ကဏ္ဍများ

Unit 28 

(must and can't)

Raymond Murphy

Unit 28 

(must and can't)

Raymond Murphy

ရုရှားက မိတ်ဖက်နိုင်ငံများနှင့် ဘက်စုံကမ္ဘာ ပညာရေးပုံစံကို မျှဝေမည် ဟု ပညာရေးဝန်ကြီး ပြောကြား

ရုရှားပညာရေးဝန်ကြီး Aleksey Kravtsov က ကာဇန်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာညီလာခံမတိုင်မီ ဘက်စုံ ကမ္ဘာတည်ဆောက်ရာတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားသည့် ပညာရေးပုံစံကို မော်စကိုက မိတ်ဆက်သွားမည်ဟု ပြောကြား ခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် စတင်မည့် “အနာဂတ်ကို ပုံဖော်ခြင်း” ဖိုရမ် တွင် ပညာရေးဝန်ကြီး ၂၀ ကျော် တက်ရောက်မည်ဟု စီစဉ်သူများက ဆိုသည်။

ရုရှားသည် မိတ်ဖက်နိုင်ငံများနှင့် ဆရာဖြစ်သင်တန်း၊ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေးနှင့် ကျောင်းတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေကာ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း Kravtsov က သတင်းထောက်များအား အင်္ဂါနေ့ (ဇွန် ၁၀) တွင် ပြောကြားခဲ့သည်။

ရုရှား၏ ကျောင်းပညာရေးစနစ်သည် အရည်အသွေးအားဖြင့် ကမ္ဘာ့ ထိပ်တန်း ၁၀ နိုင်ငံအတွင်း ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ပညာရေး အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိမှုအရ ထိပ်တန်း ၃ နိုင်ငံအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့၏ ကျောင်းသားများသည် အခြားနိုင်ငံများအကြောင်း လေ့လာရန်၊ အပြည်ပြည်ဆိုင်ရာမိတ်ဆွေဖွဲ့ရန်နှင့် ဗဟုစနစ်ကမ္ဘာ တစ်ခု ပုံဖော်ရာတွင် ပါဝင်ရန် အရေးကြီးပါသည်။ အနာဂတ်သည် အဆိုပါအကြောင်းချင်းရာ ပေါ်တွင် မူတည်နေပါသည်” ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အခြားနိုင်ငံများက လက်ခံကျင့်သုံးနိုင်သည့် Eurasian Lyceum ဟု ခေါ်ဆိုသော စံပြကျောင်းပုံစံကို ထုတ်ဖော်ရန် စီစဉ်ထားသည်ဟု Kravtsov က ပြောပါသည်။

“မိမိတို့သည် နိုင်ငံရေးမလုပ်ခြင်း၊ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းဟူသော အခြေခံမူသုံးရပ်အပေါ်အခြေခံသည့် ပညာရေးအရည်အသွေးအကဲဖြတ်ရေး အစားထိုးစနစ်တစ်ခုကို အဆိုပြုနေပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် စတင် ကျင်းပ

တတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် "Shaping the Future" သည် ရုရှားနိုင်ငံ၊ တာတာစတန်ဒေသရှိ ကာဇန် မြို့တွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) က တရားဝင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ နှစ်ရက်ကြာ ဆွေးနွေးဖလှယ်ရန် တက်ရာက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်သို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘယ်လာရုစ်၊ အဘ်ခါဇီးယား၊ တောင်အော်ဆီတီးယား၊ မြန်မာ၊ လာအို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကင်မရွန်း၊ ဘာကီနာဖာဆို၊ ဇင်ဘာဘွေနှင့် အခြားနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အရာရှိများ တက်ရောက်ခဲ့ ကြသည်။

ယခုနှစ်ဖိုရမ်၏ အဓိက ဆွေးနွေးအကြောင်းအရာများတွင် ဒစ်ဂျစ်တယ် ပြောင်းလဲမှု၊ AI နှင့် အွန်လိုင်းသင်ယူမှု၏ အခန်းကဏ္ဍ၊ ပညာရေးတွင် လူတိုင်းပါဝင်နိုင်မှု၊ ပညာရေးအရည်အသွေးနှင့် တရားမျှတမှု၊ ခေတ်သစ် လူမှုအဖွဲ့အစည်းအတွင်း ဆရာများ၏ ပြောင်းလဲလာသော တာဝန်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပညာရေးစိန်ခေါ်မှုများနှင့် လားရာများ ပါဝင်သည်။ ပါဝင်သူများသည် နိုင်ငံတကာ ပညာရေးစနစ်များ တိုးတက်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကိုလည်း ဆွေးနွေး မည်ဖြစ်သည်။

ကမ္ဘာ့ပညာရေးစနစ်များ အလျင်အမြန် ပြောင်းလဲနေသည့် လက်ရှိအချိန် တွင် အဆိုပါဖိုရမ်သည် ပူးပေါင်းဆောင်ရွက်ရေး၊ အတွေ့အကြုံ မျှဝေရေး နှင့် အနာဂတ်ဗျူဟာများအတွက် အထောက်အကူပြု ပလက်ဖောင်း တစ်ခုလည်းဖြစ်သည်။

ဖိုရမ်သို့ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ရုရှားသမ္မတ ဗလာ ဒီမာ ပူတင် က “ခေတ်မီပြီး အရည်အသွေးပြည့်ဝသော ပညာရေးကို လက်လှမ်းမီစေရန် အာမခံခြင်းသည် ဤဖိုရမ်တွင် ပါဝင်သူအားလုံး၏ အဓိက ရည်မှန်းချက်ဖြစ်သည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“ဤသည်မှာ လူမှုတရားမျှတမှု၊ ဆင်းရဲမွဲတေမှုနှင့် မညီမျှမှုများ လျော့ကျ စေရန်နှင့် မိမိတို့နိုင်ငံများရှိ လူနေမှုအဆင့်အတန်း မြှင့်တင်ရန် အခြေခံ အချက်တစ်ခုဖြစ်သည်” ဟု ၎င်းက ဆိုသည်။

ပညာရေးသမိုင်း၏ အရေးပါမှုအပေါ် ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ် က အဆိုပါဖိုရမ်သည် ဒုတိယကမ္ဘာစစ် အောင်ပွဲ ၏ ၈၀ နှစ်မြောက် နှစ်ပတ်လည်တွင် ကျင်းပခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ သည်။

“ဆရာများသည် စစ်အတွင်း အခက်ခဲဆုံးအခြေအနေများတွင် မိမိတာ ဝန်များကို ဆက်လက်ထမ်းဆောင်ကာ ဇွဲလုံ့လနှင့် သတ္တိရှိမှုကို စံနမူနာ ပြခဲ့ပြီး ထိုအောင်ပွဲတွင် အရေးပါသော ပံ့ပိုးမှုများ ပြုခဲ့ကြသည်” ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လဗရော့ဗ် က ပြောကြားခဲ့သည်။

