ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို

News Image

ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို

ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကာဇက်စတန်နိုင်ငံ Aktau မြို့အနီး ဒီဇင်ဘာ ၂၅ ရက်နေ့က အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီး ပျက်ကျမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် ပိုးလမ်းမ စီမံကိန်း၏ ပဏာမ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာရှအလယ် ပိုင်းကိုဖြတ်၍ အဓိကမီးရထားလမ်းတစ်ခုကို စတင် တည်ဆောက်

News Image

silk road

အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံကိုဖြတ်၍ ဥရောပ သို့ ပို့ဆောင်ရေးစင်္ကြံတည်ဆောက်မည့် တရုတ်နိုင်ငံ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်-ကတ်ဂ်စ္စတန်-ဥဇဘက်ကစ္စတန် မီးရထားလမ်း တည်ဆောက်ခြင်းသည် ဒေသတွင်းဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့်တည်ငြိမ်မှုကိုမြှင့်တင်ရန်အတွက် နိုင်ငံသုံး နိုင်ငံအစိုးရများက ချမှတ်ထားသောမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း မီးရထားလမ်း တည်ဆောက်မှု စတင်ခြင်းအခမ်းအနားနှင့်ပတ်သက်၍ ၎င်း၏ဂုဏ်ပြု မှတ်တမ်းတွင်ဖော်ပြထားပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်နက်ကိုင် ပုန်ကန်မှုများအတွက် ပြစ်ဒဏ်များကို ပိုမိုတင်းကြပ်စေရန် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး

News Image

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်နက်ကိုင် ပုန်ကန်မှုများအတွက် ပြစ်ဒဏ်များကို ပိုမိုတင်းကြပ်စေရန် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံတွင် လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြစ်ဒဏ်သည်ပိုမိုတင်းကျပ်ခဲ့ပြီး ထိုကဲ့သို့သော လုပ်ရပ် အတွက် အနိမ့်ဆုံး ထောင်ဒဏ် ၁၅ နှစ်မှ ၂၀ နှစ် အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ထိုဥပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများကိုတရားဝင် ဥပဒေဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား ပါသည်။

ယခင်က လက်နက်ကိုင်ပုန်ကန်မှုများအတွက် စည်းရုံးရန် (သို့မဟုတ်) တက်ကြွစွာပါဝင်ရန် လုပ်ဆောင်မှုအတွက် အနိမ့်ဆုံးပြစ်ဒဏ်ကို ထောင်ဒဏ် ၁၂ နှစ်မှ ၂၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း  မိုင်းထောင် ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်း များအပါအဝင် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံ သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက် လုယက်ခြင်းစသည့်အကြမ်းဖက်လုပ်ငန်း