ရုရှားတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Sumy ဒေသရှိ Shostka မြို့၏ ကာကွယ်ရေး စက်ရုံအနီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွား

News Image

ရုရှားတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Sumy ဒေသရှိ Shoska မြို့၏ ကာကွယ်ရေး စက်ရုံအနီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွား

ရုရှားတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Sumy ဒေသရှိ Shostka မြို့၏ ကာကွယ်ရေး စက်ရုံအနီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း သတင်း Channel များက "Impulse" စက်ရုံ၏ ဧရိယာတွင် အားပြင်းသော ပေါက်ကွဲသံကို ကြားခဲ့ပြီး ထို့နောက်တွင် ဆင့်ပွားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့်မီးအလင်းရောင်သည် နာရီပေါင်းများစွာကြာမြင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-  ဒေသတွင်းမီဒီယာ

ရုရှားနိုင်ငံ၏ Belgorod၊ Voronezh နှင့် Bryansk ဒေသများတွင် နိုဝင်ဘာလ ၁၉ရက်နေ့ည၌  ယူကရိန်း က ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် စက်ရုံတစ်ရုံ ပျက်စီး

News Image

maximum range of ATACMS

ရုရှားနိုင်ငံ၏ Belgorod၊ Voronezh နှင့် Bryansk ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ည၌  ယူကရိန်း က ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

Voronezh ဒေသတွင် ဒုံးပျံများ နှင့် UAV များ ပေါင်းစပ် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး Voronezh ဒေသတွင် Mayonnaise  စက်ရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကား - SPUTNIK

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

News Image

2020 election

နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်း ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်ကြေညာသည့် ဥပဒေပြဋ္ဌာန်း

News Image

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်း ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်ကြေညာသည့် ဥပဒေပြဋ္ဌာန်း

ဂျကာတာ နိုဝင်ဘာ ၁၉

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ် ကြေညာသည့် ဥပဒေကို ပါလီမန်က နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မိမိတို့သည် နိုင်ငံ၏ မြို့တော်သစ်အား နျူဆန်တာရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း ပါလီမန်ဒုတိယဥက္ကဋ္ဌ အေဒီးကာဒါက ပြောကြား သည်။