င်းတို့ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းတာတွေကို အတူရှိနေရသည့်အချိန်တွေကို ပိုနှစ်သက်ပါသည်” ဟု အမေရိကန်သမ္မတဟောင်း၏ဇနီးက ပြောကြား ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