ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ
ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ကုန်များတွင်ပါ ထည့်သွင်းဖော်စပ်လာကြသည်။
ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် ဆံပင်ပေါက်မြန်စေပြီး သန်စွမ်း နက်မှောင်စေသည်။ ထို့ကြောင့် ဦးရေဖျားဆိုင်ရာထုတ်ကုန်များတွင် ထည့်သွင်းဖော်စပ်ထုတ်လုပ်လာကြခြင်း ဖြစ်သည်။ ထိခိုက်ရှနာများ၊ ဆီပူ/မီးပူဒဏ်ရာများရရှိသည့်အခါ ရှားစောင်းလက်ပပတ်ဂျယ် အနည်းငယ်ဖြင့် ပွတ်လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေသည်။ ထို့ပြင် ပါးစပ်အတွင်းရှိအနာများနှင့် နှုတ်ခမ်းကွဲခြင်းများကို ရှားစောင်းလက်ပတ်ဂျယ်အနည်းငယ် သုတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ရှားစောင်း လက်ပတ်တွင် အသားအရေကို ချေးချွတ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် မျက်နှာပေါ်ရှိ အရေး အကြောင်းများနှင့် အစက်အပျောက်များကို ပျောက်ကင်းစေပြီး အသားအရေချောမွတ်စေသည်။
ရှားစောင်းလက်ပတ်သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိသည်ဆိုသော်လည်း ရှားစောင်း လက်ပတ်နှင့် ဓာတ်မတည့်သူများအတွက် အသုံးမပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ ဆီးချိုရောဂါရှိနေသူများ သောက်သုံးမိပါက သွေးတွင်း သကြားဓာတ်ကိုလိုအပ်သည်ထက် သိသိသာသာ ကျဆင်းသွားစေနိုင်သည်။ ရှားစောင်းလက်ပတ်ဖျော်ရည် ကို ပညာရှင်များ အကြံပြုထားသည့် ပမာဏထက် ပိုမိုသောက်သုံးပါက ရေဓာတ်ခန်းခြောက် စေနိုင်သည့် အပြင် ဆီးအရောင်ကိုပါ ပြောင်းလဲသွားစေနိုင်သည်။ ထို့ပြင် ရှားစောင်းလက်ပတ်နှင့် ဖော်စပ်ထားသော ဝမ်းနှုတ်ဆေးများသည် ရေဓာတ်အများအပြား ဆုံးရှုံးစေနိုင်မည့်အပြင် အူလမ်းကြောင်း လုပ်ဆောင်ချက် များကို အဟန့်အတားဖြစ်စေသည်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို လိုအပ်သည်ထက်ပို၍ သောက်သုံး ပါက ခန္ဓာကိုယ်အတွင်းရှိ ပိုတက်စီယမ်ပမာဏကို လျော့နည်းစေနိုင်ပြီး ခေါင်းကိုက်စေနိုင်သည်။ ရှားစောင်း လက်ပတ်ဖျော်ရည်သည် ယားယံစေတတ်သောကြောင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ အကြောင်းမှာ သားအိမ်ကျုံ့ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် အစာအိမ်ရောဂါရှိသူများနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ လည်း ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးရန် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆိုသော် နာတာရှည်ရောဂါများအတွက် အသုံးပြုသော ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည်။ ရှားစောင်း လက်ပတ်ဂျယ်သည် အသားအရေအများစုတွင် အသုံးပြုရန်သင့်တော်သော်လည်း ဓာတ်မတည့်သူများ သုံးလျှင် မျက်လုံးနီခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အရေပြားတွင် လိမ်းခြယ်၍ဖြစ်စေ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ဖြစ်စေ မိမိတို့၏ ရောဂါဟောင်းများပေါ်တွင် ချင့်ချိန်၍သုံးစွဲသင့်ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။
ကိုးကား-Helloဆရာဝန်၊ OnDoctor ၊ Drmyanmar
ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
Photo: Pinterest

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရ
၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရာမလိုဘဲ ချက်ချင်းစုပ်ယူနိုင်သောကြောင့် အစာအိမ်ရောဂါသမားများ၊ သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျှော်သည်။ အိမ်ကြက်ဥဖြစ်စေ၊ မွေးမြူရေးကြက်ဥဖြစ်စေ အာဟာရတန်ဖိုးချင်းက အတူတူပင်ဖြစ်သည်။
၂။ လူအများစုက ကြက်ဥအနှစ်စားလျှင် ကိုလက်စထရော(အဆီဓာတ်)တက်သည်၊ နှလုံးသွေးကြောကျဉ်းသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ပြောကြားချက်အရ လူတစ်ဦးက တစ်နေ့လျှင် ကိုလက်စထရော ၃၀၀ မီလီဂရမ်အထိ စားနိုင်သည်ဟု ဆိုထားသည်။ ကြက်ဥတစ်လုံးတွင် ကိုလက်စထရော ၁၈၀ မှ ၂၀၀ မီလီဂရမ်ပါရှိသဖြင့် မွေးရာပါ ကိုလက်စထရောတက်သည့် ရောဂါရှိသူမှလွဲ၍ မည်သည့်ရောဂါသည်မဆို တစ်နေ့လျှင် ကြက်ဥတစ်လုံး စိတ်ချလက်ချ စားသုံးနိုင်ပါသည်။ တစ်နေ့လျှင်ကြက်ဥတစ်လုံးစားသုံးပေးရုံဖြင့် အယ်လ်ဇိုင်းမားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည့်ပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေသည်။ မျက်စိချို့ယွင်းခြင်းကို ကာကွယ်ပေးပြီး နေရောင်ခြည်တွင် ပါဝင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးနိုင်သည်။
၃။ ကြက်ဥတစ်လုံးတွင် ပရိုတိန်း ၆ ဂရမ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည်။ ထို့ကြောင့် ကလေးငယ်များကို အသက် ၆ လပြည့်သည်နှင့် ခန္ဓာကိုယ်ကြီးထွားပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ကြက်ဥကို နေ့စဉ်ကျွေးသင့်သည်။ အမျိုးသမီးများတွင် သွေးဆုံး ပြီးသည့်အခါ မဟော်မုန်းဓာတ် အီစထြိုဂျင် မထုတ်ပေးနိုင်တော့ပေ။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အရိုးပါးခြင်း၊ အရိုးပွခြင်းများ၊ ဖြစ်လာတတ်သည်။ ထို့ကြောင့် ကြက်ဥကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အရိုးများကို ပြန်လည်သန်စွမ်းပါသည်။
၄။ ကြက်ဥစားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိသည်ဆိုသော်လည်း ကြက်ဥစားသုံးရာတွင် သတိပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ကြက်ဥကို အစိမ်းသောက်ခြင်းက ချက်ပြုတ်စားသောက်ခြင်းထက် ပိုအားရှိသည်ဟု လူအများက လက်ခံထားကြသည်။ မှန်သင့်သလောက် မှန်သည်။ သို့သော် အစိမ်းသောက်သည့်အခါ ရောဂါပိုးမျာ ခန္ဓာကိုယ်ထဲသို့ ဝင်သွားနိုင်သည်။ ကြက်ဥအခွံပေါ်တွင် ကြက်၏ မစင်၊ အစာအဆိပ်သင့်စေနိုင်သည့်ပိုးများနှင့် အခြားရောဂါပိုးများ ရှိနေတတ်သည်။ ကြက်ဥကို ဝယ်လာပြီးလျှင် ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး သန့်ရှင်းသောနေရာတွင် သိမ်းဆည်းရန်လိုအပ်သည်။ ထို့ပြင် ယခုခေတ် မွေးမြူရေးကြက်များမွေးရာတွင် အချိန်မတန်ခင် ကြက်ဥဥရန် ဓာတုဗေဒဆေးဝါးများကို အသားတိုးစေရန် အသုံးပြုကြသောကြောင့် မလိုလားအပ်ဘဲ ရောဂါများဖြစ်စေနိုင်၍ သတိပြုစားသုံးရန် လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ

အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီး
အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီးဒန့်များက ဆဲလ် များ ပျက်စီးမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုများကို လျော့ချပေးသည်။
ဖရုံစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီး ကင်ဆာတို့ မဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်သည်။ ဖရုံစေ့တွင် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ နှလုံးရောဂါကို ကာကွယ် ပေးခြင်း၊ အရိုးများ ကျန်းမာကြံ့ခိုင်စေခြင်းနှင့် သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင် ပေးသည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ သွေးပေါင်ချိန် မှန်ကန် စေပြီး ကိုလက်စတောပမာဏကို ထိန်းညှိပေးသည်။ ဖရုံစေ့တွင် အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကိုလည်း ကာကွယ်ပေးသည်။
