အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရ

News Image

 အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရ

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးကြရာ မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာတို့၌ ခရမ်းချဉ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် အိုးလုပ်ငန်းစတင်လုပ်ကိုင်

News Image

 ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် အိုးလုပ်ငန်းစတင်လုပ်ကိုင်

ကျွန်းလှ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရန်အတွက် အိုးလုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဟေတီနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း တစ်သန်းကျော်ရှိဟု အိုင်အိုအမ်ပြော

News Image

ဟေတီနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း တစ်သန်းကျော်ရှိဟု အိုင်အိုအမ်ပြော

ပေါ့သ်အူပရင့်စ်  ဇန်နဝါရီ ၁၅

ဟေတီနိုင်ငံ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၀၄၁ သန်းကျော်ရှိကြောင်း‌ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်) ကပြောသည်။ အဆိုပါ ပမာဏမှာ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၉ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံက Smart Dragon-3 ဒုံးပျံဖြင့် ပင်လယ်ထဲမှ ဂြိုဟ်တုများလွှတ်တင်

News Image

တရုတ်နိုင်ငံက Smart Dragon-3 ဒုံးပျံဖြင့် ပင်လယ်ထဲမှ ဂြိုဟ်တုများလွှတ်တင်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်မှ Smart Dragon-3 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ကာ ၎င်းဒုံးပျံမှာ CentiSpace 01 ဂြိုဟ်တုအစုအဝေးအား သတ်မှတ် ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား ဟိုင်ရန်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကမ်းလွန်၌ ဒုံးပျံလွှတ်တင်မှုမစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