တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော်၏ တန်ပြန် တိုက်စစ် အားကောင်းနေ
News Image

တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော်၏ တန်ပြန် တိုက်စစ်အားကောင်းနေပြီး TNLA ဘက်ကလည်း အင်အားဖြည့်တင်းမှုအချို့ ပြုလုပ်လာကြောင်း အဆိုပါစစ်ရေးအခြေအနေအကြောင်း သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
တောင်ခမ်းတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်သည် ချိန်သားကိုက် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်ပြီး တစ်လ ကျော်ကြာခဲ့သည်အထိ နှစ်ဘက်ချိန်ခွင်လျှာ မပြောင်းလဲ ခဲ့သော်လည်း တပ်မတော်၏ ဟန်ချက်ညီ တိုက်ခိုက်မှု နှင့်အတူ စစ်ကူများပါ ထည့်သွင်းကာ တန်ပြန် တိုက်စစ် ဆင်ခဲ့ခြင်းဖြစ်သည်။