ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အောင်မြင်ရေးသော့ချက်-၂” စာအုပ်စာဖတ်ဝိုင်းကျင်းပ

News Image

  • ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အောင်မြင်ရေးသော့ချက်-၂” စာအုပ်စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟို ဌာနတွင်၊ မြင်းခြံအောင်ကျော်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းဆင်” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများအတွက် စာပေဖတ်ရှု လေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူး များ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသ စာအုပ်စာစောင်များကို အားလပ်ချိန်တွင် ဖတ်ရှုစေလိုကြောင်း  ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (မောင်ခိုင်ကျော်-ကျောက်ဆည်)က မြင်းခြံအောင်ကျော်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွား အောင်မြင် အောင်ပန်းဆင်” စာအုပ်မှ အတိုးတက်ဆုံးလူ၊ ကိုယ်ခံအားကောင်းလျှင်၊  ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာ ကြီးပွားခြင်း ၏ အခြေခံစာဖတ်ရန်၊ စွမ်းရည်ထက်မြက်ရေး၊ ဆန္ဒစိတ်၏စွမ်းအားစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။         

သက်မောင်၊ကျောက်ဆည်