အမေရိကန်တွင် RedNote ပလက်ဖောင်းသုံးစွဲမှု ဆက်တိုက်မြင့်တက်လျက်ရှိ

News Image

အမေရိကန်တွင် RedNote ပလက်ဖောင်းသုံးစွဲမှု ဆက်တိုက်မြင့်တက်လျက်ရှိ

Tik Tok ပိတ်သိမ်းမည့်ဥပဒေကို အမေရိကန်တွင် မပြဋ္ဌာန်းသေးမီအချိန်အတွင်း အမေရိကန်ပြည်သူများအကြား Xiaohongshu ဟု လူသိများသော တရုတ်နိုင်ငံထုတ် RedNote ပလက်ဖောင်းသုံးစွဲမှု မြင့်တက် လျက်ရှိနေပြီး ၂ ရက်တာအတွင်း သုံးစွဲသူ ၇ သိန်းကျော် အထိ တိုးများလာလျက်ရှိကြောင်း သိရပါသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က RedNote ပလက်ဖောင်းတွင် Tik Tok ဒုက္ခသည်များ တိုက်ရိုက်စကားဝိုင်းကို အမေရိကန်ပြည်သူ ၅ သောင်းကျော်နှင့် တရုတ်ပြည်သူတို့ အတူတကွ အသုံးပြု၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ထောက်ပံ့ရောင်းချသွားရန် စီစဉ်နေကြောင်း ထရမ့်၏ လုံခြုံရေးအကြံပေး ပြောကြား

News Image

ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ထောက်ပံ့ရောင်းချသွားရန် စီစဉ်နေကြောင်း ထရမ့်၏ လုံခြုံရေးအကြံပေး ပြောကြား

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ထိုင်ဝမ်သို့ လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများတိုးမြှင့်ထောက်ပံ့ရောင်းချပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ပေးထားသူ Mike Waltz က ပြောကြားလိုက်ပါသည်။ 

ထို့ပြင် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန် ဒေါ်နယ်ထရမ့်က ရည်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားထားပါသည်။

ရုရှားစစ်ပွဲ ၃ နှစ်ပြည့် အီးယူ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာမလား

News Image

ရုရှားစစ်ပွဲ ၃ နှစ်ပြည့် အီးယူ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာမလား

ဥရောပကော်မရှင်သည် ရုရှားနိုင်ငံအပေါ် ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်ချမှတ်ရန် အဆိုတင်သွင်းထားကြောင်း ထိုအစီအစဉ်တွင် ရုရှား၏ အဓိက အလူမီနီယမ်တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရန် ရည်ရွယ်ထားကြောင်း ဥရောပသတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ပြောပြထားပါသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီတွင် အဆိုပါ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်ချမှတ်ရန် အီးယူနိုင်ငံများက မျှော်လင့်ထားကြကြောင်း ဖော်ပြထားပါသည်။ 

ဗီယက်နမ်နိုင်ငံသို့ ရုရှားဝန်ကြီးချုပ် အလည်အပတ် ရောက်ရှိ

News Image

ဗီယက်နမ်နိုင်ငံသို့ ရုရှားဝန်ကြီးချုပ် အလည်အပတ် ရောက်ရှိ

ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က အလည်အပတ်ရောက်ရှိလာသော ရုရှားဝန်ကြီးချုပ် Mikhail Mishustin ကို ဗီယက်နမ်နိုင်ငံက ဂုဏ်ပြုပွဲအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

ရုရှားဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko နှင့် Alexey Overchuk၊ ဘဏ္ဍာရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ စီးပွားဖွံ့ဖြိုးရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးတို့ လိုက်ပါလာကြကြောင်း သိရှိရပါသည်။