Twitter ရှယ်ယာဝယ်ယူမှု ထုတ်ပြန်ရန် ပျက်ကွက်သဖြင့် အီလွန်မက်စ် တရားစွဲခံရ

News Image

Twitter ရှယ်ယာဝယ်ယူမှု ထုတ်ပြန်ရန် ပျက်ကွက် သဖြင့် အီလွန်မက်စ် တရားစွဲခံရ

တွစ်တာ စတော့ရှယ်ယာပိုင်ဆိုင်မှုကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့မှု၊ ကုမ္ပဏီရှယ်ယာများကို ဈေးနှိမ်ပြီး ဝယ်ယူပိုင်ဆိုင်ခဲ့မှုများကြောင့် အီလွန်မက်စ်အား အမေရိကန်ဘဏ္ဍာရေးပညာရှင်တစ်ဦးက တရားစွဲဆိုထားကြောင်း သိရှိရပါသည်။

Volkswagen ရောင်းအားကျပြီး ၂၀၂၄ ခုနှစ်အတွက် Toyota ကမ္ဘာ့ထိပ်ဆုံးနေရာရရှိ

News Image

Volkswagen ရောင်းအားကျပြီး ၂၀၂၄ ခုနှစ်အတွက် Toyota ကမ္ဘာ့ထိပ်ဆုံးနေရာရရှိ

ဂျာမဏီ မော်တော်ကားကုမ္ပဏီ Volkswagen ၏ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာရောင်းအား ကျဆင်းသွားခဲ့ပြီး ၎င်း၏ပြိုင်ဖက် ဂျပန်ကားကုမ္ပဏီ Toyota Motor က ၅ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူရန်ရှိနေကြောင်း သိရှိရပါသည်။

ယမန်နှစ်က ကမ္ဘာတစ်ဝန်း၌ ကားအစီးရေ ၉.၀၂ သန်း ရောင်းချခဲ့ရကြောင်း Volkswagen ကားကုမ္ပဏီက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ အချက်အလက်များအရ ၂၀၂၃ ခုနှစ်ကထက် ၂.၃ % ကျဆင်းသွားခဲ့ရခြင်းဖြစ်ပါသည်။

ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် LNG ထောက်ပံ့ရေးနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီခဲ့ကြ

News Image

ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် LNG ထောက်ပံ့ရေးနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီခဲ့ကြ

မော်စကိုသည် ဗီယက်နမ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG)နှင့်ရေနံများထောက်ပံ့ပေးရန် ဆန္ဒရှိပြီး ဗီယက်နမ်၏ နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အာရှမိတ်ဖက်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့နိုင်ရေးကြိုးပမ်းနေကြောင်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ဇန်နဝါရီ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

ရုရှားနှင့်ဗီယက်နမ်တို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများအား အပြန်အလှန် ထောက်ပံ့ကူညီရန် သဘောတူညီခဲ့ကြောင်း Mishustin ၏ ဟနွိုင်းသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်းထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်အရသိရသည်။

UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

News Image

UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားစစ်သည် ၂၅ ဦးအား ယူကရိန်းကလွှတ်ပေးခဲ့ပြီး ရုရှားကလည်း ယူကရိန်းစစ်သည် ၂၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ရုရှားစစ်သည်များကို ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများအပြင် မိသားစု၊ ချစ်ခင်ရသူများနှင့် ဆက်သွယ်နိုင်စေရန်ဆောင်ရွက်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။