တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယားက ပြင်းထန်စွာ ရှုတ်ချလိုက်ခြင်း

တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်ဆိုက်ကပ်ခဲ့မှုအပေါ် “နိုင်ငံရေးနှင့်စစ်ရေးအရကျူးကျော်ရန်စမှု” အဖြစ် အမေရိကန်ကို မြောက်ကိုရီးယား က ပြင်းထန်စွာရှုတ်ချကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယူဂျောင်း၏ ထုတ်ပြန်ချက်ပြောကြားချက်ကို နိုင်ငံပိုင်ရုပ်သံဖြစ်သည့် KCNA ရုပ်သံတွင် မတ်လ ၄ ရက်နေ့က ထုတ်လွှင့်ဖော်ပြ ခဲ့ပါသည်။

ဂျပန်နိုင်ငံ အီဝါ့တဲခရိုင်တွင် တောမီးဆက်လက်လောင်ကျွမ်းနေ၊ မီးလောင် ကျွမ်းမှုဧရိယာ ၂,၁၀၀ ဟက်တာအထိရှိလာ

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ အီဝါ့တဲခရိုင်၊ အိုဖူနာတိုမြို့၏ တောမီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၂,၁၀၀ ဟက်တာခန့် တိုးချဲ့လာကြောင်း ဂျပန်ကျိုဒိုသတင်းဌာန၏ မတ် ၃ ရက် သတင်းအရ သိရသည်။

၂၀၂၅ ခုနှစ်၊ တိုကျိုမာရသွန်အပြေးပြိုင်ပွဲ

News Image

၂၀၂၅ ခုနှစ်၊ တိုကျိုမာရသွန်အပြေးပြိုင်ပွဲ

၂၀၂၅ ခုနှစ်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံးသော တိုကျိုမာရသွန်အပြေးပြိုင်ပွဲတွင် အားကစား သမားပေါင်း ၃၈,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်းအပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်သည့်သူများသာ မတ်လ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ လက်ရွေးစင်အပြေးသမားများကိုလည်း ဖိတ်ကြားခဲ့ပြီး အဆိုပါပြိုင်ပွဲကို တိုကျိုမြို့တော်၊ Shinjuku အဆောက်အအုံ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် "အစည်းအဝေးကြီးနှစ်ရပ်" ၌ စောင့်ကြည့်ရမည့် အကြောင်းအရာများ

တရုတ်ပြည်လုံးဆိုင်ရာ “အစည်းအဝေးကြီးနှစ်ရပ်” အား ပေကျင်းမြို့တွင် လာမည့်သီတင်းပတ်အတွင်း ကျင်းပ သွားမည်ဖြစ်သည်။

ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးအား မတ် ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ကာ ထိပ်တန်း ဥပဒေပြု အာဏာပိုင် အဖွဲ့ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးကိုမူ မတ် ၅ ရက်၌ ဖွင့်လှစ်မည် ဖြစ်သည်။