အစ္စရေးက ဟစ်ဇ်ဘိုလာကို တိုက်ခိုက်မှု အရှိန်မြှင့်
အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဝေဟင်ရော မြေပြင်ပါ အရှိန်လျှော့ချခြင်းမရှိဘဲ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာက လက်ဘနွန်မှ အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်ရာနှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကပြောသည်။ အစ္စရေးတပ်မတော်သည် ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ် ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂၅၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် တာဝန်ရှိသူများက ပြောသည်။ အခြားတစ်ဖက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအချို့ရ