ဇူလိုင်လက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ၌ ထရမ့်လူထုမဲဆွယ်စည်းရုံးပွဲပြုလုပ်
News Image

အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဇူလိုင်လကပြုလုပ်ခဲ့သော လူထုစုဝေးပွဲတစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလားတွင် လူထုမဲဆွယ်စည်းရုံးပွဲကို ထပ်မံ၍ လုပ်ဆောင်ခဲ့သည်။
သမ္မတဟောင်း ထရမ့်သည် စင်မြင့်တစ်ခု၌ စကားပြောနေစဉ် ၎င်း၏ ညာဘက်နားရွက်ကို ကျည်ဆံထိမှန်ခဲ့သည့် အဆိုပါနေရာသို့ အောက်တိုဘာ ၅ ရက်က ပြန်လည်သွား ရောက်ခဲ့ခြင်း ဖြစ်သည်။