အတောက်ပဆုံးကြယ်ပွင့် ဆုံးရှုံးသွားခြင်း သို့မဟုတ် အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်
အိန္ဒိယနိုင်ငံ၏သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်၊ အိန္ဒိယ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဗိသုကာပညာရှင် နှင့် အမေရိကန်နှင့် အိန္ဒိယနိုင်ငံအကြား သမိုင်းဝင် နျူကလီးယား သဘောတူညီချက်ရေးဆွဲခဲ့သူ အသက် ၉၂ အရွယ် မန်မိုဟန်ဆင်းသည် ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။
သက်ကြီးရောဂါကြောင့် ဆေးကုသမှုခံနေရသူ ဝန်ကြီးချုပ်ဟောင်းသည် ဒီဇင်ဘာ ၂၆ ရက်နေ့က နေအိမ်တွင် ရုတ်တရက် သတိလစ်သွားခဲ့သဖြင့် နယူး ဒေလီမြို့ရှိ AII India ဆေးသိပ္ပံတွင် လက်ခံကုသ ပေးခဲ့ကြောင်း ထိုဆေးရုံကြေညာချက်တွင် ဖော်ပြထား ပါသည်။