လာအိုနိုင်ငံ၌ ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းကာမိရန် လုပ်ခနည်း အလုပ်သမားများကို လစာနှင့်ထောက်ပံ့စရိတ်ပိုပေး

လူနေမှုစရိတ်ကြီးမြင့်လာခြင်းကို ကာမိရန် လုပ်ခနည်းအလုပ်သမားများကို လစာနှင့် ထောက်ပံ့ စရိတ်ပိုမိုပေးရန် စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များကို လာအိုအစိုးရက ညွှန်ကြားလိုက်သည်။

လာအိုအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် စတင် အာဏာ သက်ရောက်ခဲ့သော အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 

ပထမဆုံး မျောက်ကျောက်ရောဂါ အရေးပေါ်စမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အတည်ပြု

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့က မျောက်ကျောက်ရောဂါ ရှာဖွေစမ်းသပ်မှုအတွက် မှတ်တိုင်တစ်ခုအဖြစ် ပထမဆုံး ရောဂါရှာဖွေစမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားသည်။ 

အာဖရိကတွင် ရောဂါရှာဖွေစမ်းသပ်မှုစွမ်းရည်ကို အကန့်အသတ်ဖြစ်စေပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဆက်လက်ရုန်းကန်နေရချိန်တွင် အဆိုပါ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အလုပ်ရှင်များနှင့် အမေရိကန် ဆိပ်ကမ်းလုပ်သားများ သမဂ္ဂတို့ သဘောတူညီမှုရရှိပြီး သပိတ်အဆုံးသတ်

အမေရိကန်ပြည်ထောင်စု အရှေ့နှင့် ပင်လယ်ကွေ့ကမ်းခြေဆိပ်ကမ်းများရှိ ဆိပ်ကမ်း လုပ်သားများကို ကိုယ်စားပြုသော အလုပ်သမားသမဂ္ဂသည် အလုပ်ရှင်များနှင့် လုပ်ခလစာ ပေးချေမှု တွင် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အောက်တိုဘာ ၃ ရက်တွင် သပိတ်မှောက်မှုကို အဆုံးသတ်ခဲ့သည်။ 

လုပ်ခလစာပေးမှုအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ အခြားသောပြဿနာများအပေါ် သဘောတူ ညီမှု မရရှိခဲ့သည့်အတွက် သမဂ္ဂသည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သပိတ်မှောက်ခဲ့သည်။

ဟစ်ဇ်ဘိုလာ ဆက်သွယ်ရေးဌာန ခေါင်းဆောင်ကို ရှင်းလင်းနိုင်‌ကြောင်း အစ္စရေး တပ်ဖွဲ့ ပြောကြား

လက်ဘနွန်မြို့တော် ဘေရွတ်တွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း ဟစ်ဇ်ဘိုလာ၏ ဆက်သွယ်‌ရေးကွန်ရက် အကြီးအကဲ မိုဟာမက်ရာရှစ်ဆာကာဖီ သေဆုံးခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ကြေညာ သည်။ 

ဆာကာဖီက ၂၀၀၀ ပြည့်နှစ်ကတည်းက ဟစ်ဇ်ဘိုလာတို့၏ ဆက်သွယ်‌ရေးဌာနကို တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းတို့၏ ဌာနများအကြား ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။