စိမ့်မြေများ ပြန်လည်ဖြစ်ထွန်းမှုက ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေပြီး မိုးခေါင်ရေရှားမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေ

News Image

  • စိမ့်မြေများ ပြန်လည်ဖြစ်ထွန်းမှုက ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေပြီး မိုးခေါင်ရေရှားမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေ

ဩစတြေးလျနိုင်ငံ၌     စိမ့်မြေများ ပြန်လည်ဖြစ်ထွန်းမှုသည် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာလျော့ကျ စေပြီး ရေကြီးမှုနှင့်  မိုးခေါင်ရေရှားမှု ဒဏ်များကို ပိုမိုခံနိုင်ရည်ရှိလာစေသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ဇူလိုင်လ ၁၇ ရက်တွင်ထုတ်ပြန်သည်။

ဩစတြေးလျနိုင်ငံရှိ တော်ဝင်မဲဘုန်း နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဗစ်တိုးရီးယားပြည်နယ် လော့ဒန်မြစ်ကြောင်း တစ်လျှောက်ရှိ စိမ့်မြေ များကို လေ့လာမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ လေ့လာမှုအရ စိမ့်မြေများ ပြန်လည်ဖြစ်ထွန်းခြင်းက ရာသီဥတုနှင့် ရေစီမံခန့်ခွဲမှုများအပေါ် လျင်မြန်စွာ သက်ရောက်မှုရှိစေကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

“စိမ့်မြေများကိုပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းခြင်းက ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ရေးအတွက်  လျှို့ဝှက်လက်နက် တစ်ခုဖြစ်လာနိုင်ပါတယ်” ဟု သုတေသနအဖွဲ့ခေါင်းဆောင် လူးကပ်ရှူစတာကပြောသည်။

ပြန်လည်ဖြစ်ထွန်းလာသော စိမ့်မြေ များသည် တစ်နှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှုကို ၃၉ ရာခိုင်နှုန်းလျှော့ချနိုင်ကာ မြေဆီလွှာရှိ ကာဗွန်ပမာဏကို ၁၂ ရာခိုင် နှုန်းမြင့်တက်လာစေကြောင်း၊ ပြန်လည် ဖြစ်ထွန်းခြင်း မရှိသည့်   စိမ့်မြေများမှာ ကာဗွန်ထုတ်လွှတ်မှု  ၁၆၉   ရာခိုင်နှုန်းမြင့်တက်ပြီး မြေဆီလွှာရှိ ကာဗွန်ပမာဏကိုလည်း ၁၀ ရာခိုင်နှုန်း လျော့ကျသွားစေကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

MWD Web Portal