တရုတ်နှင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့
News Image

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ပါသည်။
တရုတ်နှင့်အမေရိကန် အစိုးရများအနေဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းကာ တည်ငြိမ်ခိုင်မာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးကို တွန်းအားပေးသင့်သည်ဟု Wang က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါသည်။