မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ

News Image

၃၁-၁-၂၀၂၅ ရက်တွင် နိုင်ငံခြားသား ၆၁ ဦးအား စိစစ်မှု မှတ်တမ်းဓာတ်ပုံ။

 ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြည်ပနိုင်ငံသား ၇၉၉ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

17 February 2025

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီထေ့(ခ)လီထောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် လီထေ့(ခ)လီထောင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်တတ်သည့် ဗက်တီးရီးယားတစ်မျိုးက အော်တစ်ဇင်၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်

News Image

နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်တတ်သည့် ဗက်တီးရီးယားတစ်မျိုးက အော်တစ်ဇင် ၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်

ပေကျင်း  ဖေဖော်ဝါရီ ၁၉

နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်လာတတ်သော အကျိုးပြုဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင်ရောဂါ၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် အော်တစ်ဇင်ရောဂါကို စိတ်ကျန်းမာရေးဆေးဝါးများဖြင့် ဆေးပညာရှင်များက ကုသပေးနေရသည်။