ဖရုံစေ့ကို လှော်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံး၍ရသော်လည်း မနက်စာ မစားမီ ရေစင် စင်ဆေးပြီး အစိမ်းအတိုင်းစားပေးလျှင် ပိုမိုထိရောက်မှု ရှိသည်။

ကင်ပွန်းချဉ်ပင်သည် အနွယ်တက်သည့် ချုံပင် တစ်မျိုး ဖြစ်ပြီး ကင်ပွန်းချဉ်ပင်မှ ထွက်သည့် အရွက်ရော အသီးပါ အလွန်ဆေးဖက်ဝင်သည်။ ကင်ပွန်းချဉ်ရွက် သည် ကျန်းမာရေးကောင်းသူများအတွက် အာဟာရ ဖြစ်စေပြီး မကျန်းမာသူ များအတွက်လည်း ဆေးဝါး ဓာတ်စာဖြစ်စေသည့် တန်ဖိုးနည်းဟင်းလျာဖြစ်သည်။ လွယ်ကူစွာချက်ပြုတ်စားသုံးနိုင်သည့် ဟင်းလျာ တစ်မျိုး ဖြစ်ပြီး ဟင်းရည်ချက်သောက်ခြင်း၊ အချဉ်ဟင်းချက် ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုလုပ်နိုင်သည်။

ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ် ချက်ပြုတ် စားသောက် နိုင်သကဲ့သို့ ဆေးဝါးအဖြစ်လည်း အစွမ်းထက်သည့် အရွက်ဖြစ်သည်။ အရွက်နုကို ငရုတ်ကောင်းအရည်တွင် စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသားဝါရောဂါ၊ သည်းခြေရောဂါ တို့ကို သက်သာစေသည်။ အရွက်နုကို ကြိတ်၍ အသည်းရောင်သည့်နေရာကို စိတ်ရှည်လက်ရှည် လိမ်းပေးပါက ရောဂါသက်သာစေသည်။ အရွက်နုကို ကြေညက်အောင်ထောင်း၊ တစ်ညသိပ်ပြီး သကြားအနည်းငယ်ထည့်၍ ရေကျက်အေးဖြင့် နေ့စဉ် မှန်မှန်သောက်ပေးလျှင် ရေဖျဉ်းရောဂါများ ပျောက်ကင်း စေသည်။
ကိုယ်ဖော၊ ကိုယ်ရောင်၊ အူရောင်၊ လေနာရောဂါ စသည် တို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်ပေးပါက ဝမ်းချုပ်၊ လေချုပ်ပျောက်ကင်း၍ ဝမ်းပျော့၊ ဝမ်းမှန်စေ သည်။ ဝမ်းဗိုက်တွင်း လေပွ၊ လေထ၊ လေနာ၊ လေအောင့်၊လေထိုး၊ လေစူးခြင်း တို့ကိုသက်သာစေသည်။
ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်စေသည်။ ဆီးအောင့်၊ ဆီးပူညောင်းကျ၊ ပန်းသေ၊ ပန်းညှိုး ရောဂါ များကိုလည်း သက်သာစေသည်။ သွေးသားကို သန့်စင် စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျို ကြည်လင်ကာ အဆီကျ ပေါ့ပါးစေသည်။ ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူများ အနေဖြင့် ကင်ပွန်းချဉ်ဟင်းရည်ကို အမြဲစားပေးသင့် သည်။
နှလုံးရောဂါရှိသူများအနေဖြင့်လည်း ကင်ပွန်းချဉ်ရွက် ၅ ကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျိုချက်၍ တစ်နေ့ ၃ ကြိမ်မှီဝဲသင့်သည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါရှိသူများနှင့် အူရောင်ရောဂါရှိသူများအတွက် ကင်ပွန်းချဉ်ရွက်ကို အချဉ်ဟင်း ချက်၍စား ပေးသင့် သည်။ နေမကောင်းသူများ၊ ခံတွင်းပျက်သူများကို ဆေးဝါးဓာတ်စာအဖြစ် စားသုံးစေနိုင်သည်။ ကင်ပွန်း ချဉ်ရွက်ဟင်းရည်သည် လူတိုင်းစားသုံး၍ သင့်တော်ပြီး ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကင်ပွန်းချဉ်ရွက်ကို အသား၊ငါး တစ်မျိုးမျိုးဖြင့်ရောနှော၍ ကြော်စားလျှင်ထမင်းမြိန်စေသည်။
ကင်ပွန်းချဉ်ရွက်သည် အထက်ဖော်ပြပါ ကျန်းမာရေး အတွက် ဆေးဖက်ဝင်အစွမ်းများရှိ သကဲ့သို့ ကင်ပွန်းသီး သည်လည်း လူတို့အတွက် များစွာအသုံးဝင်သော ဆေးဖက်ဝင်သော အသီး တစ်မျိုးဖြစ်ပေသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကပင် သဘာဝအတိုင်း ဆံသားထိန်းသိမ်းသည့်နေရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ကင်ပွန်းသီးတွင် ဆံသားကို နက်မှောင်သန်စွမ်းစေသည့် ဆာဖိုနင်ဓာတ် ပါဝင်သည်။ ထို့ပြင် ကင်ပွန်းသီးကို လောကီရေးရာတွင် ကံမြင့် ၊ကံတင့် စေရန်လည်း အသုံးပြုကြသေးသည်။ ပျူခေတ်က ဒွတ္တဘောင်မင်းကြီး ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေချိန်တွင် ကင်ပွန်းပင်အောက် ဝင်ရောက် နားခိုနေစဉ် မိုးသက်လေပြင်းကျရောက်သည့်အခါ ကင်ပွန်းပင် အားဖြတ်သန်း၍ စီးလာသောရေများသည် မင်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လေသည်။ ထိုအခါ ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေသောဒွတ္တဘောင်မင်းကြီးမှာ မျက်စိနှစ်ကွင်း အလင်းရခဲ့သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကံမြင့်၊ကံတင့်စေရန် မြန်မာနှစ်သစ်ကူး သင်္ကြန်အချိန်အခါများတွင် နှစ်သစ် ကို ကင်ပွန်းသီးခေါင်းလျှော်ရည်ဖြင့် ခေါင်းဆေး မင်္ဂလာ ပြုနေကြသည်မှာယနေ့တိုင်ဖြစ်သည်။
ကင်ပွန်းသီးသည် ဆံသားအတွက်သာမက ခန္ဓာကိုယ် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပေးသည်။ ဆပ်ပြာအစား ကင်ပွန်းသီးကို အသုံးပြု ပေးမည်ဆိုပါက အရေပြားကိုအေးမြ လန်းဆန်းစေ မည့်အပြင် ခြောက်သွေ့မှုကင်းဝေးပြီးနူးညံ့စေပါသည်။ ကင်ပွန်းသီးကို ဝက်ခြံများနှင့် ဆားဝက်ခြံများ သက်သာ စေရန်အတွက် အသုံးပြုနိုင်သည်။ မျက်နှာအသားအရေ ကိုလည်း ပိုမိုတောက်ပစေသည်။ ယခုအခါ ဈေးကွက် ထဲတွင် ကင်ပွန်းသီးဆပ်ပြာဟူ၍ပင် ထုတ်လုပ်ရောင်းချ သုံးစွဲနေကြပြီဖြစ်သည်။
ကင်ပွန်းသီးသည် အရေပြားနှင့် ဆံသားကျန်းမာရေးကို အကျိုးပြုသည်ဆိုသော်လည်း ကင်ပွန်းသီးနှင့် ဓါတ် မတည့်သူများအနေဖြင့် ကင်ပွန်းသီးကို အသုံးမပြု သင့်ပေ။ အထူးဂရုပြုရမည့် အချက်များမှာ ကင်ပွန်းသီး တွင် ပိုးမွှားများကိုသေစေနိုင်သည့် အစွမ်းရှိသောကြောင့် ဓာတ်မတည့်မှု ဖြစ်စေနိုင်သကဲ့သို့ မျက်ခွံရောင်ရမ်းခြင်း ကိုလည်း ဖြစ်စေနိုင်သည်။ ဝမ်းနူးလွယ်သူများအနေ ဖြင့်လည်း ကင်ပွန်းချဉ်ရွက်ဟင်းကို အမြဲတမ်းချက် စားရန် မသင့်လျော်ပေ။ မည်သို့ပင်ဖြစ်စေ ကင်ပွန်း ချဉ်ရွက်နှင့် ကင်ပွန်းသီးသည် လူတို့အတွက် ဆိုးကျိုး ထက်ကောင်းကျိုးကို ပိုမိုရရှိစေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
ကိုးကား - အင်တာနက်စာမျက်နှာများ
ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကင်ပွန်းချဉ်အကြောင်း ဆက်စပ် link များ https://www.moi.gov.mm/iprd/news/193806
https://sacministry.gov.mm/my/article/1782

အဝေးမှုန်ခြင်းဆိုသည်မှာ အမြင်အာရုံ ပြဿနာတစ်ခုဖြစ်သည်။ အဝေးမှုန်ခြင်းကြောင့် အနီးအနားရှိ အရာဝတ္ထုများကို ကောင်းမွန်စွာမြင်ရသော်လည်း အဝေးမှ အရာဝတ္ထုများကို တိကျပြတ်သားစွာ မမြင်ရဘဲ ဝါးတားတားဖြစ်ခြင်းများကို ခံစားရနိုင်သည်။ အဝေးမှုန်ခြင်းကြောင့် ခံစားရနိုင်သည့် လက္ခဏာများမှာ ခပ်ဝေးဝေးရှိအရာများကို သဲသဲကွဲကွဲ မမြင်ရခြင်း၊ မျက်လုံးများ ညောင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဝေးရှိအရာများကို အားစိုက်ကြည့်ရခြင်း၊ ခေါင်းကိုက်ခြင်းများကို ခံစားရ နိုင်သည်။