ဖိုရမ်၏ ဒေသဆိုင်ရာ အရေးပါမှု အကြောင်း ဖွင့်ပွဲအစီအစဉ်ကို ဦးဆောင် ခဲ့သော ရုရှားပညာရေးဝန်ကြီး ဆာဂျီ ခရက်ဗ်ဆော့ဗ် က “မတရားသော ဖိအားများကြားတွင် ရုရှား၏ ပညာရေးစနစ်သည် ပိုမိုအားကောင်း လာဆဲဖြစ်သည်” ဟု ထောက်ပြခဲ့ပြီး နိုင်ငံတကာမှ ဧည့်သည်များအား ရုရှား၏ အတွေ့အကြုံများကို မျှဝေရန် အဆင်သင့်ရှိကြောင်း ဖော်ပြ ခဲ့သည်။

သမ္မတ၏ အကြံပေးအရာရှိ ဗလာဒီမာ မက်ဒင်စကီး က ပညာရေးနှင့် အမျိုးသားအချုပ်အခြာအာဏာအကြား ဆက်နွှယ်မှုကို ထောက်ပြလျက် “ကျောင်းပညာရေးအရည်အသွေးသည် ကလေးများကို အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ လွတ်လပ်သော နိုင်ငံသားများအဖြစ် ကြီးပြင်းလာစေရန် အထောက်အကူပြုနိုင်သလို၊ အခြားနိုင်ငံများမှ သင်ယူလာသော အသိပညာများဖြင့် ၎င်းတို့၏ စိတ်များကို ပုံသွင်းခံရစေနိုင်သည်” ဟု သတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အစဉ်အမြဲ ပံ့ပိုးကူညီမှုများပေး ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက “ပညာရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းမှုဆိုင်ရာ အတွေ့အကြုံများကို လေ့လာသင်ယူရန်နှင့် အခြားနိုင်ငံများမှ ဝန်ကြီးဌာနများ၏ ကိုယ်စားလှယ် များနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန် မျှော်လင့်ထားကြောင်း” ဆိုသည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၏ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဇဲလ်ဂျီကာ စတိုဂျီစစ်ချ် ကလည်း “ပညာရေးစနစ် ထိရောက်စွာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြားနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ယူ နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်” အဖြစ် အဆိုပါဖိုရမ်ကို ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

ကိုးကာ- RT

ပိန္နဲစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန္နဲသီးသည် အသီးကိုစားသုံးရ၍သကဲ့သို့ ၎င်းတွင်ပါဝင်သော အစေ့ကိုပါ ချက်ပြုတ်စားသောက်၍ရသော အစေ့အဆန်တစ်မျိုးဖြစ်သည်။

ပိန္နဲစေ့တွင် ဗီတာမင်ဘီနှင့် အခြားအကျိုးပြုဓာတ်များ များစွာပါဝင်ပြီး ပုံမှန်စားပေးမည်ဆိုပါက ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာရှိသည်။ ပိန္နဲစေ့သည် အသားအရေကို အထောက်အကူပြုပြီး အရေးအကြောင်း များကိုလည်း သက်သာစေသည်။ မျက်နှာအသားအရည် ထိန်းသိမ်းရန်အတွက် ပိန္နဲစေ့ကို အသုံးပြုနည်းမှာ ပိန္နဲစေ့အနည်းငယ်ကို နို့အေးထဲတွင် မိနစ်အနည်းငယ်စိမ်၍ ကြိတ်ချေပြီး ရလာသည့်အနှစ်ကို မျက်နှာတွင် လိမ်းပေးရမည်။ ထို့နောက် မျက်နှာပြင်ခြောက်သွေ့သည်အထိထားပြီး ရေနွေးနွေးလေးဖြင့် မျက်နှာသစ် လိုက်လျှင် နှစ်ပတ်အတွင်း မျက်နှာအသားအရည် ကြည်လင်ဝင်းပလာမည်ဖြစ်သည်။ ထို့ပြင် တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်များကိုလည်း သက်သာပျောက်ကင်းစေသည်။ ပရိုတင်းနှင့် အခြားအာဟာရဓာတ်များ ကလည်း အရေပြားပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပြီး ကြွက်သားများကိုလည်း သန်မာစေသည်။

ပိန္နဲစေ့ကို တိုက်ရိုက်စားပေးလျှင် ဖိုက်ဘာကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး သံဓာတ် ပါဝင် သဖြင့် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ အိပ်စက်ရန်ခက်ခဲသူများအတွက် ပိန္နဲစေ့လှော်ကို စားသုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းလည်း ရှိသည်။ ပိန္နဲစေ့တွင် ဗီတာမင်အေ ပါဝင်ပြီး အမြင်အာရုံများကို သဘာဝအတိုင်း ကာကွယ်ထိန်းသိမ်း ပေးသည့် အစားအစာတစ်မျိုးဖြစ်သည်။ ပိန္နဲစေ့ကို နေလှန်းအခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်စားသုံး ပေးပါက အစာကြေစေပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပျောက်ကင်းစေပါသည်။ ပိန္နဲစေ့တွင် “ဖိုင်တိုနူးတြိရင့်” များစွာပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်။

ပိန္နဲစေ့တွင် ဟေမိုဂလိုဘင်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် သံဓာတ်ပမာဏ များစွာပါဝင်သောကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီး သွေးနှင့်ပတ်သက်သည့် ရောဂါဝေဒနာအများစုကို ကာကွယ်ပေးနိုင်သည်။ သံဓာတ်က သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကိုတိုးမြင့်စေသောကြောင့် ကိုယ်ခံအားကောင်းစေသည်။ ထို့ပြင် ပိန္နဲစေ့တွင်ပါဝင်သည့် မဂ္ဂနိစ်က သွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်သည်ဟု သိရသည်။ ပိန္နဲစေ့တွင်ဗီတာမင် အေ ပါဝင်မှုကြောင့် ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးသည့်အပြင် ပရိုတင်း ဓာတ်များကလည်း ဆံသားကျန်းမာရေးကိုအားဖြည့်ပေးနိုင်သည်။ သံဓာတ်ပါဝင်မှုကြောင့် ဦးရေပြားတွင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်အတွက် ပို၍ အကျိုးပြုစေနိုင်သည်။ 

