နော်ဝေးနိုင်ငံ အိမ်ရှေ့မင်းသမီး၏ သားတော် ဒုတိယအကြိမ်မြောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြင့် ထပ်မံအဖမ်းခံရပြန်
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည်ဟု သံသယဖြင့် တနင်္လာနေ့တွင် အဖမ်းခံရသည့် နော်ဝေးနိုင်ငံအိမ်ရှေ့မင်းသမီး၏ သားတော် Marius Borg Hoiby သည် ဒုတိယကြိမ်မြောက် အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် ထပ်မံအဖမ်းခံလိုက်ရကြောင်း နော်ဝေးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါသည်။
ပထမအကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည်ဟု သံသယဖြင့် အဖမ်းခံရသည့် မင်းသားကို Oslo ခရိုင် တရားရုံး၏ကြားနာချက်အရ Oslo ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် မင်းသားအား နေအိမ်အကျယ်ချုပ် ရက်သတ္တပတ် ၂ ပတ်ထားရှိရန် တင်ပြထားကြချိန်တွင် ကြာသပတေးနေ့တွင် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နော်ဝေးနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ပါက နော်ဝေးတည်ဆဲဥပဒေအရထောင်ဒဏ် ၁၀ နှစ် ကျခံရပါမည်။
ကိုးကား - CNN