မျက်စိအဝေးမှုန်ခြင်းသည် အရွယ်မရွေး ဖြစ်စေနိုင်သည်။ အဝေးမှုန်စေနိုင်သည့် အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း အဝေးမှုန်ဖြစ်စေနိုင်သည်။ ဥပမာ မိဘနှစ်ပါးက အဝေးမှုန်သောကြောင့် ကလေးတွင် အဝေးမှုန်ဖြစ်စေနိုင်သည်။ အသက်အရွယ်အားဖြင့် အသက် ၆ နှစ် နှင့် ၁၄ နှစ်အကြားတွင် စတင်ဖြစ်ပေါ်နိုင်ပြီး အသက် ၂၀ အရွယ်တွင် ပိုမိုပြင်းထန်လာနိုင်သည်။ အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ မျက်လုံးအရွယ်အစား ပြောင်းလဲခြင်းကြောင့် မျက်စိမှန်ဘီလူးက ပုံရိပ်ဖမ်းခြင်း ပုံမှန် မလုပ်နိုင်သောကြောင့်ဖြစ်သည်။
အာရုံစိုက်ပြီး အနုစိတ်လုပ်ရသည့်အလုပ်များ ပြုလုပ်ခြင်းက အမြင်အာရုံကိုဝန်ပိစေပြီး အဝေးမှုန်ခြင်းမျိုး ဖြစ်စေနိုင်သည်။ အမြင်အာရုံကို ဝန်ပိစေသည့် အကြောင်းအရင်းများမှာ ကွန်ပျူတာကို အနီးကပ်ကြည့်ခြင်း၊ စာအုပ်ကို မျက်လုံးနှင့်ကပ်၍ဖတ်ခြင်း၊ အလင်းရောင် ကောင်းစွာမရသည့်နေရာတွင် စာဖတ်ခြင်း၊ ဖုန်းအသုံးပြုမှုများခြင်း စသည်တို့ပါဝင်သည်။
အဝေးမှုန်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်ရမည့် အချက်များမှာ အမြင်အာရုံကို ဝန်ပိစေသည့် အကြောင်းအရင်း များအပေါ် ဆင်ခြင်နေထိုင်သင့်ပါသည်။ မျက်စိယားယံခြင်း၊ မျက်ရိုးကိုက်ခြင်းများ ဖြစ်ပေါ်လာပါက မသန့်ရှင်းသော လက်ဖြင့်ပွတ်သပ်ခြင်း၊ မသန့်ရှင်းသော အဝတ်များဖြင့် သုတ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်းများကို မပြုလုပ်သင့်ပေ။ မျက်စိသန့်ရှင်းရေးပြုလုပ်ရာတွင် သန့်ရှင်းသောရေဖြင့်သာ ဆေးကြောသန့်ရှင်းသင့် သည့်အပြင် ကျွမ်းကျင်သည့် ဆရာဝန်များမှ ညွှန်ကြားသည့် မျက်စဉ်းဆေးရည်တို့ကိုသာ သုံးစွဲသင့်ပေသည်။ ထို့အပြင် လူအချို့သည် ကွန်ပျူတာဖြင့် အလုပ်လုပ်သည့်အခါ အားပါပြီးအနီးကပ်ကြည့်တတ်ကြသည်။ ထိုသို့ ကြည့်မိသည်ကို သတိထားမိပြီဆိုသည်နှင့် ချက်ချင်းခွာရမည်ဖြစ်သည်။ မျက်စိဆိုသည်မှာ ခန္ဓာကိုယ်၏ အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် အထူးဂရုစိုက်ပေးရန်လိုအပ်ပြီး ကျွမ်းကျင်သည့် မျက်စိအထူးကုဆရာဝန်များဖြင့် တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရေနွေးကြမ်းသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ပညာရှင်များ၏ လေ့လာမှုများအရ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ဆီးချိုဖြစ်ပွားခြင်း၊ သွေးတွင်းရှိ ကိုလက်စထရောကို ကျစေခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အရောင်ကျစေခြင်း၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးခြင်း၊ အင်ဆူလင်ထွက်ရှိမှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင
ရေနွေးကြမ်းသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ပညာရှင်များ၏ လေ့လာမှုများအရ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ဆီးချိုဖြစ်ပွားခြင်း၊ သွေးတွင်းရှိ ကိုလက်စထရောကို ကျစေခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အရောင်ကျစေခြင်း၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးခြင်း၊ အင်ဆူလင်ထွက်ရှိမှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။ ထို့ပြင် ရေနွေးကြမ်းသည် အစာအိမ်၊ အစာရေမြို၊ ခံတွင်း၊ ဆီးကျိတ်၊ အူမကြီး ကင်ဆာများဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု သိရသည်။
သို့သော် ရေနွေးကြမ်းသောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ပညာရှင်များက လေ့လာတွေ့ရှိထားပါသေးသည်။ ရေနွေးကြမ်းသည် သံဓာတ်စုပ်ယူမှုကို အားနည်းစေတတ်သောကြောင့် အစာစားချိန်နှင့် အနည်းဆုံး ၁ နာရီခန့်ခွာ၍ သောက်သုံးသင့်ပါသည်။ ကဖင်းဓာတ် ပါဝင်မှုနည်းသော်လည်း အလွန်အကျွံ သောက်သုံးမည်ဆိုပါက အလန်းလွန်ပြီး ဂနာမငြိမ်ဖြစ်တတ်ပါသည်။ ပဋိဇီဝသောက်ဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေးများ၏စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် သောက်ဆေးများနှင့် ခပ်ခွာခွာ သောက်သုံးသင့်ပါသည်။
အရွယ်ရောက်ပြီး လူကြီးတစ်ယောက်အနေဖြင့် တစ်ရက်လျှင် ရေနွေးကြမ်း ၃/၄ခွက် (၁လီတာ ဝန်းကျင်)ခန့် သောက်သုံးနိုင်ပါသည်။ သို့သော် မိမိကျန်းမာရေးအပေါ် မူတည်ပြီး ချင့်ချိန်၍ သောက်သုံးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ
ပေးပို့သူ-ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်ကာလ နီးကပ်လာပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်း အနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများ၌ အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါ
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်ကာလ နီးကပ်လာပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်း အနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများ၌ အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ခန့်မှန်းထားသည်။
ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ထွက်ပေါ်လာမည့် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် (၃၃) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများအတွက် ရွေးချယ်သွားမည်ဖြစ်ရာ အမှန်တကယ် အရည်အချင်းရှိသူများ၊ အားကစားနည်းအလိုက် စံနှုန်းကောင်းမွန်သူများ ထွက်ပေါ်လာရန် လိုအပ်သည်။ သို့မှသာ နိုင်ငံတကာပြိုင်ပွဲများ၌ ယှဉ်ပြိုင်သည့်အခါ အဆင့်မီမီ၊ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အမျိုးသား အားကစားပွဲတော်တွင် စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ပေးအပ်ခြင်းကဲ့သို့သော အားပေးချီးမြှင့်ခြင်းများလည်း ရရှိလာမည်ဖြစ်ရာ အားကစားသမားတိုင်းက မိမိတို့အားကစားနည်းအလိုက် ထူးချွန်အောင်၊ စံချိန်ကောင်းများရရှိအောင်၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများအထိ ယှဉ်ပြိုင်နိုင်အောင် အစွမ်းကုန်ပြင်ဆင် လေ့ကျင့်ကြရန်လိုသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါ၊ စည်စည်ကားကား၊ စံချိန်စံညွှန်းကောင်းကောင်း ကျင်းပနိုင်ရန် ဘက်စုံထောင့်စုံ ကြိုးပမ်းဆောင် ရွက်ကြရာတွင် အမျိုးသားအားကစားပွဲတော်ကြီးနှင့်တကွ ပြိုင်ပွဲတိုင်း၊ ပြိုင်ပွဲတိုင်းကို ပရိသတ်ပြည်သူများ စိတ်ပါဝင်စား အားပေးမှုမြင့်သထက်မြင့်မားလာစေရန်၊ အားကစားသမားတိုင်း၏ ပြိုင်ပွဲဝင်စိတ်ဓာတ် မြင့်သထက်မြင့်မားလာစေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုတင်လှုံ့ဆော်မှုများ ပြုလုပ်နိုင်ရန် လွန်စွာအရေးကြီးသည်။ အားကစားနည်းအလိုက် ကျွမ်းကျင်သူ မီဒီယာသမားများ၏ တင်ပြမှုနှင့် အာဝဇ္ဇန်းကောင်းလျှင် ကောင်းသလောက် ပရိသတ်၏အားပေးမှုများ မြင့်မားလာခြင်းဖြစ်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်ခေတ်တွင် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်းစသည့် မီဒီယာအမျိုးမျိုးတို့မှတစ်ဆင့် လှုံ့ဆော်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မီဒီယာဟူ၍ သတင်းစာနှင့် ရေဒီယိုသာရှိခဲ့သည့်ခေတ်တွင် ရေဒီယိုမှ တိုက်ရိုက်ထုတ်လွှင့်မှုကို အားကစားပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားစွာ စုဝေးနားထောင်အားပေးခဲ့ကြရပြီး နောက်တစ်နေ့သတင်းစာများတွင်လည်း အားကစားသတင်းထောက်များ၊ သတင်းစာဆရာများ၏ ဝေဖန်ရေးသားချက်များကို စောင့်မျှော်ဖတ်ရှုခဲ့ကြရပြီး တိုင်းနှင့် ပြည်နယ်အလိုက်အားပေးမှုများ မြင့်မားခဲ့ကြသည်။ အားကစားအပေါ် ပရိသတ်ပြည်သူများ စိတ်ပါဝင်စားအားပေးမှု မြင့်မားခဲ့သည်နှင့်အမျှ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်စသည်တို့အပါအဝင် အားကစားနည်းအမျိုးမျိုးတို့တွင် မိမိတို့နိုင်ငံ၏ အားကစားသမားများ နိုင်ငံတကာတွင် အဆင့်မြင့်စွာ ယှဉ်ပြိုင်အနိုင်ယူနိုင်ခဲ့သည့် ရွှေရောင်သမိုင်း ရှိခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ မကြာမီကျင်းပတော့မည့် အမျိုးသားအားကစား ပွဲတော်ကြီးသည် အားကစားပြိုင်ပွဲအဖြစ်သာမက နိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရာတွင် မီဒီယာကဏ္ဍမှလည်း သွက်လက်ထက်မြက်သည့် တင်ပြမှုများဖြင့် ပြည်သူလူထု၏ တစ်ခဲနက်သော အားပေးမှုများရရှိနိုင်ရန် လှုံ့ဆော်မှုများ မကြာမီရက်များအတွင်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Source- Myawady Webportal

ပါကင်ဆန်ရောဂါကို အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်းက ဖြစ်ပေါ် ခံစားလာခဲ့ကြရပြီး အိန္ဒိယလို Kampavata ရောဂါလို့ ခေါ်ပါတယ်။ အဲဒီ အချိန်က ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအဖြေ မထုတ်နိုင်ခဲ့ကြသေးပါဘူး။ ၁၈၁၇ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkin-son (၁၇၅၅ - ၁၈၂၄) ဆိုသူက ရောဂါဖြစ်လာရတဲ့အကြောင်းကို လေ့လာဖော်ထုတ် အဖြေရှာနိုင်ခဲ့တာကြောင့် အဲဒီ့ဒေါက်တာရဲ့အမည်ကို အစွဲပြုပြီး ဆေးသိပ္ပံနည်းအရ Parkinson’s disease (PD) လို့ ရောဂါအမည်တပ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။

ပါကင်ဆန်ရောဂါ
ပါကင်ဆန်ဆိုတာ အကြောအားနည်းပြီး ခြေလက်တုန်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ အဲဒီရောဂါက အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ကိုယ်လက်လှုပ်ရှားနိုင်မှုကို ထိခိုက်စေတဲ့ရောဂါဖြစ်ပြီး တဖြည်းဖြည်း အသက်ဆုံးရှုံးခြင်းဆီ ဦးတည်သွားနိုင်ပါတယ်။
ခြေလက်တုန်ခြင်းအပြင်ကြွက်သားများတောင့်တင်းခြင်း၊ ခြေလက်များ ကွေးဆန့်ရာမှာ ပျော့ပျောင်းမှုမရှိတော့ခြင်း၊ လှုပ်ရှားမှုနှေးကွေးလာခြင်းတို့က ပါကင်ဆန်ရောဂါ လက္ခဏာ တွေဖြစ်ပါတယ်။ အဲဒီလက္ခဏာအဆင့်မရောက်မီ အစပျိုးရောဂါအဖြစ် အာရုံခံအင်္ဂါတွေဆုံးရှုံးသွားပြီး နှာခေါင်းအနံ့ခံ မကောင်းတော့ခြင်း၊ ၀မ်းချုပ်လာခြင်း၊ ညဘက်ကောင်းစွာ အိပ်မပျော်ခြင်းတွေကို ခံစားရပါတယ်။
ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံခံဆဲလ်တွေ သေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine (ခေါ်) ဓာတုပစ္စည်းထွက်ရှိမှု နည်းပါးလာပြီး ခြေလက်လှုပ်ရှားမှုတွေကို မူမမှန်စေတော့ပါဘူး။ ဒါကြောင့် PD ရောဂါရင့်လာလေလေ ဦးနှောက်က ခြေလက်တွေကို ထိန်းချုပ်နိုင်မှုစွမ်းအား ကျသွားလေလေဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး PD ရောဂါခံစားရပုံချင်း မတူညီကြပါဘူး။
ပျမ်းမျှအားဖြင့် PD ရောဂါကို (က) tremor (ခေါ်)လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေးရိုး၊ မျက်နှာတို့ တဆတ်ဆတ်လှုပ်သောရောဂါ၊ (ခ) bradykinesia (ခေါ်) လှုပ်ရှားမှု တစတစ နှေးကွေးလာသောရောဂါ၊ (ဂ) rigidity (ခေါ်)ခြေဆံလက်ဆံများ တောင့်တင်းသောရောဂါ၊ (ဃ) postural instability (ခေါ်) မိမိကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်သောရောဂါဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
ရှေ့ပြေးရောဂါလက္ခဏာ
PD ရောဂါဝေဒနာသည်အများစုမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးရောဂါလက္ခဏာများမှာ-
- ခန္ဓာကိုယ်လှုပ်ရှားနေချိန်မှာ မသိသာသော်လည်း အနားယူငြိမ်နေတဲ့အခါမှာ လက်ချောင်း၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက်တို့ တဆတ်ဆတ်လှုပ်နေခြင်း။
- စက္ကူပေါ်စာရေးတဲ့အခါ ပုံမှန်လို မဟုတ်တော့ဘဲ စာလုံးအရွယ်အစားကြီးလာခြင်း သို့မဟုတ် သေးသွားခြင်း သို့မဟုတ် စာလုံးတွန့်စောင်းနေခြင်း သို့မဟုတ် စာလုံးတွေထပ်သွားခြင်း။
- အနံ့ခံအာရုံ သိသိသာသာ ကျဆင်းသွားခြင်း။
- အိပ်မောကျနေစဉ် ခြေထောက်က တစ်ခုခုကိုကန်ခြင်း သို့မဟုတ် လက်သီးဖြင့်ထိုးခြင်း သို့မဟုတ် ခုတင်ပေါ်က ပြုတ်ကျခြင်း သို့မဟုတ် အိပ်မက်ထဲမှာ မိမိကိုယ်မိမိ ကွက်ကွက်ကွင်းကွင်း ပြန်၍မြင်မက်ခြင်း။
- ၀မ်းချုပ်ခြင်း။
- ခါး၊ တံတောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်း စတဲ့ ကြွက်သားများ တောင့်တင်းလာပြီး ယင်းကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အကွေးအဆန့် လှုပ်ရှားမှုတိုင်းမှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။
- လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်းမမှန်ခြင်း၊ လမ်းစလျှောက်စဉ် သို့မဟုတ် ဦးတည်ရာကို ဘယ်/ညာသို့ ချိုးကွေ့ခါနီး သို့မဟုတ် လမ်းလျှောက်မှုကို ရပ်တန့်စဉ် စသည်တို့တွင် ပုံမှန်မဟုတ်တော့ဘဲပြဿနာရှိလာခြင်း။
- မိမိက ပုံမှန်လေသံဖြင့် စကားပြောနေသော်လည်း ပတ်၀န်းကျင်ရှိသူများက မိမိစကားပြောသံကို ခပ်တိုးတိုးအုပ်အုပ်သာကြားရခြင်း သို့မဟုတ် ဗလုံးဗထွေး အသံကြားနေရခြင်း။
- မျက်တောင်မခတ်ခြင်း၊ တစ်နေရာတည်းကို မျက်လုံးသေဖြင့် စိုက်ကြည့်နေတတ်ခြင်း။
- သွေးအားနည်းသလို ခံစားရကာ မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း။
- မတ်မတ်မရပ်နိုင်၊ ကောင်းစွာ မထိုင်နိုင်ဘဲ ပျော့တိပျော့ခွေဖြစ်၍ တစ်ခုခုကို အမှီသဟဲပြုနေရခြင်း။
- စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။
ရောဂါနှင့် အသက်အရွယ်
ပျမ်းမျှ အသက် ၆၀ ကျော်တွင် ပါကင်ဆန်ရောဂါဖြစ်တတ်ကြပြီး အသက်အရွယ်ကြီးလာလေ ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများလေဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ အသက် ၈၀ ကျော် လူဦးရေတစ်သိန်းမှာ ပျမ်းမျှ ၅၀၀ ကနေ ၇၀၀ အထိ ဖြစ်ပွားနေကြောင်း၊ ဆန်းစစ်မှုမှတ်တမ်းများအရ အသက်ငယ်သူတွေမှာလည်း ထိုရောဂါတွေ့ရတတ်ပြီး ပျမ်းမျှ ပါကင်ဆန်လူနာ ၁၀၀ မှာ အသက် ၄၀ အောက်အရွယ် ၇ ရာခိုင်နှုန်းလောက် ရောဂါဖြစ်နေကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူပေါင်း ၁၀ သန်းအထိ ခံစားနေကြရကြောင်း ဆေးပညာရှင်များရဲ့အဆိုအရ လေ့လာသိရှိရပါတယ်။
