ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

News Image

  • ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က  ကနေဒါမှ တင်သွင်းလာမည့်  ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့်  Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ 

အကောက်ခွန်နှုန်းတိုးမြှင့်လိုက်ခြင်းက အမေရိကန် နိုင်ငံ၏ မြောက်ပိုင်းအိမ်နီးချင်း ကနေဒါနိုင်ငံ၏ စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်ပြီး အမေရိကန် နိုင်ငံတွင်လည်း ရေနံသုံးစွဲသူများအကြား ရေနံဈေးနှုန်း ပိုတက်လာမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံရေးသမား များနှင့် စွမ်းအင်ပညာရှင်များက သတိပေးပြောကြား လိုက်သည်။ 

ကနေဒါနိုင်ငံသည် Trump နှင့် အဆိုပါကိစ္စရပ်အပေါ် ညှိနှိုင်းရန်လိုအပ်ကြောင်း စွမ်းအင်ပညာရှင် Dennis McConaghy က ပြောကြားခဲ့ပါသည်။

Trump သည် ယခင်က အလားတူ ခြိမ်းခြောက်မှုမျိုးကို ဗျူဟာအဖြစ် သုံးခဲ့ဖူးသည့်အတွက်ကြောင့် ယခု ခြိမ်းခြောက်မှုသည် လက်တွေ့တွင် အသက်ဝင်မည် လောကို အတိအကျ မသိရှိရပါ။ 

အဆိုပါ ခြိမ်းခြောက်မှုသည် Canada နှင့် Mexico တို့နှင့် ထိစပ်နေသည့် အမေရိကန်နယ်စပ်မှတစ်ဆင့်  နိုင်ငံအတွင်းသို့  ဒုက္ခသည်များနှင့် မူးယစ်ဆေးများ တရားမဝင် ဝင်လာနေသရွေ့ အတည်ဖြစ်မည့်သဘောမျိုး Trump က အရိပ်အမြွက်ပြောကြားထားပါသည်။ 

Canada နိုင်ငံ၏ ကုန်သွယ်မှု ၈၀% မှာ အမေရိကန် နိုင်ငံနှင့်ဖြစ်ပြီး အများစုသည် ဟိုက်ဒရိုကာဗွန် ဓာတ်ငွေ့များ ဖြစ်ပါသည်။ သို့ပါ၍ အမေရိကန်နိုင်ငံ ကလည်း ကနေဒါမှ တင်သွင်းသည့် ရေနံအပေါ် မှီခို နေရသဖြင့် တိုးမြှင့်ကောက်ခံမည့် အကောက်ခွန်နှုန်း များထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ မပါဝင်သင့် ကြောင်း အမေရိကန် ရေနံစီးပွားရေးသမားများက သမ္မတထံ တောင်းဆိုနေကြပါသည်။

သို့သော် Trump သည် အခြားနိုင်ငံများ၏ ရေနံတင်သွင်းမှုအပေါ် အမေရိကန်နိုင်ငံက မှီခိုနေရခြင်းကို မနှစ်မြို့သူဖြစ်သောကြောင့် အဆိုပါကိစ္စရပ်အပေါ် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 

ကိုးကား - BBC