ထို့ကြောင့် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်နှင့် အာဟာရဓာတ်များ များစွာပါဝင်သည့် ပိန္နဲစေ့ကို ပိန္နဲသီးစားပြီးလျှင် လွှင့်မပစ်ဘဲ ဟင်းချက်၍သော်လည်းကောင်း ကြော်/ လှော်/ အမှုန့်ကြိတ်၍ သော်လည်းကောင်း စသည်ဖြင့် နည်းမျိုးစုံဖြင့် အသုံးပြုနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ကိုးကား -  Myfood Myanmar

mushroom

ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း  ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည

ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း  ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည့်၍ ရွေးချယ်ဝယ်ယူလာခြင်းစသော Customer Behaviorsများ ပြောင်းလဲလာသကဲ့သို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင်လည်း Sanitary and Phytosanitary (SPS) Measurement ဆိုင်ရာသတ်မှတ်ချက်များ နှင့်ကိုက်ညီမှသာ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေသည်ကို လုပ်ငန်းရှင်များအားလုံး သတိပြုမိလာကြသည်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသည်းကင်ဆာဖြစ်စေနိုင်သော Aflatoxin မှိုဆိပ်အကြောင်းကို လူအများသတိပြုစိုးရိမ်လာကြပြီး ၎င်းမှိုဆိပ်ပါဝင်နိုင်သော အစားအစာများ (မြေပဲနှင့် မြေပဲဆီ၊ ငရုတ်သီးခြောက်)ကို ဝယ်ယူစားသုံးရာတွင် သတိပြုဆင်ခြင်၍ Aflatoxin မှိုဆိပ်ပါဝင်မှုကို သတ်မှတ်ထိန်းချုပ်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ လာကြသကဲ့သို့ လုပ်ငန်းရှင်များမှလည်း Aflatoxin မှိုဆိပ်ပါဝင်မှုနည်းသော ကုန်ကြမ်းများကို ရွေးချယ်ဝယ်ယူ၍ မိမိထုတ်ကုန်များတွင် ၎င်းမှိုဆိပ်ပါဝင်မှုကိုနည်းနိုင်သမျှ လျော့နည်းအောင် စိစစ်ဝယ်ယူလာကြသည်ကို  တွေ့ရှိလာရပါသည်။ အဆိုပါ  Aflatoxin မှိုဆိပ်ပါဝင်သော အစားအစာကို စားသုံးမိပါက ချက်ချင်းလက်ငင်းတွင် သိသာသောရောဂါ လက္ခဏာမပြသော်လည်း ကာလာကြာရှည်စွာ စားသုံးမိပါက နာတာရှည်ရောဂါနှင့် အသည်းတစ်သျှူးဆဲလ်များကို ထိခိုက်မှုဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်စေနိုင်ကြောင်းကို အများပြည်သူများ သိရှိပြီးဖြစ်သည်။ ကုန်ချောထုတ်လုပ်ရာတွင် မည်မျှစနစ်တကျ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေကာမူ ကုန်ကြမ်းဝယ်ယူသည့် လမ်းကြောင်းတစ်လျှာက် အမှားအယွင်းတစ်ခုခုကြောင့်သော်လည်းကောင်း၊ ကုန်ကြမ်းများ ထားသိုသိမ်းဆည်းမှုစနစ် မမှန်ကန်ခြင်းကြောင့်သော်လည်းကောင်း ကုန်ကြမ်းများတွင် မှိုရောဂါပိုးများကျရောက်ခြင်းကြောင့် ကုန်ကြမ်းအရည်အသွေးကျဆင်းပြီး မှိုဆိပ်များကုန်ချောထိ ပါဝင်နိုင်သဖြင့် အရည်အသွေးကောင်းမွန်ပြည့်ဝသော ကုန်ချောကိုရနိုင်မည် မဟုတ်ပါ။ ကုန်ကြမ်းကောင်းမှသာ ကုန်ချောကောင်းကိုရရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

      မှိုများသည် စိုစွတ်သောမြေဆီလွှာနှင့် ပုတ်သိုးဆွေးမြေ့နေသော ဟင်းသီးဟင်းရွက် အသီးအနှံများတွင် ပေါက်ပွားလေ့ရှိကြသည်။ ၎င်းမှိုမျိုးပေါင်းများစွာထဲမှ Aflatoxin မှိုဆိပ်ထုတ်ပေးသည့် မှိုမျိုးစိတ်များသည် ပြောင်းနှင့် အခြားသောသီးနှံ( မြေပဲ၊နှမ်း၊ ငရုတ်၊ ပဲမျိုးစုံ၊ ဂျုံ၊ ပီလောပီနံ၊ အခွံမာသီးစသည့်)များ ရိတ်သိမ်းချိန်၊ သိုလှောင်မှုပြုချိန် (သို့မဟုတ်) အခြားသောထုတ်လုပ်မှုအတွက် ပြင်ဆင်ချိန်အတွင်းမှာပင် ပေါက်ပွားနိုင်ပြီး ထုတ်ကုန်ပစ္စည်းများကို ညစ်ညမ်းမှုဖြစ်စေရုံသာမက ပျက်စီးဆုံရှုံးမှုကိုပါဖြစ်စေပါသည်။

          Aflatoxin မှိုဆိပ်ကို အဏုဇီဝမှိုအမျိုးအစားဖြစ်သော Aspergillus Flavus  နှင့် Aspargillus Parasiticus မှိုမျိုးစိပ် (၂)မျိုးမှ ထုတ်ပေးပြီး ၎င်းမှိုမျိုးစိပ်များသည် မြန်မာနိုင်ငံကဲ့သို့ ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် ကမ္ဘာ့နိုင်ငံများတွင် တွေ့ရှိနိုင်သည်။ Aflatoxin မှိုဆိပ်ကို အစေ့ထုတ် ပြောင်း၊ မြေပဲနှင့် မြေပဲဖတ်တွင် အများဆုံး၊ နှမ်းဖတ်၊ ငရုတ်သီးခြောက်၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ အုန်းဆံခြောက်၊ တိရိစ္ဆာန်အစာ၊ ဝါစေ့၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဒုတိယအများဆုံး၊ ပဲမျိုးစုံနှင့် အခွံမာသီး၊ ပီလောပီနံ၊ ဟင်းခက် အမွှေးအကြိုင်များ စသည်တို့တွင်လည်းတွေ့ရှိရသည်။ Aflatoxin မှိုဆိပ်တွေ့ရှိမှုသည် နိုင်ငံရေမြေ သဘာဝအရလည်းကောင်း၊ ရာသီဥတုအခြေအနေအရလည်းကောင်း၊ သီးနှံစိုက်ပျိုး ရိတ်သိမ်းမှုစနစ်နှင့် ထားသိုသိမ်းဆည်းမှုစနစ်အရလည်းကောင်း ပါဝင်မှုပမာဏ ကွဲပြားမှုများ ရှိနိုင်ပါသည်။ သီးနှံများရိတ်သိမ်းချိန် မတိုင်မီတွင်လည်းကောင်း၊ ရိတ်သိမ်းချိန်ကာလ အတွင်းတွင်လည်းကောင်း သီးနှံများအပေါ် မှိုများပေါက်ပွားမှုကြောင့် Aflatoxin မှိုဆိပ်ဖြစ်ရခြင်း ဖြစ်သည်။ Aflatoxin မှိုဆိပ်ကို ယေဘူယျအားဖြင့်  B1, B2, G1, G2, M1 နှင့်   M2 ဟူ၍ (၆) မျိုးခွဲခြားနိုင်သည်။                                   