ရောဂါဖြစ်ရသောအကြောင်းရင်းများ ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ မျိုးရိုးဗီဇ နှင့် ပတ်၀န်းကျင်ပြဿနာတို့ကြောင့်ဖြစ် ပါတယ်။ မိမိဆွေမျိုးရင်းချာတွေထဲမှာ အဲဒီရောဂါဖြစ်တဲ့သူရှိရင် တခြားသူတွေထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ စိတ်ရောဂါအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အအန်ပျောက်ဆေး၊ အမူးပြေဆေး၊ အတက်ရောဂါပျောက်ဆေး၊ မူးယစ်ဆေးဝါးဖြတ်ဆေး၊ တချို့ပဋိဇီ၀ အားဆေးတွေကြောင့်လည်း ပါကင်ဆန် ရောဂါဖြစ်စေတတ်ပါတယ်။
ဆောင်ရန် အစားအစာများ
ပါကင်ဆန်ရောဂါအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာများမှာ-
- သဘာ၀အော်ဂဲနစ် သား၊ ငါး၊ ဟင်း သီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကို ရွေးချယ်စားသုံးပါ။
- အမျှင်ဓာတ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်စားပါ။
- နာနတ်သီး၊ လိမ္မော်သီးစတဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံ များများစားပါ။
- ပဲမျိုးစုံ၊ မြေပဲ၊ သီဟိုဠ်၊ ဗာဒံ၊ သစ်ကြားသီး စတဲ့ အစေ့အဆန်တွေစားပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ သစ်ကြံပိုး၊ လေးညှင်း စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေစားပါ။
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စားပါ။
- ခွေးလှေးယားစေ့ စားပါ။
- ကော်ဖီ၊ အနက်ရောင်ချောကလက် စားပါ။
- အိပ်ရေး၀၀ အိပ်စက်ပါ။
- နေ့စဉ် ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ပါ။
- လေကောင်းလေသန့်ကို ခပ်ပြင်းပြင်း ရှူရှိုက်ပါ။
- အဆီပါသော ပင်လယ်ငါးစားပါ။ ရေချိုရေငန်စပ်ငါးများ စားပါ။
- ရေနွေးကြမ်းသောက်ပါ။
- ဗီတာမင်ဘီ-6၊ ဗီတာမင်ဘီ-12၊ ဗီတာမင်ဒီ၊ ငါးကြီးဆီ၊ သံဓာတ်အားဆေး၊ မဂ္ဂနိစ်ဓာတ် အားဆေး များကလည်း ပါကင်ဆန်ရောဂါအတွက် ဖြည့်စွက်စာများဖြစ်ကြ ပါတယ်။
- fava beans (ခေါ်) အစိမ်းရောင် ပဲပင်တစ်မျိုးထဲရှိ ပဲစေ့လေးထဲမှာပါရှိတဲ့ ဆေးဖက်၀င်သဘာ၀ levodopa ဓာတ်က ဦးနှောက် အာရုံခံဆဲလ်တွေကို ကောင်းကျိုးပြုတာကြောင့် စားသုံးသင့်ပါတယ်။
ရှောင်ရန် အစားအစာများ
- ခြေလေးချောင်းသားအဆီများ စားသုံးခြင်းမှ ရှောင်ပါ။
- ကောက်ညှင်းနဲ့ စေးထန်းလွန်းသော ထမင်းလျှော့စားပါ။
- ဆီကြော်အစားအစာများ ရှောင်ပါ။
- ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဆေးလိပ် ငွေ့၊ ကတ္တရာနံ့၊ ကားမီးခိုးနံ့အပါအ၀င် မကောင်းသော မသန့်ရှင်းသော အနံ့အသက်များ မရှူမိစေရန် သတိပြုပါ။
- အတတ်နိုင်ဆုံး စိတ်ပူပင်သောက လျှော့၍ အိပ်ရေး၀၀ အိပ်စက်ပါ။
- ဒန်အိုးဒန်ခွက်အစား အလူမီနီယမ် အိုးခွက်များကိုသုံး၍ ချက်ပြုတ်စားသောက်ပါ။
အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါကို လူဦးရေတစ်သန်းကျော် ခံစားနေကြရပြီး ထိထိရောက်ရောက် ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရောဂါတိုးပြီး မဆိုးရွားလာအောင် ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့်သာ ကုသပေးနေပါတယ်။
အနှစ်ချုပ်ဆိုရရင် ပါကင်ဆန်ရောဂါက ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်း အမြန်ဆုံး နာ့ဗ်ဆဲလ်စနစ်ရောဂါများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပါကင်ဆန်ရောဂါပျောက်ကင်းစေနိုင်တဲ့ ကုထုံးမျိုးမရှိသေးဘဲ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးဝါးတွေသာ ရှိနေပါသေးတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကို သိရှိလိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

ဒေါက်တာခင်မျိုးမြင့်ကြူ (ပညာရေး)
ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ထည်ထည်ဝါဝါရပ်တည်နိုင်ရန် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ နည်းတူ ပညာရေးသည်လည်းအရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်စကားလည်းရှိပါသည်။ ဤ နေရာတွင် “စာ” နှင့် “ပညာ” ခွဲခြားသိရှိရန် လိုအပ်ပါသည်။

“စာ” ဆိုသည်မှာ “ပညာကို များများနှင့်မြန်မြန် ခပ်ယူနိုင်သည့် ပစ္စည်းကိရိယာတစ်ခုဖြစ်သည်” ဟု ကျွန်မတို့၏ဆရာကြီး “ဦးမြင့်ဟန်” က ရှင်းပြခဲ့ဖူးပါသည်။ သို့ဖြစ်၍ ကျွန်မတို့ မျိုးဆက်သစ်လူငယ် မောင်မယ်များအနေဖြင့် ပညာတတ်ကြီးများ ဖြစ်လာစေရန် စာတတ်ပုဂ္ဂိုလ်များဖြစ်ရန် အရေးကြီး ပါသည်။
အခြေခံပညာကျောင်းများသည် ကျောင်းသားများအတွက် လိုအပ်သည့် စာပေအခြေခံကောင်းများ ပေးရုံသာမက ကျောင်းသားများ၏ စိတ်ဓာတ်နှင့် စာရိတ္တကို ပြုပြင် ပုံသွင်းပေးသည့် နေရာလည်းဖြစ်ပါ သည်။ အခြေခံပညာဆရာများ ကလေးများကို ပညာသင်ကြားပေးသည်ဟုဆိုရာ၌ မိမိ၏တပည့်များ လူ့လောကအလယ်တွင် လူတစ်ယောက်အနေဖြင့် ရှင်သန်ရပ်တည်နေထိုင်သွားနိုင်စေရန် ပြင်ဆင်ပေး လိုက်ခြင်းပင်ဖြစ်ပါသည်။
အခြေခံပညာအဆင့်အလိုက် သုံးမျိုးရှိ
အခြေခံပညာဆရာများဟုဆိုရာတွင် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြဟူ၍ အခြေခံပညာ အဆင့်အလိုက် သုံးမျိုးရှိပါသည်။ ကျောင်းအဆင့်အလိုက် ကွဲပြားနေခြင်းသာဖြစ်ပါသည်။ ဆရာများကို အဆင့်ခွဲခြားထားခြင်းမျိုးမဟုတ်ပါ။ အခြေခံပညာမည်သည့်အဆင့်တွင် ပြသည်ဖြစ်စေဆရာသည် ဆရာ သာဖြစ်ပါသည်။ ဆရာတစ်ယောက် တွင်ရှိရမည့် စိတ်ဓာတ်နှင့်တာဝန်ဝတ္တရားများမှာ မူ၊ လယ်၊ ထက်ခွဲခြားမှုမရှိပါ။ ကလေးများ၏ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု၊ သင်ယူရန် အဆင်သင့်ဖြစ်မှုနှင့် သင်ယူမှုပုံစံများ မတူကွဲပြားခြားနားသည့်အတွက်သာ သင်ကြားမှုနည်းပညာနှင့် ချဉ်းကပ်နည်းများ ကွဲပြားခြားနားသွားကြပါသည်။
ယခုအခါ နိုင်ငံတော်အနေဖြင့် မူလတန်းအထူးပြုနှင့် အလယ်တန်းအထူးပြုဆရာများ မွေးထုတ်ပေးရန် “ပညာရေးဒီဂရီကောလိပ်” များ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် အခြေခံပညာရေးဖွံ့ဖြိုးမှုအတွက် ရောင်နီသန်းလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မူလတန်းအရွယ်ကလေးများမှာ များသောအားဖြင့် အသက်ငါးနှစ်မှ ၁၀ နှစ် ဝန်းကျင်ကလေးများ ဖြစ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အရွယ်လွန်ကလေးများရှိနိုင်သော်လည်း အနည်းစုသာ ဖြစ်ပါသည်။ ဤအရွယ်ကလေးများမှာ ဖြူစင်ရိုးသား၍ပုံသွင်းရန် အကောင်းဆုံးအသက်အပိုင်းအခြား ဖြစ်ပါသည်။ မူလတန်းအရွယ်ကလေးများသည် ဆရာကို ချစ်ခင်မြတ်နိုး၍ ဆရာ၏ နေပုံထိုင်ပုံ၊ ပြောဆိုပုံတို့ကို အပြည့်အဝအတုယူကြပါသည်။ သို့ဖြစ်၍မူလတန်းပြဆရာများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ မူလတန်းပြဆရာများ၏ ထုဆစ်မှုမှားယွင်းပါက လယ်ဆင့်၊ ထက်ဆင့် ဆရာများ အခက်တွေ့နိုင်ပါသည်။
ထို့အတူ အလယ်တန်းပြဆရာများသည်လည်း အရေးကြီးပါသည်။ ကျောင်းသားအများစုမှာ အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားဖြစ်၍ ပျိုဖော်ဝင်စအရွယ်များဖြစ်ကြပါသည်။ မိဘနှင့်ဆရာများထက် အပေါင်းအသင်းသူငယ်ချင်းများကို ပိုမိုခင်တွယ် တတ်သောအရွယ်ဖြစ်၍ သွန်သင်ဆုံးမ ကိုင်တွယ်ရန် အလွန် ခက်ခဲပါသည်။ ဤအရွယ်ကလေးများတွင် ရှိတတ်သည့်စိတ်ဓာတ်နှင့် ချဉ်းကပ်နည်းဆိုင်ရာ နည်းလမ်းများကို ဆရာများသိရှိနားလည်ထားခြင်းဖြင့် ကလေးများလမ်းမှားမရောက်အောင် သွန်သင်ဆုံးမ ပြုပြင်ထိန်းကျောင်းပေးနိုင်မည် ဖြစ်ပါသည်။
