Tik Tok ကို အီလွန်မတ်စ်ထံ တရုတ်ရောင်းချလို

News Image

Tik Tok ကို အီလွန်မတ်စ်ထံ တရုတ်ရောင်းချလို

Tik Tok ကို တရုတ်နိုင်ငံသားမဟုတ်သည့် ကုမ္ပဏီထံရောင်းချရမည်ဆိုပါက အီလွန်မတ်စ်ထံ ရောင်းချပေးလိုကြောင်း တရုတ်အရာရှိကြီးများက ပြောကြား လိုက်ပါသည်။

တရုတ်နိုင်ငံအနေဖြင့်မူ Tik Tok ကို တရုတ်ကုမ္ပဏီ ByteDance လက်အောက်တွင် ဆက်လက်ထားရှိလိုပြီး ကုမ္ပဏီအနေဖြင့်လည်း အမေရိကန်က TikTok ပိတ်သိမ်းရန်ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အမေရိကန်တရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းရန် ဆောင်ရွက်နေကြပါသည်။ သို့သော် ဇန်နဝါရီ လ ၁၀ ရက်နေ့တွင်ကြားနာမှုများအရ တရားလွှတ်တော်ချုပ်သည်အမေရိကန်တွင် Tik Tok ပိတ်ပင်မည့်ဥပဒေကို အတည်ပြုရန် အလားအလာများနေပါသည်။

ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ကြီး အိန္ဒိယနိုင်ငံတွင် စတင်

News Image

ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ကြီး အိန္ဒိယနိုင်ငံ တွင် စတင်

အိန္ဒိယနိုင်ငံ Uttara Paradash ပြည်နယ်၊ Prayagraj မြို့မြောက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် Mahakumbh Mela ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် သန်းနဲ့ချီသော ဘုရားဖူးများ စုဝေး‌ရောက်ရှိနေကြပါသည်။

ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဂင်္ဂါမြစ်၊ Yamuna မြစ်နှင့် ဒဏ္ဍာရီလာ Saraswati မြစ်တို့ပေါင်းဆုံရာ Sangam တွင် ရေချိုးရန်အတွက် ၆ ပတ်တာကာလအတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှ ဟိန္ဒူဘာသာဝင်များ ဘုရားဖူးလာရောက်ကြခြင်းဖြစ်သည်။

ဟိန္ဒူဘာသာဝင်များသည် မြင့်မြတ်သော ရေကိုချိုးခြင်းဖြင့် အပြစ်များကိုသန့်စင်စေသည်ဟု ယုံကြည်ကြသည်။

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ အမျိုးအစား ခွဲခြားမရသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

News Image

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ အမျိုးအစား ခွဲခြားမရသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၃ ရက်နေ့က ဂျပန်ပင်လယ်ထဲသို့ အမျိုးအစား ခွဲခြားမရနိုင်သော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည် သည် ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်နိုင်ကြောင်း တောင်ကိုးရီးယားနိုင်ငံက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး အဆိုပါဒုံးကျည်မှာ မိမိနိုင်ငံကို ကာကွယ်ရန်တီထွင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့သည်။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်

News Image

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ရက်တိုးဖွင့်လှစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပရန်သတ်မှတ်ခဲ့ရာမှ လာမည့် ဇန်နဝါရီလ ၁၉ ရက်အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။