အဆိုပါ မှိုဆိပ်(၆)မျိုးအနက် B1 နှင့် G1တို့သည် အဆိပ်အပြင်းဆုံးမှိုဆိပ်များဟု ပညာရှင်များကဆိုကြသည်။ Aspergillus Flavus မှိုမျိုးစိတ်မှ B1 နှင့် B2 ကိုထုတ်ပေးပြီး Aspargillus Parasiticus မှိုမျိုးစိတ်သည် B1၊ B2၊ G1 နှင့်G2 (၄)မျိုးကို ထုတ်ပေးနိုင်ပြီး   M1 နှင့်  M2 တို့မှာ B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစာ ကို ကျွဲ၊ နွားများမှ စားသုံးမိပြီး ၎င်းခန္ဓာကိုယ်အတွင်း ဓာတုပြောင်းလဲမှုဖြစ်ပြီး  M1နှင့် M2 အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။ M ဆိုသည်မှာ နွားနို့ (Milk)ဟူသော စကားလုံးမှ အရှေ့စကားလုံးကို အစွဲပြုထားခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။ Aflatoxin B1၊ B2၊ G1 နှင့် G2 တို့ကို သီးနှံများနှင့်တိရိစ္ဆာန်အစာတို့တွင် တွေ့ရပြီး M1နှင့်M2 သည် Aflatoxin B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစားအစာ(ပဲဖတ်၊နှမ်းဖတ်)ကို စားသုံးမိခြင်းဖြင့် ကျွဲ၊ နွားများ၏ ခန္ဓာကိုယ် အတွင်းသို့ မှိုဆိပ်ဝင်ရောက်ပြီး မကြေပျက်နိုင်ပဲ လူတို့စားသုံးသည့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရနိုင်ပါသည်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ပူအိုက်စွတ်စိုသည့် နိုင်ငံများ ဖြစ်သဖြင့်သီးနှံများ သိုလှောင်ရာတွင်လည်းကောင်း၊ အခြောက်ခံ နေလှန်းရာတွင် လည်းကောင်း၊ Aspergillus Flavus မှိုများ ကျရောက်နိုင်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။ မှိုမျိုးစိတ်များပေါက်ပွားရန် အစိုဓါတ်၊ အပူချိန်၊ အလင်းရောင်၊ အစာအဟာရ၊ လေထုစိုထိုင်းဆ စသည်တို့ရှိရန် လိုအပ်ပါသည်။ ၎င်းလိုအပ်ချက်များထဲမှ တစ်ခုခုကို ဖယ်ရှားနိုင်ပါက မှိုများပေါက်ပွားနိုင်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ ယေဘူယျအားဖြင့် အစိုဓါတ်လုံလောက်စွာ ဖယ်ထုတ်ခြင်းနှင့် လေထုစိုထိုင်းဆ ကို ၆၅% မှ ၇၀% အောက်ထားရှိပါက မှိုများမပေါက်ပွားနိုင်ပါ။ ပတ်ဝန်းကျင်စိုထိုင်းဆ ၈၅%၊ အပူချိန် ၂၅°C၊ အစိုဓါတ် ၈% ရှိနေချိန်တွင် Aflatoxin မှိုဆိပ်ထုတ်လုပ်ထွက်ရှိရန် အခြေအနေကောင်းများ ပင်ဖြစ်သည်။ ထိုကြောင့် သီးနှံများ သိုလှောင်ရာတွင် မှိုမပေါက်စေရန် အစိုဓါတ်ဖယ်ခြင်းနည်းလမ်းဖြစ်သော အခြောက်ခံခြင်းကို အသုံးပြုကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အစိုဓါတ်ဖယ်ရာတွင်လည်း သီးနှံအမျိုးအစားများအလိုက် အစိုဓါတ် ပါဝင်မှုကွဲပြားသောကြောင့် သိုလှောင်မည့်သီးနှံ၏ သဘောသဘာဝကို သိရှိရန် လိုအပ်ပြီး သိုလှောင်ရန်စိတ်ချရသော အစိုဓါတ် (သို့မဟုတ်) ၎င်းအစိုဓါတ်ထက်နည်းအောင် ဂရုပြု အခြောက်ခံပြီးမှ သိုလှောင်သင့်ပါသည်။ ဥပမာ- ပြောင်းဖူးစေ့တွင် အစိုဓါတ် ၁၃.၅%၊ မြေပဲတွင် ၇ -၈%၊ ဝါစေ့တွင် ၁၂.၀%၊ ပဲပုတ်တွင် ၉-၁၁%၊မြေပဲဖတ်တွင် ၁၃-၁၅% နှင့် အပူချိန် ၂၅ºC ဝန်းကျင်တွင် သိုလှောင်ပါက Aflatoxin မှိုဆိပ်ထုတ်ပေးသော မှိုများပေါက်ပွားနိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။  အစားအစာများတွင် မှိုကျရောက်ခြင်းသည် မလိုလားအပ်သော ပျက်ဆီးဆုံးရှုံးမှုများဖြစ်နိုင်ပြီး များပြားလှသော မှိုမျိုးစိတ်များမှာ သဘာဝအားဖြင့် မှိုဆိပ်ကိုထုတ်လုပ်နိုင်သဖြင့် မှိုကျရောက်ထားသော အစားအစာများကို စားသုံးမိသော လူနှင့်တိရိစ္ဆာန်များကို ဘေးဥပဒ်ဖြစ်ရန် အလားအလာ ရှိနေပါသည်။ အရွယ်ရောက်ပြီးသူတို့သည် Aflatoxin မှိုဆိပ်(Low Level)ကို ခံနိုင်ရည်ရှိသော်လည်း ၎င်းမှိုဆိပ်ပါသော အစားအစာကိုစားသုံးမိသော ကလေးငယ်များ သည် ကြီးထွားမှု မမှန်ကန်ခြင်းနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်ပြီး Aflatoxin မှိုဆိပ်သင့်မှု (High-Level)များလာပါက နာတာရှည်ရောဂါနှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပါသည်။ Aflatoxin မှိုဆိပ်ပါသော တိရိစ္ဆာန်အစာများကို ဥစားကြက်များအား ကျွေးမိသဖြင့် ကြက်များဥ ဥနှုန်းကျဆင်းခြင်းစသည့် သိသာသော ဆိုးကျိုးများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ မည့်သည့်တိရိစ္ဆာန်မှ Aflatoxin မှိုဆိပ်ကို ခုခံနိုင်စွမ်း မရှိသေးကြောင်း လေ့လာသိရှိရပါသည်။