အထက်တန်းပြဆရာများ၏ တာဝန်သည်လည်း ကြီးမားပါသည်။ မိမိကျောင်းသားများ အဆင့်မြင့် ပညာဆက်လက်ဆည်းပူးနိုင်ရေးအတွက် မူလတန်းနှင့် အလယ်တန်းထက် ပိုမိုနက်နဲသော စာပေဘာသာ ရပ်များကို သင်ကြားပေးရပါသည်။ တစ်ဖန်ကျောင်းသားများ၏ အရွယ်မှာလည်း များသောအားဖြင့် အသက် (၁၆)၊ (၁၇)၊ (၁၈) ဝန်းကျင်ဖြစ်၍ မိမိကိုယ်မိမိ လူကြီးဖြစ်ပြီဟု အထင်ရောက်စအရွယ်များ ဖြစ်ပါသည်။ ထိုအရွယ်ကလေးများ၏ စိတ်ပညာနှင့် ချဉ်းကပ်နည်းများကို သိရှိနားလည်မှုသည် အထက် တန်းပြဆရာများအတွက် မရှိမဖြစ် လိုအပ်ပါသည်။
အထက်ဖော်ပြပါ စာပိုဒ် သုံးပိုဒ်၏ ဆိုလိုရင်းမှာ မူ၊ လယ်၊ ထက်ကလေးများ၏ စိတ်ဓာတ်နှင့် ဖွံ့ဖြိုးမှုပုံစံများမတူ ကွဲပြားခြားနားကြသည့်နည်းတူ ထိုကလေးများအား ကိုင်တွယ်သင်ကြားပြုပြင် ဆုံးမရန်ချဉ်းကပ်နည်းများလည်းမတူ ကွဲပြားသည်ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ အထက်တန်းပြ သို့မဟုတ် အလယ်တန်းပြဆရာတစ်ယောက်ကို မူလတန်းကလေးများအား သင်ကြားစေပါက ဆရာ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့စေနိုင်ပါသည်။ ထို့အတူ မူလတန်းပြ သို့မဟုတ် အလယ်တန်း ပြဆရာ တစ်ယောက်အား အထက်တန်းဆင့် ကျောင်းသားများအား သင်ကြားစေပါကလည်း အခက်တွေ့ရမည်မှာ မုချဖြစ်ပါသည်။
သို့ဖြစ်၍လည်း နိုင်ငံတော်အနေဖြင့် မူပြမှလယ်ပြ၊ လယ်ပြမှထက်ပြ စသည်ဖြင့် ရာထူးတိုးရာတွင် သက်ဆိုင်ရာသင်တန်းများတက်နိုင်ရန် အစီအစဉ်များ ချမှတ်ထားခြင်းဖြစ်ပါသည်။ ဤနေရာတွင် နိုင်ငံတော်အနေဖြင့် နစ်နာမှုများ ရှိနေမလားဟု ကျွန်မမြင်မိသည့်အချက်တချို့ကို ဖော်ပြလိုပါ သည်။ မူလတန်းပြဆရာတစ်ယောက်မွေးထုတ်ရန် နိုင်ငံတော်၏ ဘတ်ဂျက်သုံးစွဲခဲ့ရပါသည်။ သို့ရာတွင် လက်ရှိရာထူးတိုးမူအရ လုပ်သက်ရအတွေ့အကြုံရှိ မူလတန်းပြဆရာများသည် ရာထူးတိုးရေးအတွက် အလယ်တန်းပြဆရာဖြစ် သင်တန်းတက်ကြရပါသည်။ ထိုဆရာတစ်ယောက်အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ထပ်မံသုံးစွဲရပါသည်။ ဆက်လက်ပြီး အထက်တန်းပြဆရာဖြစ်ရန် ပညာရေးတက္ကသိုလ်များ တွင် B.Ed. ဘွဲ့အတွက် ထပ်မံသင်တန်းတက်ရ ပြန်ရာ နိုင်ငံတော်ဘတ်ဂျက်သုံးရပြန်ပါသည်။
ဆရာအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများတွင်လည်း အဟောသိကံဖြစ်နေသည်ဟု ကျွန်မ မြင်မိပါသည်။ မူ/လယ် အတန်းအဆင့်တစ်ခုအတွက် ကျွမ်းကျင်စပြုချိန် အတွေ့အကြုံရှိစပြုချိန်တွင် မိမိ၏ ကျွမ်းကျင်မှုကို စွန့်လွှတ်ပြီး နောက်တစ်ဆင့် တက်လှမ်းရသည့် ရာထူးတိုးစနစ်ကြောင့် နိုင်ငံတော် တွင်သာမက ကာယကံရှင်ဆရာများအတွက်ပါ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ကြရသည်။ ကလေးများ၏ အသက်အရွယ်အလိုက် တစ်နည်းအားဖြင့် မူ၊ လယ်၊ ထက် အဆင့်အလိုက် မိမိတတ်ကျွမ်းထားသည့် သင်ကြားမှုနည်းပညာ၊ ချဉ်းကပ်နည်းနှင့် ကလေးစိတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပြုန်းတီးရာ ကျပါသည်။
ပညာရေးအဆင့်တစ်ဆင့်မှ နောက်တစ်ဆင့် (မူလတန်းပြမှ အလယ်တန်းပြ၊ အလယ်တန်းပြမှ အထက်တန်းပြ)သို့ တိုးမြှင့်၍ လစာချီးမြှင့်သည့်ပုံစံကြောင့် လုပ်သက်ရင့်အတွေ့အကြုံရှိဆရာများ၊ သင်ကြားရေးကျွမ်းကျင်သော ဆရာများ၊ ထက်မြက်သည့် ဆရာများသည် ၎င်းတို့၏ ဘဝတက်လမ်း အတွက် ကြိုးစား၍ မူမှ လယ်၊ လယ်မှထက်သို့ တက်လှမ်းသွားကြသည်ဖြစ်ရာ ကျွမ်းကျင်ဆရာများ အထူးလိုအပ်သည့် မူလတန်းတွင် အတွေ့အကြုံနုနယ်သေးသည့် ဆရာများနှင့် ဆရာအတတ်သင် လက်မှတ်မဲ့ဆရာများသာ ကျန်ရှိနေပါသည်။ ဤအချက်သည် မြန်မာ့ပညာရေးတိုးတက်မြင့်မားမှုကို အဟန့်အတားဖြစ်စေသည်ဟု မြင်မိပါသည်။
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းနှင့် ပညာရေးဆိုင်ရာ လုပ်ငန်း အစီရင်ခံစာများက လက်ရှိဆရာရာထူးတိုး စနစ်အစားလမ်းသွယ်တစ်ခုစီအလိုက် ရာထူးတိုး စနစ်သစ်သို့ ပြောင်းလဲကျင့်သုံးကြရန် ထောက်ခံအကြံပြုခဲ့ကြပါသည်။ အခြေခံပညာအဆင့် တစ်ခုချင်းအတွင်းတွင် အရည်အသွေးရှိသော ဆရာများ ရေရှည်တည်မြဲရေးအတွက် ဆရာလစာနှင့် ချီးမြှင့်ငွေကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် ဆရာရာထူးတိုးမြှင့်ခြင်းသည် လုပ်သက်နှစ်များကိုသာ အခြေခံခြင်းမဟုတ်ဘဲ အရည်အသွေးရှိသော ဆရာ၏ စွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်းစနစ်ကို အခြေခံ၍ ဆောင်ရွက်သင့်ကြောင်းကိုလည်း ဖော်ပြထားပါသည်။
၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အခြေခံပညာရေးဥပဒေအခန်း (၉) “အခြေခံပညာဆရာများ၏ အခွင့်အရေး၊ တာဝန်၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ”၊ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (က)တွင် “အခြေခံပညာ ဆရာများသည် သတ်မှတ်ချက်နှင့်ကိုက်ညီပါက မိမိတာဝန်ထမ်းဆောင်နေသော ပညာရေးအဆင့် အတွင်းမှာပင် ရာထူးအဆင့် တိုးမြှင့်ရရှိပိုင်ခွင့်ရှိသည်”ဟုလည်း ဖော်ပြထားပါသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ဆရာတစ်ယောက်သည် မိမိအထူးပြုထားသည့်၊ ကျွမ်းကျင်သည့် ပညာရေး အဆင့်အတွင်းမှာပင် ၎င်း၏စွမ်းဆောင်ရည်နှင့် ပညာအရည်အချင်းအလိုက် ရာထူးလစာတိုးပေးသည့် စနစ်ကို ကျင့်သုံးကြပါသည်။ ကောင်းမွန်စွာ ဒီဇိုင်းရေးဆွဲထားသော မြှင့်တင်ရေးစနစ်သည် ဆရာများကို ၎င်းတို့၏ လက်ရှိရာထူးများတွင် ထူးချွန်စေရန်အားပေးရုံသာမက အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဆရာအတတ်ပညာတိုးတက် ပြောင်းလဲမှုအတွက် လမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်သာစေပါသည်။
မိမိဝါသနာပါသည့် စိတ်ပါဝင်စားသည့် ပညာရေးအဆင့်ကို အထူးပြုပြီး ထိုအဆင့်တွင် ကျွမ်းကျင်သည် ထက် ကျွမ်းကျင်အောင်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာအောင် ကြိုးစားကြရပါသည်။ မူလတန်း အထူးပြု ပါရဂူဘွဲ့ရသူ ဆရာတစ်ဦး၏လစာကို ပါရဂူဘွဲ့ရတက္ကသိုလ်ဆရာတစ်ဦး၏ လစာနှင့် တူညီ အောင် ချီးမြှင့်ကြသည့်အတွက် မူလတန်းအထူးပြု၊ အလယ်တန်းအထူးပြု၊ အထက်တန်းအထူးပြု စသည်ဖြင့် မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီး ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အထိကြိုးစားပြီး ရာထူး အဆင့်ကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ကြပါသည်။
ရာထူးတိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းစနစ်
အခြေခံပညာအဆင့်အသီးသီးတွင် ကျောင်းသားများအတွက် အရည်အသွေးမြင့် သင်ကြားရေးအတွေ့ အကြုံများကို သေချာစေရန် အရည်အချင်းရှိသော ဆရာများကို ဆွဲဆောင်ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ ပညာတတ်များကို လှုံ့ဆော်ပေးပြီး ချီးမြှင့်ရန်နည်းလမ်းတစ်ခုမှာ ခိုင်မာသောဆရာ ရာထူးတိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းစနစ်ပင်ဖြစ်ပါသည်။ ထိုစနစ်သည် ဆရာများ ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအပေါ်မြှုပ်နှံထားမှုကို အသိအမှတ်ပြုပြီး တန်ဖိုးထားရုံသာမက ၎င်းတို့၏ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးပြုမှုအတွက် အခွင့်အလမ်းများကိုပါပေးသည့် အတွက် ဆရာရာထူးတိုးခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ထို့ပြင် ဆရာများအား ၎င်းတို့၏ သင်ကြားရေးအလေ့အကျင့်များ စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး (အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေး)တွင် ပါဝင်ဆောင်ရွက် ရန်နှင့် ပညာရေးစနစ်အတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍများကိုရယူရန် လှုံ့ဆော်ပေးပါသည်။
အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများအတွင်း အထူးပြုခြင်းသည် ဆရာများကို စိတ်ဝင်စားသည့် သီးခြား နယ်ပယ်များ သို့မဟုတ် ကျွမ်းကျင်မှုအပေါ် အာရုံစိုက်စေနိုင်ပါသည်။ ၎င်းသည် ဆရာများအား ဘာသာရပ်ဆိုင်ရာ အသိပညာနှင့်သင်ကြားရေး နည်းဗျူဟာများကို ပိုမိုနက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်စေကာ ကျောင်းသားများကို ပိုမိုထိရောက်သော ညွှန်ကြားချက်များ ပေးစေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့ရွေးချယ်ထားသော နယ်ပယ် များတွင် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဆိုင်ရာသုတေသန သို့မဟုတ် သင်ကြားရေးဆိုင်ရာ နည်းပေးလမ်းပြပြုနိုင်သည့် ခေါင်းဆောင်မှုရာထူးများရရှိရန် ဆရာများအတွက် လမ်းစများဖန်တီးပေးနိုင်ပါသည်။
အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများအတွင်း အထူးပြုခြင်းအားဖြင့် ဆရာများ၏ ကိုယ်ပိုင်စာသင်ခန်းများ အပြင် မူဝါဒများနှင့် အလေ့အကျင့်များကို လွှမ်းမိုးစေနိုင်ပါသည်။ ထို့ပြင် စိတ်ဝင်စားမှုတူညီသည့် ဆရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အကြံဉာဏ်များဖလှယ်ခြင်း၊ အလေ့အကျင့်ကောင်းများနှင့် ပရော်ဖက်ရှင်နယ်သင်ယူမှု အသိုင်းအဝိုင်းများ ဖန်တီးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ဤစုပေါင်းကျွမ်းကျင်မှုသည် သင်ကြားရေးနှင့် သင်ယူမှုအပေါ် ပိုမိုကျယ်ပြန့်သော အဆင့်တွင် အပြောင်းအလဲဖြစ်စေနိုင်ပါသည်။
ထိရောက်သော ဆရာများမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းစနစ်
ထိရောက်သော ဆရာများမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းစနစ်အား အကောင်အထည် ဖော်ရာတွင် ဆရာများ၊ စီမံခန့်ခွဲသူများ၊ မူဝါဒချမှတ်သူများ၊ ပညာရေးကျွမ်းကျင်သူများ ပါဝင်သည့် သက်ဆိုင် သူများအကြားကွဲပြားသော အမြင်များကို ရယူနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် သေချာစွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ အခြေခံပညာရေးကဏ္ဍအတွင်း တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မြှင့်တင်ရေးစံနှုန်းများ၊ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ပုံမှန် ပြန်လည်သုံးသပ်ပြင်ဆင်ရန်လည်း အရေးကြီးပါသည်။
အခြေခံပညာကဏ္ဍတွင် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာများ ပါဝင်ဆောင်ရွက်နိုင်ရန် လုံလောက်သော အခွင့်အရေးများလည်း ပေးသင့်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများ၊ အဆင့်မြင့်ဘွဲ့အစီအစဉ်များနှင့် ၎င်းတို့ ရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများနှင့်ကိုက်ညီသော အထူးပြုလေ့ကျင့်မှုများ စသည်တို့မှတစ်ဆင့် ၎င်းတို့၏ ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ပြီး ဆရာများ၏ဘဝ အောင်မြင်မှုကို ရရှိစေနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အခြေခံပညာ ဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသားများ အရည်အသွေးအာမခံချက် အပြည့် ရှိသော အခြေခံပညာရရှိရေးအတွက် ဆရာများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အခြေခံ ပညာဆရာများအနေဖြင့် မိမိတို့၏ အရေးပါမှုကိုသိရှိပြီး မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက် လာအောင် အစဉ်စွမ်းဆောင်နေကြရမည်ဖြစ်ပါသည်။ ။

ကမ္ဘာ့နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ရေအတိမ်အနက်ကို ကြာရိုးကြာစွယ်ကြည့်ခြင်းဖြင့် သိနိုင်သလို နိုင်ငံနှင့် လူမျိုးအဆင့်အတန်းကိုလည်း ယဉ်ကျေးမှုကိုကြည့်၍ စံပြုတိုင်းတာကြသည်။ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ၍ ဖြစ်ထွန်းလာခြင်းဖြစ်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များဖြင့် ယနေ့တိုင်တည်တံ့ ခိုင်ခံ့လျက်ရှိသည်။

မြန်မာ့ယဉ်ကျေးမှု၏ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်စည်းကမ်းတို့မှာ အဆင့်မြင့်လှသည်ဖြစ်ရာ နိုင်ငံတကာ အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်သည်။
ယဉ်ကျေးမှုသည် လူမျိုး၏ အသက်၊သိက္ခာဖြစ်ပြီး ယဉ်ကျေးမှုကင်းမဲ့ပါက နိုင်ငံ၏အဆင့်အတန်းလည်း နိမ့်ကျမည်ဖြစ်သည်။ မြန်မာတို့တွင် ကိုယ်ပိုင် ယဉ်ကျေးမှုဖြစ်သော သီချင်း(ဂီတ)၊ တူရိယာ၊ အဆို၊ အက၊ အတီးမျိုးစုံစွာရှိပြီး အဆင့်အတန်းမြင့်လှသည်။ သာယာငြိမ့်ညောင်းသော အသံတို့သည်နရီစည်းချက်မှန်မှန်၊ အသံအနိမ့်အမြင့် ပြေပြစ်စွာဖြစ်ပေါ်ခြင်းကို ဂီတဟု ခေါ်ဆိုကြသည်။ မြန်မာတို့၌ စာရေးစာဖတ်မပေါ်မီကပင် ဂီတသည်ပညာရပ်တစ်ခုအနေဖြင့် ရှိနှင့်နေပြီဟု ယူဆကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ ကောက်စိုက်သီချင်း၊ ကောက်ရိတ်သီချင်း၊ မောင်းထောင်းသီချင်း၊ ရက်ကန်းသီချင်းတို့ ပျံ့လွင့်လာသည်။ ခံစားချက်ကိုတေးသီဖွင့် ထုတ်ရာမှ ရိုးရာသီချင်းဖြစ်လာသည်။ ရိုးရာသီချင်းသည် ခေတ်၏လူနေမှုစနစ်နှင့် အခြေအနေ အရပ်ရပ်ကို ထပ်ဟပ်ပြသော ခေတ်၏ကြေးမုံတစ်မျိုးဖြစ်သည်။
ဗုဒ္ဓဘာသာမပေါ်မီ နတ်ကိုးကွယ်ရာမှ နတ်ချင်းဟူသော သီချင်းအဖွဲ့တစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာ ပျံ့နှံ့ပြီးနောက်ပိုင်းတွင်လည်း အယူဝါဒဆိုင်ရာ သီချင်းများစပ်ဆိုသီကုံးခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ သရေခေတ္တရာခေတ်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သော ပျူယဉ်ကျေးမှုအဖွဲ့သည် ဘုရားဂုဏ်တော်ကို အလေးအမြတ်ပြုသော သီချင်းများ သီဆိုကပြခဲ့ကြောင်း တရုတ်မှတ်တမ်းများတွင် ဖော်ပြကြသည်။ ရှေးမြန်မာ မင်းခမ်းမင်းနားများ၌ ခံ့ညားသော သီဆိုတီးမှုတ်မှုသည် အခမ်းအနားတစ်စိတ်တစ်ဒေသအဖြစ်ပါဝင်သည်။ ရှေးမြန်မာသီချင်းကြီး သီချင်းခံများသည် ဂီတလောကတွင် ထည်ဝါခံ့ညားစွာ မြန်မာ့ဂုဏ်ကျက်သရေကို ဆောင်နိုင်ခဲ့သည်။ ဘုရင်တို့ချီးမြှောက်မှုကြောင့်လည်း သီချင်းဂီတ၏ အခြေအနေအဆင့်အတန်း တိုးတက်ခဲ့သည်။
မြန်မာစာပေတွင် ရှေးယခင်ကတည်းက လင်္ကာနှင့် သီချင်းနှစ်မျိုးကို ကဗျာ-လင်္ကာဟု မှတ်တမ်းတင်ထားရှိသည်။ သီချင်းတွင် ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်အရိုး၊ တေးအရိုးအဆန်း၊ သဖြန်အရိုးအဆန်း၊ ငိုချင်းအရိုးအဆန်း၊ ဒုံးချင်းအရိုးအဆန်း၊ ဟန်ချင်းအရိုးအဆန်း၊ လှေချင်းအရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုး ပါဝင်သည်။ တေးဂီတသည်ကား ထက်မြက်သော အကျိုးပြုအာနိသင်နှင့် ပြည့်စုံသည်။
