CIA ဒါရိုက်တာအသစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု
News Image

အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၂၃ ရက် တွင် CIA ၏ ဒါရိုက်တာအဖြစ် သမ္မတ Donald Trump ၏ အမည်စာရင်းတင်သွင်းခံရသူ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း John Ratcliffe ကို ထောက်ခံအတည်ပြုခဲ့ကြသည်။
ဒီမိုကရက်ပါတီမှ ၂၀ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦးတို့ကလည်း ရီပတ်ပလီကင်ပါတီမှ အမည်စာရင်းတင်သွင်းမှုကို ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၅ မဲဖြင့် Ratcliffe ကို CIA ဒါရိုက်တာအဖြစ် အတည်ပြုခဲ့ကြသည်။