ယခုအခါ လယ်ယာထွက်ကုန်သီးနှံများကို ကုန်သွယ်မှုပြုလုပ်ရာတွင် Aflatoxin ပါဝင်မှုကို စစ်ဆေးပြီး ဝယ်ယူသည့်နိုင်ငံအလိုက်သတ်မှတ်ထားသော သတ်မှတ်ချက်အတွင်းရှိမှသာ ရောင်းဝယ်မှုပြုကြကြောင်းနှင့် သတ်မှတ်ချက်ထက်ကျော်လွန်ပါက တင်ပို့သည့် နိုင်ငံသို့ ပြန်လည်ပေးပို့ခြင်း ပြုလုပ်လာကြောင်း တွေ့ရှိလာရပါသည်။ လယ်ယာထွက်ကုန် သီးနှံများမှာ စိုက်ကွင်း၌ဖြစ်စေ၊ သိုလှောင်ရုံ၌ဖြစ်စေ မှိုပေါက်ပွား ဖြစ်ပေါ်နိုင်ပါသည်။ သီးနှံများပေါ်တွင် ကျရောက်သော မှိုကိုအဓိကအားဖြင့် စိုက်ကွင်းမှိုနှင့် သိုလှောင်ရုံမှိုဟူ၍ (၂)မျိုး ခွဲခြားထားပါသည်။ စိုက်ကွင်းမှိုများမှာ သီးနှံများမရိတ်သိမ်းမီ ကျရောက်တတ်ပါသည်။ ယင်းမှိုပေါက်ပွားရန် အစိုဓါတ် ၂၂% မှ ၂၅% ထိလိုအပ်ပြီး သီးနှံများ အခြောက်ခံစဉ်နှင့် သိုလှောင်ထားစဉ်တွင် ယင်းမှိုများ သေဆုံးပျက်စီးသွားပါသည်။ နိမ့်သော အစိုဓါတ်ရှိသည့် အခြေအနေတွင် ယင်းမှိုများ မရှင်သန်နိုင်ပါ။

သိုလှောင်ရုံမှိုများမှာ သီးနှံများရိတ်သိမ်းပြီးနောက် လယ်ကွင်းအတွင်း၌ ကြာရှည်စွာ သိုလှောင်ထားခြင်း၊ အခြောက်ခံခြင်းစနစ်မကောင်းမွန်ခြင်း၊ ကုန်သည်များ လက်တွင် ယာယီသိုလှောင်ရာ၌ စနစ်ကျမှုမရှိခြင်းတို့ကြောင့် ကျရောက်ရခြင်း ဖြစ်ပါသည်။ သီးနှံများတွင် မှိုများကျရောက်ခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများဖြစ်စေပြီး စားသုံးသူများအတွက်လည်း အန္တရာယ်ဖြစ်စေသည့်အတွက် WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ လူတို့စားသုံးသည့် အစားအစာများတွင် Aflatoxin မှိုဆိပ်ပါဝင်မှုကို 20 ppb နှင့် တိရိစ္ဆာန်အစာတွင် 55 ppb ထက်ပို၍ မပါဝင်သင့်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပါသည်။ Aflatoxin မှိုဆိပ်ပါဝင်မှုကို သာမန်မျက်စိဖြင့် မမြင်နိုင်သဖြင့် ပါဝင်မှုကိုသိရှိလိုပါက အဆင့်မြင့်ဓါတ်ခွဲခန်းတွင်သာ Thin Layer Chromatography(TLC)၊ High Pressure Liquid Chromatography(HPLC) စသည့် ခေတ်မီစက်ကိရိယာတို့ဖြင့်သာ တိကျမှန်ကန်စွာ စမ်းသပ်နိုင်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) လှည်းကူးရှိ ဓါတ်ခွဲခန်းတွင် High Pressure Liquid Chromatography (HPLC) စက်ဖြင့် Aflatoxin ပါဝင်မှုကိုစမ်းသပ် စစ်ဆေးပေးလျက်ရှိကြောင်း သိရှိရပါသည်။ Aflatoxin ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်နေပါကလည်း ဖယ်ရှားရန်ခက်ခဲလှသဖြင့်  သီးနှံများစိုက်ပျိုးရိတ်သိမ်းစဉ်တွင် မှိုမျိုးစိတ်များ မပေါက်ပွားနိုင်ရန် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်ကောင်းများ (Good Agricultural Pracitce - GAP) နှင့်အညီ စိုက်ပျိုးပြီး သီးနှံများအား ကောင်းစွာခြောက်သွေ့သည်အထိ စနစ်တကျ အခြောက်ခံပြီးမှသာ ရောင်းချသိုလှောင်သင့်ကြောင်းနှင့် သိုလှောင်ရာတွင်လည်း သီးနှံအတွက်လိုအပ်သော လေထုစိုထိုင်းဆ၊ လေဝင်လေထွက်စနစ်၊ အပူချိန်စသည်တို့ကို ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

