နတ်ဆိုးနှင့် နက်နဲသော ပင်လယ်ပြာအကြား ပိတ်မိနေခြင်း

(December 2024 ထုတ် Myanmar Insider ၏ Insider Analysis ကဏ္ဍတွင် Tim M Htut ရေးသားပြုစုထားသည့် “Caught between the Devil and the Deep Blue Sea” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

မာကျောသော ကျောက်ဆိုင်နှင့် ခက်ခဲကြမ်းတမ်းသည့် အရပ်အကြား (between a rock or a hard place) ဆိုသည်မှာ သာတူညီမျှ မနှစ်မြို့ဖွယ် သို့မဟုတ် အဆင်မပြေ ဖြစ်စေသည့် ရွေးချယ်မှုနှစ်ခုကြားတွင် သင်ရွေးချယ်ရမည့် ခက်ခဲသောအခြေအနေတွင် ရှိနေသည်ဟု ဆိုလိုသည့် ဗန်းစကား(idiom) တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံရေးအရ မြန်မာနိုင်ငံတွင် ထိုသို့သောအခြေအနေများကို မည်သို့ထင်ဟပ်နိုင်သနည်း။

ဟိုးယခင်ကတည်းက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများစွာရှိပါသည်။ ထိုရွေးကောက်ပွဲများတွင် ရေပန်းစားသော ခေါင်းဆောင်က လိမ်လည်လှည့်ဖြားပြီး အနိုင် ရရှိမည်ဟု မျှော်မှန်းထားကြပါသည်။ ထိုအချက်သည် အနောက်နိုင်ငံများက အသိအမှတ် ပြုရန် အရေးကြီးဆုံး အချက်ဖြစ်ပါသည်။ မဲလိမ်လည်မှုက မြင့်တက်လာခဲ့ပြီး မြန်မာ နိုင်ငံသည် အသက်ရာကျော်ရှိသည့် မဲပေးသူအရေအတွက်အရ အသက် ၁၀၀ ကျော် လူဦးရေများသည့် ဂျပန်နိုင်ငံကိုတောင် ကျော်တက်သွားခဲ့ပါသည်။ အသက်ရာကျော် လူဦးရေ အများအပြားရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် (အမှန်တကယ်က WHO စာရင်း အရ ကမ္ဘာ့ကျန်းမာရေးအနိမ့်ဆုံးစာရင်းတွင် အမြဲရှိနေသော်လည်း) ကမ္ဘာပေါ်တွင် ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံဖြစ်လာခဲ့ပါသည်။ ရွေးကောက်ပွဲ မသမာမှုများကြောင့် ရေတွက်သည့် မဲအရေအတွက်သည် အရည်အချင်းပြည့်မီသော ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကို (၃၃ ဒသမ ၂၂ သန်း) ကျော်လွန်သွားခဲ့ပါသည်။ ပြည်သူအများစုက မဲမသမာမှုပြုလုပ် ထားကြောင်း သက်သေပြနိုင်သည့် ကိန်းဂဏန်းအချက်အလက်များကို ယုံကြည်ရန် ယခုအချိန်ထိ ငြင်းဆိုနေကြပြီး မှန်ကန်မှုမရှိသည့် ရှင်းပြချက်များနှင့် သတင်းအတုများကို ယုံကြည်နေကြဆဲဖြစ်ပါသည်။

မဲမသမာမှုများကို နိုင်ငံတကာ စာရင်းစစ်များ သို့မဟုတ် တတိယအဖွဲ့ (Third Parties) များက စစ်ဆေးပေးခဲ့ကြပါသည်။ မဲမသမာမှုများနှင့်စပ်လျဉ်း၍ အင်္ဂလိပ် ဘာသာဖြင့် သတင်းစာ ရှင်းလင်းပွဲများ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ သတင်းထောက် များကို ဖိတ်ကြားနိုင်ခဲ့ပါသည်။ အယုံလွယ်သည့် ပြည်သူနှင့် လူမှုကွန်ယက် (Facebook) က တိုင်းပြည်ကို ရှုပ်ထွေးမှုဖြစ်စေရန်  ပြောင်းလဲစေမည်ဖြစ်ပါသည်။ အတိတ်က ယခုလည်း အတိတ်ပဲဖြစ်ပါသည်။ လေ့လာဆန်းစစ်ပြီးနောက်တွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးက အမှန်တရားကို သိမြင်လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ပဋိပက္ခ အစကတည်းက ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပါ။ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ပြင်၍မရပါ။ EU ကလည်း စောင့်ကြည့်နေရုံသာ ရှိပါသည်။

