ဖင်လန်နိုင်ငံနှင့် ဂျာမနီနိုင်ငံကို ဆက်သွယ်ထားသော တစ်ခုတည်းသော ရေအောက် ကေဘယ်ကြိုး ပြတ်တောက်

News Image

ရေအောက်ကေဘယ်ကြိုးပြတ်တောက်

နိုဝင်ဘာ ၁၉

ဖင်လန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ ကို ဆက်သွယ်ထားသော တစ်ခုတည်းသော ရေအောက် ကေဘယ်ကြိုး ပြတ်တောက်သွားခြင်းကြောင့်  ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရပါသည်။

ဖင်လန်နိုင်ငံပိုင် Cinia ကုမ္ပဏီသည် တနင်္လာနေ့မွန်းလွဲပိုင်းတွင် ကမ်းလွန်ပင်လယ်ပြင်ရှိ အဆိုပါ ကေဘယ် ကြိုးပြတ်တောက်ကြောင်း ကြေညာခဲ့သည်။ ပြတ်တောက်သွားသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရှိရသေးကြောင်း သိရှိရပါသည်။

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

News Image

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၏ အဓိက စီမံကိန်းတစ်ခုဖြစ်သည်။

Chancay ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားသို့ ပီရူးသမ္မတ ဒိုင်နာဘော်လူရာတီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည်မော်စကိုသို့ ဦးတည်တိုက်ခိုက်လာသော ဒရုန်းနှစ်စီး အပါအဝင် ယူကရိန်းဒရုန်း ၅၉ စီးကို ညတွင်းချင်းဖျက်ဆီးနိုင်ခဲ့

News Image

ukraine

နိုဝင်ဘာ ၁၉

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည်မော်စကိုသို့ ဦးတည်တိုက်ခိုက်လာသော ဒရုန်း နှစ်စီး အပါအဝင် ယူကရိန်းဒရုန်း ၅၉ စီးကို ညတွင်းချင်းဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဘရိုင်ယန်စကီးဒေသတွင် ဒရုန်း ၄၅ စင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ခဲ့ပါသည်။

ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်

News Image

ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်

ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Zaporozhye ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပိုင်နက်တစ်နေရာတွင် ဒုံးကျည်များကျရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့ကြပါသည်။

မြို့တွင်း မီးလောင်ကျွမ်းမှု အများအပြားဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းဘလော့ဂ်များက ပြောဆိုကြပြီး မြို့၏တစ်စိတ်တစ်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်းလည်း သိရှိရပါသည်။