သင်္ကြန်ပွဲတော်ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်

News Image

  • သင်္ကြန်ပွဲတော်ကို UNESCO ၏  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်

မြန်မာလူမျိုးတို့၏ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို ၏လူသားမျိုးနွယ်နှင့်သက်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်လိုက် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က  ထုတ်ပြန်လိုက်ပါသည်။ 

အဆိုပါဆုံးဖြတ်ချက်ကို ပါရာဂွေးနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ၁၉ ကြိမ်မြောက် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး အတွက် အစိုးရများဆိုင်ရာကော်မတီက ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက်အတာသင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတမ်းကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကော်မတီသို့  ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပေးပို့ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

ကိုးကား - ဆင်ဟွာ