အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

News Image

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ဩစတြေးလျနိုင်ငံ အာသာမြစ်ကမ်းခြေတွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေ

News Image

ဩစတြေးလျနိုင်ငံ အာသာမြစ်ကမ်းခြေတွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေ

ကင်ဘာရာ  ဖေဖော်ဝါရီ ၁၉

ဩစတြေးလျနိုင်ငံ တက်စမေးနီးယားနယ်မြေအတွင်းရှိ အာသာကမ်းခြေ၌ ယနေ့တွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေသည်ဟု တက်စမေးနီးယားနယ်မြေ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်တိုနီတေလာ တာဝန်ယူကြီးကြပ်မည်

News Image

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်တိုနီတေလာ တာဝန်ယူကြီးကြပ်မည်

လန်ဒန်   ဖေဖော်ဝါရီ ၁၉ 

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကစားမည့် အရေးကြီးပွဲစဉ်ဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ထိပ်တန်းဒိုင်လူကြီးတစ်ဦးဖြစ်သည့် အန်တိုနီတေလာက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန်စီးတီးအသင်း အိမ်ကွင်းတွင် ကစားသွားရမည်ဖြစ်သည်။

လက်နက်ကိုင်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

News Image

လက်နက်ကိုင်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင် အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။