သို့ဖြစ်ပါ၍ သီးနှံကုန်ကြမ်းများတွင် Aflatoxin မှိုဆိပ်မဖြစ်စေရန် သီးနှံမစိုက်ပျိုးမီ မြေကြီးကို ခြောက်သွေ့စေရန် အထပ်ထပ်ထွန်ယက်၍ မြေလှန်ခြင်းများပြုလုပ်ရပါမည်။ သီးနှံတစ်မျိုးတည်းကို တသမတ်တည်း တောက်လျောက်စိုက်ပျိုးခြင်းမျိုး ရှောင်ကျဉ်ရပါမည်။ သီးနှံများ တညီတညာတည်းရင့်မှည့်ပြီးမှသာ ဆွတ်ခူးရမည်။ ရင့်မှည့်သော ပဲစေ့များ ရိတ်သိမ်းရာတွင် သီးတောင့်အစအန၊ အညှာများစသည်တို့ကို ဖယ်ထုတ်သန့်စင်ပေးရမည်။ ရိတ်သိမ်းချိန် ကာလတွင် သီးနှံကိုထိခိုက်ပျက်စီးမှုနည်းပါးစေရန် ဂရုစိုက်ကိုင်တွယ်ရမည်။ ပိုးမွှားများ ကျရောက်ပြီး နောက်ဆက်တွဲ မှိုရောဂါများကျရောက်စေနိုင်သောကြောင့် အထူးဂရုစိုက်ရမည်။ မြေပဲအပါအဝင် ပဲမျိုးစုံကို ရိတ်သိမ်းခြွေလှေ့ပြီးစတွင် မြေမှုန်မြေသားများသည် သီးနှံတွင်ကပ်ညှိနိုင်၍ ယင်းမြေမှုန့်များနှင့်အတူ အဏုဇီဝ မှိုမျိုးစိတ်များ ပါလာနိုင်ပါသည်။ ထို့ကြောင့်သီးနှံများကို ကွင်းတလင်းများတွင် ကောင်းစွာခြောက်သွေ့စေရန် ရက်အတန်ကြာ နေလှန်းပါက အထူးကောင်းမွန်ပါသည်။ စိုထိုင်းဆများသောဒေသများတွင် သီးနှံများကို အခြောက်ခံစက်များဖြင့်အမြန်ခြောက်သွေ့စေခြင်းဖြင့် Aflatoxin မှိုဆိပ်ကျရောက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ခြောက်သွေ့ရာသီများတွင် သီးနှံကိုအပုံကြီးများပုံ၍ အခြောက်ခံရာတွင် အစိုဓါတ်များအောင်းပြီး မှိုဆိပ်များကျရောက်တတ်သဖြင့် အထူးဂရုစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ အစိုဓါတ်များသော သီးနှံများကို လေလုံပိတ်သိုလှောင်ရာတွင် ကောင်းစွာမခြောက်သွေ့ပါက အစိုဓါတ်ပြန်ပြီး မှိုကျရောက်နိုင်သောကြောင့် မှိုမပေါက် နိုင်စေရန် အစိုဓါတ်လုံလောက်အောင်ခြောက်သွေ့စေပြီးမှ သိုလှောင်သင့်ပါသည်။ သီးနှံပုံအတွင်းသို့ လေမှုတ်သွင်းခြင်း(Aeration)နည်းလမ်းသည်လည်း မှိုကျရောက်မှုကို ကာကွယ်ရာတွင် ထိရောက်သောနည်းစနစ်တစ်ရပ်ဖြစ်သဖြင့် ကျင့်သုံးပေးသင့်ပါသည်။ အထက်ဖော်ပြပါ နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် သီးနှံများတွင် မှိုကျရောက်မှုကို ကာကွယ်နိုင်ပြီး ၎င်းသီးနှံများမှ ထုတ်လုပ်သော စားသောက်ကုန်များနှင့် တိရိစ္ဆာန်အစားများတွင် မှိုဆိပ်များကင်းစင်ပြီး စားသုံးသူများလည်း  အန္တရာယ်ကင်းစေမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်များကို စေတနာရှေ့ထားကာ ဖော်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးရှိရှိ အသုံးချရမည့်စွမ်းအား

လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ နိုင်ငံသားများဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်း ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာမည်ဖြစ်ရာ နိုင်ငံအနာဂတ်ကောင်းမွန်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက လ

လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ နိုင်ငံသားများဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်း ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာမည်ဖြစ်ရာ နိုင်ငံအနာဂတ်ကောင်းမွန်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ရာ ယင်းအခြေအနေသည် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်အင်အားများပြားခြင်း၊ သို့မဟုတ် လုပ်သားအင်အားများပြားခြင်းပင်ဖြစ်သည့်အလျောက် လူငယ်များ စွမ်းရည်မြင့်မားရေးနှင့် နိုင်ငံ၏လုပ်သားအင်အားများကို ထိရောက်စွာအသုံးချနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ယင်းမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့်အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျား-မ ညီမျှမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေးဟူသော ကဏ္ဍ ၁၆ ခုဖြင့် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းထားရှိပြီး လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမို၍ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ကျောင်းသားကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုး ရှိစွာ အသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀၀ တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထိုနည်းတူစွာပင် တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို သင်တန်းစခန်း ၁၅ ခုတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀၄ ဦးတို့အား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် နွေရာသီ လူငယ်ကင်းထောက်သင်တန်းများနှင့် အခြားသောအသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းအမျိုးမျိုးတို့တွင်လည်း လေ့ကျင့် သင်ကြားလျက်ရှိကြသည်။

သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ခဲ့ကြရသည့်ပညာရပ်များ မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့်အပြင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အတူ တကွ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ စည်းကမ်းလိုက်နာမှု ကောင်းမွန်လာခြင်း၊ အမိန့်နာခံတတ်ခြင်းစသည့် အရည်အသွေးကောင်းများ ပိုင်ဆိုင်လာမည်ဖြစ်ရာ စွမ်းရည်မြင့်မားသော လူငယ်များ၏ စွမ်းပကားကို နိုင်ငံတည်ဆောက်ရေးအတွက် အဟောသိကံ မဖြစ်ရလေအောင် အကျိုးရှိရှိအသုံးချသွားရပါမည့်အကြောင်း။ ။

Source: www.moi.gov.mm

ကြက်သားအလွန်အကျွံစားသုံးမှုနှင့် ကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်မှု

အီတလီနိုင်ငံမှ လေ့လာချက်အရ တစ်ပတ်လျှင် ကြက်သား ၃၀၀ ဂရမ်ထက် ပိုစားသူများသည် ကြက်သား ၁၀၀ ဂရမ်အောက် စားသူများနှင့် နှိုင်းယှဉ်ပါကသေဆုံးနိုင်ခြေ ၂၇% ပိုများပြီး အစာခြေလမ်းကြောင်း ကင်ဆာ ဖြစ်နိုင်ခြေ ၂.၂၇ ဆ အထိ မြင့်တက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီတွင် အီတလီ အမျိုးသား အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာဌာန (Italian National Institute of Gastroenterology) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ကြက်သား အလွန်အကျွံ စားသုံးမှု သည် သေဆုံးနိုင်ခြေနှင့် အစာခြေလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်ဟု သိရှိ ရသည်။ တစ်ပတ်လျှင် ၃၀၀ ဂရမ်ကျော် (ကြက်ရင်ပုံသား ၃-၄ ချပ်ခန့်) စားသုံးပါက အန္တရာယ်ရှိသော အဆင့် အဖြစ်သတ်မှတ်သည်။

ယခင်အချိန်က ကြက်သားကို အနီရောင်အသား (အမဲသား၊ ဝက်သား) နှင့် ပြုပြင်ထားသော အသားများ (ဥပမာ ဝက်ပေါင်ခြောက်) ထက် ပိုမိုကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာအဖြစ် သတ်မှတ်ခဲ့ကြသည်။