ပြည်ထောင်စုကို အုပ်ချုပ်သည့် ခေါင်းဆောင်များသည် မဲမသမာမှုပြုလုပ်သူများထံ အာဏာ ပြန်ပေးရန် တောင်းဆိုထားကြသည်။ သံအမတ်များသည် အာရှ၏ အင်အားကြီး နိုင်ငံနှစ်ခုနှင့် ယှဉ်ပြိုင်ရန် စေ့စပ်ညှိနှိုင်းအဖြေရှာရန်အတွက် ပါဝင်ခဲ့ကြပါသည်။

လာမည့်နှစ်တွင် ကျရောက်မည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံက ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ အိန္ဒိယသည် အတိတ်က အောင်မြင်မှုအပေါ် ကျေနပ်နေမည်မဟုတ်ဘဲ နောက်ထပ် အောင်မြင်မှုများ ရရှိရန် ကြိုးပမ်းအားထုတ်နေမည်ဖြစ်ပါသည်။ အိန္ဒိယသည် ပံ့ပိုးကူညီမှုများတွင် တရုတ် နိုင်ငံ၏နောက် သိသိသာသာ ကျဆင်းသွားသော်လည်း တတ်သိပညာရှင်များ၊ သံတမန် ရေးရာနှင့် စစ်ရေးဖလှယ်မှုများဖြင့် လိုက်မီနေပါသည်။ အိန္ဒိယရေတပ်မှ တာဝန်ရှိသူများ သည် နိုင်ငံအနှံ့ခရီးလှည့်လည်ရန်အတွက် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့သည်။ ရေတပ်နှစ်ခုသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်နီးပါးက စတင်ခဲ့ သည့်အလွန် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့မှုကြောင့် နောက်ဆုံးတွင် ရေငုပ်သင်္ဘော တစ်စီးကို ဝယ်ယူနိုင်ခဲ့သည်။

ထရမ့်အနေဖြင့် မြန်မာနိုင်ငံက မည်သည့်နေရာတွင်ရှိသည်ကိုပင် သိရှိခြင်းမရှိဘဲ ဘိုင်ဒင်လက်ထက်က သူပုန်တပ်ဖွဲ့များအတွက် ထောက်ပံ့ပေးထားသည့် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကိုလည်း ထည့်သွင်းစဉ်းစားမည်မဟုတ်တော့ပါ။ သို့သော် EU နှင့် ထိတွေ့ဆက်ဆံမှုသည် ပွင့်လင်းမြင်သာသော ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

EU ၏လိုလားချက်က ဘာပါလဲ။ မဖြစ်နိုင်သောရည်မှန်းချက်များမှ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းများအထိ (softballs) အချက်အလက်များ ချရေးကြည့်ပါ။  ဥပမာ အားဖြင့် NUG နှင့် စကားပြောခြင်းသည် အစိုးရအတွက် မဟုတ်ပေ။ တပ်မတော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ထုတ်ပယ်ရန် ၎င်းတို့၏ အခြေခံအချက်မှာ အလုပ်မဖြစ်နိုင်သော ရွေးချယ်မှုဖြစ်ပါသည်။ ထို့အပြင် တပ်မတော်နှင့် အစိုးရထောက်ခံသူ အများအပြားအနေဖြင့် NNCP အကြမ်းဖက်သမားများက ၎င်းတို့၏မိတ်ဆွေများနှင့် ဆွေမျိုး အများအပြားကို သတ်ဖြတ်ပြီးနောက် ၎င်းတို့နှင့် စကားပြောဆိုခြင်းသည် နှလုံးသားကို ဓားဖြင့် ထိုးခြင်းထက် ပိုဆိုးမည်ဟု ယူဆကြပါသည်။ ILO အသိအမှတ်ပြု သမဂ္ဂမှ အကျဉ်းကျနေသည့် ခေါင်းဆောင် တစ်ဦးကို လွှတ်ပေးခြင်းသည် လက်တွေ့ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အစိုးရအနေဖြင့် ထိုသို့လွှတ်ပေးခြင်းကနေ အကျိုးကျေးဇူးအချို့ ရရှိနိုင်စေရေး သေချာရန် လိုအပ်ပါသည်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် ကိစ္စလည်း ရှိပါသည်။

