မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံတွေ့နေသည့် နိုင်ငံခြားသား များကို ရှာဖွေကူညီကယ်တင်ပေးမှုများ ဆောင်ရွက်

News Image

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံတွေ့နေသည့် နိုင်ငံခြားသား များကို ရှာဖွေကူညီကယ်တင်ပေးမှုများ ဆောင်ရွက်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသောကာလဖြစ်သည့် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများကြုံတွေ့နေသော နိုင်ငံခြားသားများကို ကူညီစုံစမ်း ရှာဖွေကယ်တင်ပေးနိုင်ပါရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးအရာရှိ လမ်းကြောင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာများ ပေးပို့လာခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင် ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁၁၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီးတွင် ဧလိယ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၁၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဧလိယ(၂၅)နှစ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ(၁၇)နှစ်တို့အား မူ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မောင်ကျော်၏ ပလတ်စတစ်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၀၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မောင်ကျော်(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသ