ကနေဒါနှင့်အိန္ဒိယ ဆက်ဆံရေးပြန်တည်ဆောက်မည်

နယူးဒေလီ၊ ဆက်ဆံရေး

ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်သဘောတူလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်တွင် ပြောသည်။ ထို့ပြင် ရပ်ဆိုင်းနေသော ကုန်သွယ်ရေးဆွေးနွေးမှုများကိုလည်း ပြန်လုပ်သွားမည်ဖြစ်သည်။

ကနေဒါနိုင်ငံဝန်ကြီးချုပ်မာ့ကာနေးနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ က G-7 ထိပ်သီးအစည်းအဝေး၏ဘေးပန်း က တွေ့ဆုံမှု၌ ယခုကဲ့သို့သဘောတူခြင်းဖြစ်သည်၊ မာ့ကာနေးက ဝန်ကြီးချုပ်ရာထူးကို ရရှိပြီးနောက် အိန္ဒိယဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကတည်းက ဆက်ဆံရေးယိုယွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Ref: Xinhua

MWD Daily Newspaper

Photo - Eastern Eye

 

Subject-Image

  • ကနေဒါနှင့်အိန္ဒိယ ဆက်ဆံရေးပြန်တည်ဆောက်မည်

Posted-Date