အထူးသဖြင့် ရွေးကောက်ပွဲနှင့် ငွေကြေးလိမ်လည်မှုများတွင် သူမကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အချိန်ပေးရမည်ဟု အများစုက ယုံကြည်ကြပါသည်။ ထို့ကြောင့် သူမ အနေဖြင့် အချိန်ပေးရမည် ဖြစ်ပါသည်။ သို့သော် လက်ရှိအခြေအနေအပေါ်အခြေခံ၍ သူမ ကျူးလွန်ခဲ့သောပြစ်မှုအချို့အတွက် စီရင်ချက်ချခြင်းကို လာမည့်ရွေးကောက်ပွဲ အပြီးထိ ဖြစ်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ထိုအချိန်တွင် သူမသည် အသက် ၈၀ ကျော် ရှိနေပြီ ဖြစ်သည်။ လက်တွေ့ရှုထောင့်မှကြည့်လျှင် သူမသည် နောက်ထပ်နှစ်ပေါင်းမည်မျှ အသက်ရှင်နိုင် မည်နည်း။ သူမ အကျဉ်းကျနေချိန်အတွင်း အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးအတွက် အမြဲလိုလို နာကျင်ခံစားရပါလိမ့်မည် ဖြစ်ပါသည်။ 

သူမ အကျဉ်းကျနေစဉ် သေဆုံးခဲ့ပါက အစိုးရက အပြစ်တင်ခံရဦးမည်ဖြစ်ပါသည်။ မြန်မာခေါင်းဆောင်များ မည်ကဲ့သို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေသည်ကို သိရှိပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ကျန်းမာရေး အကြောင်းပြချက်ဖြင့် နှစ်နှစ်ကြာ အကျဉ်းကျပြီးနောက် လွတ်မြောက်လာဖွယ်ရှိပါသည်။ သူမ အသက် ၈၂ နှစ်တွင် လွတ်မြောက်လာပြီ ဆိုပါစို့။ သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်နေပါက သူမက ရှောင်တာနယ် (Shaun Turnell) ကဲ့သို့ ပါးစပ်ကို ပိတ်ထားမည်မဟုတ်ပေ။ နောက်တစ်ကြိမ် လူထု အုံကြွမှု မဖြစ်စေနိုင်ဟု မည်သူကလက်တွေ့ ကတိပေးနိုင်မည်နည်း။ သို့သော်လည်းရှောင်တာနယ် ကဲ့သို့ပင် အခြားနိုင်ငံတစ်ခုတွင် ရှိနေပါက သူမ မြို့တွင်း၌ ရှိနေသလို ထက်ဝက်လောက်ပင် ထိရောက်မှုရှိမည် မဟုတ်ဟု ယူဆချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ နေထိုင်ခြင်းက မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် မကောင်းနိုင်ဟု ကျွန်တော်တို့အနေဖြင့် သဘောတူပါသည်။ အခြား ရွေးချယ်စရာ ရှိနိုင်ပါသလား။

