ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမက်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ်သတိပေး
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ အနေဖြင့် ပြန်လွှတ်ပေးရန် ကျန်ရှိနေသူများကို ဖေဖော်ဝါရီ ၁၅ ရက် အထိ ပြန်မလွှတ်ပေးပါက အပစ်ခတ်ရပ်စဲရေးပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်းသိရသည်။
ပြီးခဲ့သောသီတင်းပတ်သုံးပတ်အတွင်း ဟားမက်စ်အဖွဲ့က ဖမ်းဆီးထား သူ ၂၁ ဦးကိုပြန်လွှတ်ပေးခဲ့ကာ အစ္စရေးအစိုးရကလည်း ဖမ်းဆီးထားသူ ပါလက်စတိုင်း လူမျိုးရာချီ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက “ဟားမက်စ်အဖွဲ့၏ ကြေညာချက်က သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရသူများကို ပြန်မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံတိုက်ခိုက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နေတန်ရာဟုသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လုံခြုံရေးအဖွဲ့အစည်းများနှင့် လေးနာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့ကို သတိပေးခဲ့ခြင်းဖြစ်သည်။ ဟားမက်စ်အဖွဲ့က အစ္စရေးသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ကန့်သတ်ခဲ့သလို နေရပ်စွန့်ခွာသူများကိုပြန်ရန် တားဆီးခြင်းများရှိနေကြောင်း လွန်ခဲ့သောရက်ပိုင်းက သတင်း ထုတ်ပြန်ထားသည်။
ကိုးကား-NP News