လာအိုနိုင်ငံ၌ ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းကာမိရန် လုပ်ခနည်း အလုပ်သမားများကို လစာနှင့်ထောက်ပံ့စရိတ်ပိုပေး

လူနေမှုစရိတ်ကြီးမြင့်လာခြင်းကို ကာမိရန် လုပ်ခနည်းအလုပ်သမားများကို လစာနှင့် ထောက်ပံ့ စရိတ်ပိုမိုပေးရန် စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များကို လာအိုအစိုးရက ညွှန်ကြားလိုက်သည်။

လာအိုအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် စတင် အာဏာ သက်ရောက်ခဲ့သော အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 

အဆိုပါကြေညာချက်တွင် အနည်းဆုံး လုပ်ခလစာအဖြစ် လာအိုကစ် ၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၁၄ ဒေါ်လာ)ခန့်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည်။

လတ်တလောတွင် ရရှိနေသော အနည်းဆုံး လုပ်ခလစာမှာ ကစ် ၁ ဒသမ ၆ သန်း( အမေရိကန် ဒေါ်လာ ၇၃ ဒေါ်လာ) ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် လူနေမှုစရိတ်များ မြင့်တက် လာသည့်အတွက် အစိုးရသည် နိုင်ငံတစ်ဝန်းရှိ အလုပ်သမားများကို ပံ့ပိုးကူညီရန် လိုအပ်သည်ဟု ယူဆခဲ့သည်။

 လစာနှင့်ထောက်ပံ့ကြေးတိုးမြှင့်ခြင်းသည် လူနေမှုစရိတ်စက ကြီးမြင့်လာခြင်းနှင့် ‌ငွေကြေး ဖောင်းပွမှုမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဖိအားကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရ၏ ကျယ်ပြန့်သော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

လာအိုနိုင်ငံ၏ ငွေကြေးဖောင်းပွခြင်းသည် ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် ၂၁ ဒသမ ၇ ရာခိုင်နှုန်း အထိ အနည်းငယ် လျော့နည်းသွားသော်လည်း စိုးရိမ်စရာ အခြေအနေအဖြစ် ဆက်လက် ဖြစ်ပေါ်နေသည်။

ဗီယန်ကျင်း အောက်တိုဘာ ၃

ဆင်ဟွာ 

 

Subject-Image

  • လာအိုနိုင်ငံ၌ ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းကာမိရန် လုပ်ခနည်း အလုပ်သမားများကို လစာနှင့်ထောက်ပံ့စရိတ်ပိုပေး

Posted-Date