၂၀၁၅ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကင်ဆာဆိုင်ရာသုတေသနဌာန (IARC) က အနီရောင်အသားကို “ဖြစ်နိုင်ခြေရှိသော ကင်ဆာဖြစ်စေသည့်အရာ” (Group 2A) အဖြစ် သတ်မှတ်ခဲ့သော်လည်း ကြက်သားကို အန္တရာယ်ရှိသည့်စာရင်းတွင် မထည့်သွင်းခဲ့ပါ။ သုတေသနအသစ်များက ကြက်သား အလွန်အကျွံစားသုံးမှုသည်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ညွှန်ပြနေသည်။

အမေရိကန် အစာအာဟာရ လမ်းညွှန်ချက်များ အရ တစ်ပတ်လျှင် ၁-၃ ကြိမ် (တစ်ကြိမ်လျှင် ၁၀၀ ဂရမ်၊ ကြက်ရင်ပုံသား ၁ ချပ်ခန့်) စားသုံးသင့်သည်ဟု ဆိုသည်။ ကြက်သားတွင် ပရိုတင်းများစွာပါပြီး အဆီနည်း သော်လည်း အလွန်အကျွံစားပါက ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ ဖြစ်စေနိုင်သည်။

သုတေသနပညာရှင်များက ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများအဖြစ် ကြက်သားချက်ပြုတ်ရာတွင် ထွက်ပေါ်လာသောဓာတုဒြပ်ပေါင်းများက ကင်ဆာဖြစ်စေနိုင်သည့် ဇီဝဖြစ်စဉ်များကို အားပေးနိုင်သည်ဟု ဆိုသည်။ အရေခွံနှင့်အတူ ကြက်သားကိုစားပါက ကိုလက်စထရောနှင့် ပြည့်ဝဆီများ ပိုမိုရရှိနိုင်သည်။ အချို့သောကြက်မွေးမြူရေးလုပ်ငန်းများတွင် ပိုးသတ်ဆေး၊ ဟော်မုန်းများ အသုံးပြုမှုကြောင့် ကြက်သားတွင် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်။

ကြက်သားစားသုံးရာတွင် တစ်ပတ်လျှင် ၃၀၀ ဂရမ်ထက် မပိုစားပါနှင့်။ ကြော်ခြင်းထက် ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ မီးကင်ခြင်းကို ဦးစားပေးပါ။ ဟော်မုန်းနှင့် ပိုးသတ်ဆေးများ မသုံးထားသော ကြက်သားမျိုးကို ရွေးဝယ်ပါ။ ကြက်သားအစား ငါး (ဆယ်လ်မွန်၊ တူနာ) ၊ ပဲအမျိုးမျိုး (ပဲနီလေး၊ တိုဖူး)၊ ဥများ၊ နို့ထွက်ပစ္စည်း များ (ဒိန်ချဉ်၊ ချိစ်)တို့ကို ပရိုတင်းရရှိရန် စားသုံးနိုင်ပါသည်။ 

ကြက်သားကို သင့်တင့်မျှတစွာစားသုံးပါက ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း အလွန်အကျွံစားသုံးပါက ကင်ဆာအန္တရာယ်နှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ကြောင်း သုတေသနများက သတိပေးထားပါသည်။

“အစားအစာဆိုသည်မှာ ဆေးဖြစ်သကဲ့သို့ အဆိပ်လည်းဖြစ်နိုင်သည်၊ ပမာဏနှင့် စားသောက်မှုပုံစံက အရေးကြီးဆုံးဖြစ်သည်။”

ကိုးကား-VN Express

Photo: Free Press Journal

ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံများ

ကွမ်းယာစားခြင်း၊ဝါးခြင်းသည် ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆေးဝါးအဖြစ်သော်လည်းကောင်း၊ ခံတွင်းချဉ် ခြင်းကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားများသာမက အမျိုးသမီးများပါ စားသုံးလာကြသော ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ကွမ်းယာကို နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့် စားသုံးလျက် ရှိသည်ကို တွေ့ရသည်။ သို့သော် ၎င်းတို့စားသုံးနေသော ကွမ်းရွက်သည် မည်မျှထိ ဆေးဖက်ဝင်သည်ကိုမူ လူတိုင်း မသိကြချေ။ ထို့ကြောင့် မိမိတို့စားသုံးနေကြသော ကွမ်းယာတွင်ပါဝင်သည့် ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံများကို ဖော်ပြ ပေးလိုက်ရပါသည်။

မျက်လုံးရေတိမ်ဖြစ်သူများ ကွမ်းရွက်ကို မျက်စိနှင့် နှာတံအကြား ကပ်‌ပေးခြင်းဖြင့် ရေတိမ်ကင်းဝေးပြီး မျက်မှန်လွတ်စေ နိုင်သည်။ နားလေး၊ နားထိုင်းခြင်း မဖြစ်စေရန် ကွမ်းရွက်ကို နားထဲသို့လိပ်ထည့်ထားခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်သည်။ ခေါင်းကိုက်၊ ခေါင်းမူးဝေဒနာများ ခံစားရပါက နားထင်တွင် ကွမ်းရွက်ကပ်ပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

သွားဖုံးနာခြင်း၊ ပါးစပ်ထဲတွင် အပူဖုများထွက်ခြင်းများအတွက် ကွမ်းရွက်ကပ်ခြင်း၊ ကွမ်းရွက်ငုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်ဖူးသူများ ထပ်မံ မဖြစ်ပွား‌စေရန် ရင်ဘတ် သို့မဟုတ် နှလုံးနေရာကို ကွမ်းရွက် ကပ်အိပ်ခြင်းဖြင့် သက်သာစေနိုင်သည်။ အဆုတ် မကောင်းသူများ၊ ချောင်းဆိုးသူများ ကွမ်းရွက်ကို ရင်ဘတ်၊ ကြောဘက်နှင့် အဆုတ်နေရာ နှစ်ဘက်စလုံးကို ကပ်ပေးခြင်းဖြင့် သက်သာစေသည်။ 

ရေချိုးမှား၍ ဖျားခြင်းအတွက် ကွမ်းရွက်ထဲ လျက်ဆားထည့်၍ ဝါးစားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။ မျက်နှာတွင် တင်းတိပ်၊ ဝက်ခြံများပျောက်ကင်းစေရန် ကွမ်းရွက်ကို မီးပြ၍ ကပ်ပေးခြင်း၊ ချေ၍လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေသည်။ အမျိုးသမီးများ သားအိမ်ကင်ဆာ ဖြစ်ပွားလျှင် သားအိမ်နားတစ်ဝိုက် ကွမ်းရွက် ကပ်ပေးခြင်းဖြင့် သက်သာစေသည်။ နို့တိုက်မိခင်များ နို့ချောင်းပိတ်၊ နို့ကျိတ်ရောင်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တစ်ခုခုတို့ဖြင့် သုတ်၍ ကွမ်းရွက် ကပ်ပေးလျှင် ပျောက်ကင်းစေသည်။

