ယူအေအီးနှင့် နယူးယောက်ခ်၌ ကူးစက်မြန် မျောက်ကျောက်ရောဂါမျိုး အသစ်တစ်ခုတွေ့

News Image

ယူအေအီးနှင့် နယူးယောက်ခ်၌ ကူးစက်မြန် မျောက်ကျောက်ရောဂါမျိုး အသစ်တစ်ခုတွေ့

အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်ခ်တွင် ကူးစက်မြန် Clade 1b mpox မျောက်ကျောက် ရောဂါမျိုးစိတ် အသစ်တစ်မျိုးကိုတွေ့ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက ထုတ်ပြန်ထားပါသည်။ ကျန်းမာရေးအဖွဲ့၏အဆိုအရ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသော အဆိုပါလူနာနှစ်ဦးစလုံးသည် အာဖရိကသို့ ခရီးထွက်ဖူးသော ရာဇဝင်ရှိခဲ့ပြီး အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှုကိုမတွေ့ရှိမီ လွန်ခဲ့သည့်လတွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပါသည်။

မြန်မာတို့၏ သဒ္ဓါအဟုန်ဖြင့် မြတ်ရွှေတိဂုံတွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း

လေးဆူဓာတ်ပုံရွှေတိဂုံ

မြန်မာနိုင်ငံ၏ ကျက်သရေဆောင်ဖြစ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အချိန်ကပင် တည်ထားခဲ့သော စေတီတော်ကြီးဖြစ်ပါသည်။

မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူပြီး လင်းလွန်းပင်နေရာမြတ်၌ ဘုရားရှင်စံမြန်းတော်မူစဉ် ဒဂုံတိုင်းဥက္ကလာပမြို့သား ကုန်သည်ညီနောင်ဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့က ဘုရားရှင်ထံ ဆွမ်းဦးဒါနပြုရာ ဘုရားရှင်က ပေးသနားတော်မူခဲ့သော ဆံတော်မြတ်ရှစ်ဆူအား စေတီတော်တွင် ထည့်သွင်းဌာပနာထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာ

News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြထားပါသည်။ 

ဆော်ဒီအာရေးဗီးယားတွင် ကျင်းပမည့် အမေရိကန်-ရုရှား ဆွေးနွေးပွဲအတွက် ယူကရိန်းဘက်သို့ “ဖိတ်ကြားခြင်းမရှိသလို အသိပေးခြင်းလည်း မရှိခဲ့ကြောင်း” ယူကရိန်းအရာရှိတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Fox News ၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

အမေရိကန်ဘက်မှ အစပြုမှုဖြင့် ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲများအကြား တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ်

News Image

အမေရိကန်ဘက်မှ အစပြုမှုဖြင့် ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲများအကြား တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ်

အမေရိကန်ဘက်မှ အစပြုမှုဖြင့် ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲများအကြား တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့သည် ရုရှား-အမေရိကန် ဆက်ဆံရေးတွင် ပြဿနာများကို ဖြေရှင်းရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထားရှိရန် သဘောတူညီခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။