ကျွန်တော်တို့အနေဖြင့် EU နှင့် သဘောတူညီမှုတစ်ခုပြုလုပ်၍ သူမကို ဥရောပ နိုင်ငံများအနက် တစ်နိုင်ငံကို ပို့လိုက်ပြီး ထိုနိုင်ငံတွင် အခြေချနေထိုင်စေမည်ဖြစ်ပါသည်။ အပေါ်ယံကြည့်ရမည်ဆိုပါက သူမသည် တရားမျှတမှုမှ လွတ်မြောက်နေပုံရပါသည်။ လက်တွေ့ရှုထောင့်မှကြည့်လျှင် ရလဒ်သည် အတူတူပင် ဖြစ်ပါသည်။ အကျဉ်းကျချိန်သည် တိုတောင်းသော လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ကာ နှစ်မျိုးလုံးသည် တိုင်းပြည်နှင့် အစိုးရအတွက် ဆိုးရွားစေနိုင်ပါသည်။ သူမအား လွှတ်ပေးခြင်းသည် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများစွာကို ဖြစ်စေနိုင်သော်လည်း မြန်မာ အစိုးရက မည်သို့တောင်းဆိုရမည်ကို ကောင်းစွာသိရှိထားသောကြောင့် အနောက်နိုင်ငံ များနှင့် သံတမန်ရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတစ်ခုလုံးတွင် တိုင်းပြည် က အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။ သူမက လူအများ၏အမြင်မှ ပျောက်ကွယ် သွားသည့်အခါ ၎င်းတို့၏ စိတ်ထဲတွင်လည်း ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအရာက ကောင်းသည့်ကိစ္စတစ်ခုပါ။ အရေးအကြီးဆုံးအချက်မှာ အစိုးရအနေဖြင့် ထိုသဘော တူညီချက်ကနေ လုံလောက်သော ခရက်ဒစ်များရရှိရန်၊ အနောက်နိုင်ငံများတွင် တရားမဝင် ထိန်းသိမ်းထားသော ငွေအားလုံးကို ပြန်လည်ရယူရန်နှင့် ကုန်သွယ်မှုဆိုင်ရာ လိုက်လျောမှုများမှ ရလဒ်များသည် သိသာကွာခြားသည့် တစ်ခုခုကို လုပ်ဆောင်နိုင်ရန် သေချာဖို့ လိုအပ်ပါသည်။ သူမသည် ထာဝရပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ဆူးကို တစ်ကြိမ်တည်းဖြင့် အားလုံး ဖယ်ရှားပြီး ဖြစ်ပါမည်။ မြန်မာ့နိုင်ငံရေးတွင် သူမသည် အနာဂတ်မရှိဟု ပြောဆိုသည့် စကားသည် လက်တွေ့ဖြစ်လာမည်ဖြစ်သည်။ နတ်ဆိုးနှင့် နက်နဲသည့် နက်ပြာရောင်ပင်လယ်ကြီးသည် လုံးဝကွာခြားမှုမရှိပေ။

မြန်မာနိုင်ငံသို့ပြန်လာပြီး အပြစ်မဲ့ အရပ်သား ပြည်သူအများအပြားကို ဆက်လက် သတ်ဖြတ်နေချိန်တွင် သူမအနေဖြင့် မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်နေသည့် နေရပ် စွန့်ခွာပြည်သူများ၏ အလှူငွေများဖြင့် အမေရိကန်နိုင်ငံတွင် သန်းကြွယ်သူဌေးဖြစ်လာသူ ပန်ဆယ်လို ကဲ့သို့ နိုင်ငံရပ်ခြားတွင် တာဝန်ရှိသူ ဖြစ်လာမည်ဆိုပါက တစ်ခုတည်းသော ခြိမ်းခြောက်မှုဖြစ်လာမည်ဖြစ်ပါသည်။ ထိုအရာက မြန်မာနိုင်ငံက တာဝန်ယူနိုင်ခြင်း မရှိသည့် စွန့်စားမှုမျိုးပါ။

ကိုးကား- https://www.myanmarinsider.com/caught-between-the-devil-and-the-deep-blue-sea/

Subject-Image

  • နတ်ဆိုးနှင့် နက်နဲသော ပင်လယ်ပြာအကြား ပိတ်မိနေခြင်း

Posted-Date