ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှု စတင်

News Image

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှု စတင်

ဘယ်လာရုစ်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၅,၃၀၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း၊ ဆန္ဒမဲပေးနိုင်သည့် ဘယ်လာရုစ် နိုင်ငံသား ၆.၉ သန်းခန့်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအချိန် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) အထိ မဲရုံများအား ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက် မဲမပေးနိုင်သည့် နိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ရက်အတွင်း ဆန္ဒမဲပေးနိုင်သော နိုင်ငံသား၏ ၄၁.၈၁ ရာခို

အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

News Image

အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက X အမှတ်အသားပါသော တတိယလိင်အမျိုးအစား Passport များကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။ခရီးသွားရန်အတွက် ထောက်ခံစာ၌ လိင် ၂မျိုးသာ ရှိရမည်ဖြစ်ပြီး အမျိုးသား (သို့) အမျိုးသမီးဟုသာ လိင်အမျိုးအမည်ကို ခွဲခြားခွင့်ပြုထားသည်။ သို့ဖြစ်ရာ X လိင်သမားများအနေဖြင့် အမျိုးသား(သို့) အမျိုးသမီးအဖြစ် ပြန်ပြောင်း လျှောက်ထားရမည်ဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

News Image

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက် ကျင်းပ ပြုလုပ်သည်။

ယူကရိန်းကို အမေရိကန် အထောက်အပံ့စတင်ရပ်စဲ

News Image

ယူကရိန်းကို အမေရိကန် အထောက်အပံ့စတင်ရပ်စဲ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှု အားလုံးနီးပါးကို ရက် ၉၀ ကြာ ရပ်ဆိုင်းလိုက်ကြောင်း Politico သတင်းဌာန က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားသို့ ပေးပို့ နေသော အကူအညီအားလုံးကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။