လေပြင်းတိုက်ခတ်မှု ပိုမိုပြင်းထန်လာ၍ လော့စ်အိန်ဂျလိစ်မီး အရေးပေါ်သတိပေးထားရ

News Image

လေပြင်းတိုက်ခတ်မှု ပိုမိုပြင်းထန်လာ၍ လော့စ်အိန်ဂျလိစ်မီး အရေးပေါ်သတိပေးထားရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ဝန်းကျင်တွင် လောင်ကျွမ်းလျက်ရှိသော တောမီးသည် လွန်ခဲ့သော သီတင်းပတ် ဇန်နဝါရီ ၇ ရက်နေ့ညနေမှ စတင်လောင်ကျွမ်းခဲ့ ပါသည်။ 

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူကင်းစင်ရေး လုံခြုံရေး တိုးမြှင့်

News Image

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး လုံခြုံရေး တိုးမြှင့်

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်သို့ တက်၍ PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်နေခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ကင်းစင်ရေးအတွက် အမြန်လမ်းမကြီးပေါ်တွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ ရန်သူတော်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

News Image

ဒေါ်နယ်ထရမ့်၏ ရန်သူတော်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

မကြာမီ ရာထူးမှအနားယူတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်းရာထူးမှ အနားမယူမီ ဒေါ်နယ်ထရမ့်၏ ပစ်မှတ်ထားခြင်းခံရဖွယ်ရှိနေသူများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေကြောင်း သိရှိရပါသည်။

ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်သည် ၎င်းသမ္မတ ဖြစ်လာချိန်တွင် ပြိုင်ဘက်နိုင်ငံရေးသမားများကို ဖိနှိပ်ခြင်းများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်းနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးကိစ္စအား စဉ်းစားနေဆဲဖြစ်ပြီးအပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များအပေါ်တွင် မူတည် နေကြောင်းပြောပါသည်။

NATO အထွေထွေအတွင်းရေးမှူးက အဖွဲ့ဝင်များအား ရုရှားစကား စတင်လေ့လာရန် သတိပေး

News Image

NATO အထွေထွေအတွင်းရေးမှူးက အဖွဲ့ဝင်များအား ရုရှားစကား စတင်လေ့လာရန် သတိပေး

နေတိုးအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ရန်လိုအပ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက ရုရှားစကားကို စတင်လေ့လာရန်လိုအပ်ကြောင်း NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Mark Rutte က ပြောကြားခဲ့သည်။

ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ (AFET) နှင့် လုံခြုံရေးနှင့်ကာကွယ်ရေးဆပ်ကော်မတီ (SEDE) တို့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ပူးတွဲ အစည်းအဝေးအပြီး Rutte က ပြောကြားခဲ့ခြင်းဖြစ်သည်။