ဂျပန်တွင် မတ်လ ၁၁ ရက်နေ့ ဘေးအန္တရာယ်ကျရောက်ခဲ့ခြင်း ၁၄ နှစ်ပြည့်မြောက်

News Image

ဂျပန်တွင် မတ်လ ၁၁ ရက်နေ့ ဘေးအန္တရာယ်ကျရောက်ခဲ့ခြင်း ၁၄ နှစ်ပြည့်မြောက်

ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများသည် လွန်ခဲ့သော ၁၄ နှစ်က ဆူနာမီ ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ကြသည့် သောင်းနှင့်ချီသော အသက်ဆုံးရှုံးခဲ့ရသူများကို ပြန်ပြောင်းသတိရခဲ့ကြကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ငလျင်နှင့် ဆူနာမီလှိုင်းများသည် ဂျပန်အရှေ့ပိုင်းရှိ ပစိဖိတ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအတွင်း၌ ယနေ့အထိ အကျိုးဆက်များအဖြစ် ဖြစ်ပေါ်နေခဲ့သည့် နျူကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ယူကရိန်း၏ ရာနှင့်ချီသော ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် Oreshnik ဒုံးများဖြင့် ပြန်လည်တုန့်ပြန်သင့်ဟု ရုရှားအမတ် တိုက်တွန်း

News Image

ယူကရိန်း၏ ရာနှင့်ချီသော ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် Oreshnik ဒုံးများဖြင့် ပြန်လည်တုန့်ပြန်သင့်ဟု ရုရှားအမတ် တိုက်တွန်း

ရုရှားနိုင်ငံအတွင်းရှိ လူနေရပ်ကွက်များနှင့် အရပ်သားအဆောက်အအုံများကို ပစ်မှတ်ထားသည့် ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် Oreshnik ဒုံးများဖြင့် ပြန်လည်တိုက်ခိုက်သင့်ကြောင်း ရုရှား အမျိုးသားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်နှင့်ဆွေးနွေးမှုများသည် လွန်စွာအပြုသဘောဆောင်ဟု ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဆို

News Image

အမေရိကန်နှင့်ဆွေးနွေးမှုများသည် လွန်စွာအပြုသဘောဆောင်ဟု ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဆို

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Andry Yermak က မတ်လ ၁၁ ရက်နေ့တွင် ဆော်ဒီ၌ ကျင်းပခဲ့သော အမေရိကန်နှင့် ဆွေးနွေးပွဲများသည် လွန်စွာအပြုသဘောဆောင်သော ရလဒ်များဖြင့် စတင်ခဲ့သည်ဟုဆိုသည်။

“အမေရိကန်အဖွဲ့နှင့် တွေ့ဆုံမှုသည် လွန်စွာအပြုသဘောဆောင်မှုများနှင့်စတင်ခဲ့ပြီး တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ၎င်းတို့ လုပ်ဆောင်နေပါသည်” ဟု ယူကရိန်းသမ္မတ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Yermak က ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျတွင် ဆွေးနွေးမှုများ ကျင်းပနေစဉ် ရုရှားက Kursk ဒေသ၌ စတုရန်းမိုင် ၄၀ နီးပါးကို ပြန်လည်သိမ်းပိုက်နိုင်ဟု ဆို

News Image

ဆော်ဒီအာရေဗျတွင် ဆွေးနွေးမှုများ ကျင်းပနေစဉ် ရုရှားက Kursk ဒေသ၌ စတုရန်းမိုင် ၄၀ နီးပါးကို ပြန်လည်သိမ်းပိုက်နိုင်ဟု ဆို

ရုရှားက မတ်လ ၁၁ ရက်(အင်္ဂါ)နေ့တွင် ၎င်း၏အနောက်တောင်ပိုင်း Kursk ဒေသတွင် စတုရန်းကီလိုမီတာ ၁၀၀ ကျော် (စတုရန်းမိုင် ၄၀ နီးပါး) ကို ပြန်လည်သိမ်းပိုက်နိုင်ဟု ပြောကြားခဲ့သည်။ ရုရှား၏ ရည်မှန်းချက်မှာ ယူကရိန်းတပ်များကို ရုရှားပိုင်နယ်မြေမှ မောင်းထုတ်ရန် ဖြစ်သည်။