ကလေးငယ်များ နှာစေး၊ နှာပိတ်၊ အသက်ရှူကျပ်၍ အနေခက်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တစ်ခုခုဖြင့် သုတ်၍ ကွမ်းရွက် အလယ် အပေါက်ဖောက်ကာ ငယ်ထိပ်၌ ကပ်ပေးလျှင် ချက်ချင်း သက်သာပျောက်ကင်းစေသည်။ ကလေးငယ်များ ချောင်းဆိုးပါက ကွမ်းရွက်စိမ်း သတ္တုရည်တွင် ဆားအနည်းငယ်ထည့်၍ တစ်နေ့လျှင် ၁၀ စက်မှ အစက် ၃၀ ခန့်၊ အသက် အရွယ်ကိုလိုက်၍ တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေသည်။

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Photo: MOI

လူငယ်ဆေးလိပ်သမားများတွင် လေဖြတ်မှု ၂ ဆတိုးလာနေ

ဆေးလိပ်သောက်ခြင်းသည် အရွယ်ရောက်ပြီးလူငယ်များတွင် လေဖြတ်နိုင်ခြေ နှစ်ဆပိုများလာကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားပါသည်။ ဆေးလိပ်အလွန်အကျွံသောက်ခြင်းက လေဖြတ်နိုင်ခြေ ကို ပိုဆိုးစေပြီး နေ့စဉ် စီးကရက်တစ်ဘူးထက် ပိုသောက်သည့် လူငယ်များသည် နှစ်၂၀ကြာပြီးနောက် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ ၄ ဆ ပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု သုတေသီများက ဆိုပါသည်။ 

လေ့လာမှုအတွက် သုတေသီများသည် Cryptogenic Stroke ဟု ခေါ်သော လေဖြတ်ခြင်းတစ်မျိုးကို အထူးပြုလေ့လာခဲ့ပြီး အဆိုပါ ဖြစ်စဉ်များသည် သွေးစီးဆင်းမှုပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော်လည်း မည်သည့်အရာက ပိတ်ဆို့စေသည်ကို မသိရသေးဟု ဆိုသည်။

“ဆေးလိပ်သောက်ခြင်းသည် Ischemic Stroke နှင့်ဆက်စပ်နေသော်လည်း အထူးသဖြင့် အသက် ၅၀ နှစ်အောက် လူများအား ဆေးလိပ်သောက်ခြင်းက မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို မသိရပါ” ဟု သုတေသီများက ပြောကြားခဲ့ပါသည်။

သုတေသီများက အသက် ၁၈ နှစ်မှ ၄၉ နှစ်အကြား လေဖြတ်ခြင်းခံရသော လူပေါင်း ၅၄၆ ဦး၏ ဆေးမှတ်တမ်းများကို လေဖြတ်ခြင်း မရှိသောသူများနှင့် နှိင်းယှဉ်လေ့လာခဲ့ပြီး ဆေးလိပ်သောက်သူ ၃၃ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်မသောက်သူ ၁၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက မရှင်းပြနိုင်သော လေဖြတ်ခြင်းကို ခံစားခဲ့ရကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

လိင်အမျိုးအစား၊ အသက်အရွယ်နှင့် ဆေးလိပ်သောက်သုံးမှု များပြားခြင်းများက အရွယ်ရောက်ပြီးသူများအတွက် လေဖြတ်နိုင်ခြေပေါ်တွင် လွှမ်းမိုးနေသောအချက်များဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ ၃ ဆ နှင့် အသက် ၄၅ နှစ်မှ ၄၉ နှစ်ကြား ရှိသူများတွင် ဖြစ်နိုင်ခြေ ၅ ဆနီးပါးရှိသည်။ အနှစ် ၂၀ ပတ်လုံး တစ်နေ့လျှင် တစ်ဘူး ထက် ပိုသောက်သော အမျိုးသားများသည် လေဖြတ်နိုင်ခြေ ၇ ဆနီးပါး ရှိပြီး အသက် ၄၅နှစ် မှ ၄၉ နှစ် တွင် လေဖြတ်နိုင်ခြေ ၅ ဆ နီးပါး ရှိကြောင်း သုတေသီများက ဆိုသည်။ 

ခြုံငုံသုံးသပ်ချက်အရ တစ်နေ့လျှင် စီးကရက် ၁၁ လိပ် မှ ၂၀ အထိ ဆေးလိပ်သောက်သူများသည် လေဖြတ်နိုင်ခြေ ၆၄ % တိုးလာကာ တစ်နေ့လျှင် ဆေးလိပ်အလိပ်ရေ ၄၀ ကျော်သောက်သူများက ၎င်းတို့ထက် ၅ ဆကျော် လေဖြတ်နိုင်ခြေပိုများသည်ဟု လေ့လာတွေ့ရှိရကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မအူပင် မြို့နယ် ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်း ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပိုမိုကြိုးစားအားထုတ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကြိုးစားအားထုတ်ဆောင်ရွက်ရန် မှာကြားသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ဆက်လက်၍ ပန်းတနော် မြို့နယ်ကုသရေးဦးစီးဌာနမှူးက ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါကာကွယ်နှိမ်နင်းရေး)မှ ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို အသေးစိတ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းသို့ လှည့်လှည်ကြည့်ရှုကာ တာဝန်ကျဆရာဝန်များ၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများနှင့် တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။

 လှည့်လည်ကြည့်ရှုစစ်ဆေး

ယင်းနောက် ပန်းတနော်မြို့နယ်အတွင်း မြို့ကွက်သစ်အရှေ့ပိုင်းရပ်ကွက် (၁) နှင့် ဆက်စပ်ကျေးရွာများမှ ပြည်သူများကို တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် လေးခန်းတွဲလေးထပ်အဆောက်အအုံ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အားပေးစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆက်လက်ထွက်ခွာပြီး ပြည်သူ့ဆေးရုံကြီး မအူပင်မြို့မှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သောဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ ပြတ်လပ်မှုမရှိစေရေး ဖြည့်ဆည်းပေးရန်၊ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်တို့ကိုမှာကြားပြီး ဆေးရုံအတွင်း လှည့်လှည်ကြည့်ရှု၍ ဆေးရုံတက်ရောက် ကုသနေသောလူနာများကို အားပေးစကားပြောကြားသည်။

ပံ့ပိုးကူညီနိုင်ရေးမှာကြား

ညနေပိုင်းတွင် မအူပင်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သော လူအင်အားနှင့် စက်ပစ္စည်းကိရိယာများကို ဦးစီးဌာနမှ ပံ့ပိုးကူညီနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

Source: Myanmar National Portal