တေးဂီတလောကသည် ကျယ်ပြန့်သည်ထက်ပို၍ ကျယ်ပြန့်လာသည်ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုး၏ ဂီတကိုအကဲခတ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းကို သတ်မှတ်နိုင်သဖြင့် ကျန်ရှိသော တေးဂီတများကို ထိန်းသိမ်းကြမှသာ လူမျိုးလည်း တင့်တယ်မည်ဖြစ်သည်။
တူရိယာဟူသည် သာယာသောအသံများ ထွက်ပေါ်လာအောင် တီးမှုတ်အပ်သော ကိရိယာဖြစ်သည်။
တီးမှုတ်ခြင်းကို အခြေခံသောတူရိယာကို ပိုင်းခြားလျှင် တီးရသောတူရိယာနှင့် မှုတ်ရသောတူရိယာဟူ၍ နှစ်မျိုးတွေ့ရသည်။ စောင်းကောက်၊ ပတ္တလား၊ ဆိုင်းဝိုင်းတို့မှာ တီးရသော တူရိယာဖြစ်ပြီး နှဲ၊ ပလွေတို့မှာ မှုတ်ရသောတူရိယာများဖြစ်သည်။ လေတုန်ခါ
မှု၊ ကြိုးတုန်ခါမှု၊ သားရေတုန်ခါမှုတို့ကြောင့် သဘာဝကိုခွဲခြား၍ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာနှင့် တီးခတ်တူရိယာဟူ၍ တူရိယာသုံးမျိုးကွဲပြားသည်။ မြန်မာတို့၏ တူရိယာများကို ပြုလုပ်သည့်ပစ္စည်းပေါ်မူတည်၍ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟု ခွဲခြားသတ်မှတ်သည်။ တူရိယာတို့တွင် မြန်မာ့စောင်းကောက်သည်ကား ယနေ့အချိန်ထိ ကမ္ဘာကစိတ်ဝင်စားသော တူရိယာတစ်မျိုးဖြစ်သည်။
မြန်မာ့ဆိုင်းဝိုင်းသည်လည်း နိုင်ငံတကာကစိတ်ဝင်စားသော မြန်မာတူရိယာ ပစ္စည်းဖြစ်သည်။
ဆိုင်းဝိုင်းတွင် ကြေးဝိုင်း၊ မောင်းဆိုင်း၊ ပတ်မကြီး၊ နှဲစသည်တို့ပါဝင်သည်။ မြန်မာ့တူရိယာပစ္စည်းများတွင် မြန်မာဂီတ၊ ဘင်ဂျို၊ ဒုံမင်း၊ မယ်ဒလင်၊ ဝါးလက်ခုပ်၊ လင်းကွင်း၊ စည်း၊ ဝါး၊ ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြော စသည်တို့ပါဝင်သည်။ မြန်မာတူရိယာတို့သည် တီးမှုတ်လိုက်ခြင်းအားဖြင့် အေးငြိမ်သာယာကြည်နူးမှု၊ စိတ်ဓာတ်တက်ကြွမှု၊ ပျော်ပါးမြူးထူးမှု၊ လွမ်းဆွေးသတိရမှုအစရှိသည့် ခံစားမှုရသမျိုးစုံကိုပေးစွမ်းနိုင်သည်။ ထို့ပြင်နိုင်ငံတကာ၌ မရှိသည့် သာရေးတွင် သာရေးအတီးအမှုတ်၊ နာရေးတွင် နာရေးအတီးအမှုတ်တို့ခွဲခြားထားပြီး သာရေးတွင် သုံးသည့်သံစဉ်ကို နာရေးတွင်မသုံးသလို နာရေးသံစဉ်ကိုလည်း သာရေးတွင်မသုံးမှုက မြန်မာတို့၏ ရှေးရိုးအစဉ်အလာပင်ဖြစ်သည်။
မြန်မာတို့၏ သီဆိုတီးမှုတ်ကခုန်မှု သဘင်ပညာသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှစ၍ ဆင်းသက်ပေါက်ဖွားလာသော ပညာဖြစ်သည်။ ပုဂံခေတ်ကျောက်စာများအရ ကခြေသဘင်ဟူသော ဝေါဟာရစကားများကို တွေ့ရသည့်အပြင် ပုဂံဂူဘုရားနံရံများရှိ အချို့ပန်းချီဆေးရေးကားများတွင် ကဟန်အမူအရာများ အမျိုးမျိုးတွေ့မြင်နိုင်သည်။ မြန်မာတို့၏ ရှေးရိုးတစ်ပင်တိုင်အကသည် ညက်ညောသိမ်မွေ့စွာ ကပြရသော ကကွက်များဖြစ်သည့် အလျောက် နရီ၊ စည်း၊ ဝါး၊ အနှေး၊ အမြန်နှင့်ကကွက် ပြောင်းစေကာမူ ငြိမ့်ညောင်းစွာ လှုပ်ရှားကပြရသော အကတစ်မျိုးဖြစ်သည်။ ရှေးရိုးတစ်ပင်တိုင်အက ၁၂ မျိုးရှိသည်။ ဗောင်းတော်ပြင်၊ မှန်တော်ရှု၊ ပန်းစိုက်၊ သားပိုက်၊ ကျောက်ကောက်၊ ဆံတော်သိမ်း၊ ဖျင်းချင်၊ ဖျင်းဖျတ်ဖျတ်၊ ချွတ်၊ ချွတ်အသေး၊ ကပီ၊ ကရောင်းဟူ၍ဖြစ်သည်။ ထို ၁၂ မျိုးအနက် ပထမပိုင်းခြောက်ပိုင်းသည်အနုပိုင်းဖြစ်ပြီးအမျိုးသမီးက၍ အနု-ခြောက်ခန်းဟုခေါ်သည်။ ဒုတိယပိုင်းခြောက်ပိုင်းသည်ကား အကြမ်းပိုင်းဖြစ်၍ အမျိုးသားကပြီး အကြမ်း-ခြောက်ခန်းဟုခေါ်သည်။ ထိုကကွက်များကိုပင် တစ်နည်းဆိုသော်ယိုးဒယားချခန်းဟု ရှေးကခေါ်တွင်ခဲ့သည်။
အဆိုပါရှေးရိုးတစ်ပင်တိုင်အက(ဝါ) ယိုးဒယားချခန်းကိုပင် ကကွက်၊ ကဟန်များကိုလိုက်၍ ကန်တော့ခန်း၊ သားပိုက်၊ အဝေးမျှော်၊ အနီးမျှော်၊ ကျောက်ကောက်၊ သမင်လိုက်၊ ဖျင်းချင်၊ ကိန္နရာလည်ပြန်၊ ကပီ၊ ဆံသိမ်း၊ ချွတ်၊ မှန်တော်ရှု၊ ပန်းစိုက်၊ ဗောင်းတော်ပြင်ဟူ၍လည်း ၁၄ မျိုးခွဲခြားဖော်ပြထားသည်လည်း ရှိသေးသည်။ မြန်မာ့ရှေးရိုးအကပညာသည် ခက်ခဲရှုပ်ထွေး၍ ကြိုးစားသင်နိုင်မှ အကပညာရရှိသည်။ ခြေဖျားမှ ဦးခေါင်းအထိ ဘယ်ခြေညာလက်၊ ဘယ်မြှောက်ညာချ၊ အင်္ဂါများလှုပ်ရှားပုံ၊ ရင်၊ ခါး၊ ဦးခေါင်းငဲ့၊ မေးတိမ်း၊ လက်ဖျားမှောက်လှန်၊ လက်ချောင်းထားပုံ ကကွက်များကို ဂရုပြုရသည်။
မြန်မာကကွက်များ သရုပ်ဖော်ဇာတ်များသည် စည်းကမ်းနှင့်ဟန်အလွန်ကြီးသည်။ အတီးနှင့်အက၊အကနှင့်ခြေဟန်လက်ဟန်၊ ခြေဟန်လက်ဟန်နှင့် မျက်နှာထားသုံးမျိုး ညီညွတ်ရသည်။ ဟန်ဆိုသည်မှာ တိမ်တောင်တိမ်လိပ်တက်သကဲ့သို့ တစ်ဟန်မှနှစ်ဟန်သို့ တရိပ်ရိပ်ဖြင့် ကူးပြောင်းမှန်းမသိ သိမ်မွေ့စွာ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ရာမဇာတ်တော်ကြီးတွင် ဘိုးတော်၊ ရာမ၊ လက္ခဏာ၊ သီတာတို့ထွက်လျှင် ဖရင်းချား သို့မဟုတ် ဖျင်းကိုတီးမှုတ်ပေးရသည်။
ဘီလူးထွက်လျှင်ထပ်တွန့် သို့မဟုတ် ကရောင်းကို တီးမှုတ်ရသည်။ မျောက်ထွက်လာလျှင် ချွတ် သို့မဟုတ် ကပီကိုတီးမှုတ်ပေးရသည်။ သူ့စည်းကမ်းနှင့်သူဖြစ်၍ အလွန်စည်းကမ်းကြီးသည်။
မြန်မာ့ရုပ်စုံသဘင်နှင့် အငြိမ့်သဘင် ပေါ်ပေါက်လာချိန်ကို လေ့လာလျှင်သုတေသန ပညာရှင်များကပုဂံခေတ်တွင် မြန်မာ့ကကြိုးဆွဲရုပ်သေးပညာ ပန္နက်ရိုက်ဟန်တူသည်ဟု ဆိုကြသည်။ သို့သော်ပေါ်ပေါက်ပြီးဖြစ်သည်ဟု တိတိကျကျ မပြောနိုင်ဘဲ အင်းဝခေတ်သို့ရောက်မှသာ မြန်မာ့ရုပ်စုံသဘင် အသေအချာ ပေါ်လာသည်ဟု မှတ်တမ်းထားရှိကြသည်။ ရုပ်သေးအတတ်ပညာသည် အင်းဝခေတ်ခရစ်နှစ် ၁၅ ရာစုအတွင်းကပင်ရှိပြီးဖြစ်သလို ကုန်းဘောင်ခေတ်တွင် စနစ်တကျတိုးချဲ့ခဲ့သည်။ အငြိမ့်သဘင်ပညာတွင် အနိမ့်သဘင်၊ အမြင့်သဘင်၊ အတီးသဘင်၊ အဆိုသဘင်ဟူ၍ စဉ့်ကူးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်တွင်ထုတ်ပြန်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ရှေးခေတ်က အငြိမ့်အမျိုးမျိုးရှိရာ စောင်းအငြိမ့်၊ တယောအငြိမ့်၊မိကျောင်းအငြိမ့်၊ ပတ္တလားအငြိမ့်ဟူ၍ ရှိခဲ့ပြီး ၎င်းအငြိမ့်များတွင် အကအခုန်မပါဘဲ ယောက်ျား၊ မိန်းမတို့ထိုင်ဆိုကြသည်။ ဗဒုံမင်းလက်ထက်ညဉ့်ဦးယံတွင် ထိုင်ဆိုအငြိမ့် (နန်းတွင်းအငြိမ့်) ခေတ်စားစပြုလာသည်။ ထို့နောက်တွင်မှ နန်းတွင်းတစ်ပင်တိုင်အက(အငြိမ့်)ပေါ်ပေါက်လာရသည်။
မြန်မာ့သရုပ်မှန်အနုပညာသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးနှင့်ဇာတိသွေး၊ ဇာတိမာန်ရှင်သန်မှုကို ရှေးရှုသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖျော်ဖြေမှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်းလုံးဝမရှိပါ။ ယခုဆိုလျှင်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်ဖော်ထုတ်၊ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်(၄)ရပ်နှင့်အညီ ထည်ဝါခံ့ညားစွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် တိုင်းရင်းသားအားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို အခြေခံသောခိုင်မာသည့် အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။