အရွယ်ရောက်ပြီးသူအများစုနှင့် ကလေးများ၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် အဝလွန်ခြင်း ကြုံတွေ့ရနိုင်

News Image

အရွယ်ရောက်ပြီးသူအများစုနှင့် ကလေးများ၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် အဝလွန်ခြင်း ကြုံတွေ့ရနိုင်

အရွယ်ရောက်ပြီးသူအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာပေါ်ရှိ ကလေးအားလုံး၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် အဝလွန်ခြင်းနှင့် ကြုံတွေ့ရနိုင်ကြောင်း လေ့လာမှုအသစ် တစ်ခုက ဆိုသည်။

မတ် ၄ ရက်(အင်္ဂါ)နေ့က Lancet ဆေးပညာဂျာနယ်တွင် ရေးသားထားသည့် သုတေသနသည် နိုင်ငံပေါင်း ၂၀၄ နိုင်ငံမှ အချက်အလက်များကို အသုံးပြု၍လေ့လာထားခြင်းဖြစ်ပြီး ရာစုနှစ်အတွင်း ကြီးမားသော ကျန်းမာရေးစိန်ခေါ်မှုများထဲမှ တစ်ခုအဖြစ် ဖော်ပြထားသည်။

E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ

News Image

E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ

လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရ ထိန်းချုပ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

မတ် ၃ ရက်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၅) ကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုံ့ပြန် လိုက်သော်လည်း ညှိနှိုင်းဆွေးနွေးလိုသည့် ဆန္ဒလည်းရှိ

News Image

တရုတ်နိုင်ငံသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုံ့ပြန် လိုက်သော်လည်း ညှိနှိုင်းဆွေးနွေးလိုသည့် ဆန္ဒလည်းရှိ

“တရုတ်နိုင်ငံသည် မည်သည့်ကုန်သွယ်ရေးစစ်ပွဲကိုမဆို အဆုံးတိုင် တိုက်ခိုက်မည်” ဟု ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် တရုတ်နိုင်ငံက အမေရိကန်မှ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် တုံ့ပြန်အခွန်စည်းကြပ်မှုများ ကျင့်သုံးမည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် တရုတ်၏ နောက်ဆုံးတုံ့ပြန်အစီအမံများသည် အစပိုင်း တိုက်ခိုက်မှုသာဖြစ်ပြီး တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သေးကြောင်း ဆိုသည်။

Ofunato တောမီး ၆ ရက်ကြာ လောင်ကျွမ်းခဲ့ပြီး မြို့၏ ၈% ကို ဖျက်ဆီး

News Image

Ofunato တောမီး ၆ ရက်ကြာ လောင်ကျွမ်းခဲ့ပြီး မြို့၏ ၈% ကို ဖျက်ဆီး

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Iwate ခရိုင်တွင်လောင်ကျွမ်းလျက်ရှိသော တောမီးလောင်ကျွမ်းမှုသည် မတ်လ ၄ ရက်(အင်္ဂါ)နေ့၌ ၆ ရက်မြောက် နေ့အဖြစ် ရောက်ရှိခဲ့ပြီး Ofunato မြို့၏ ၈ % ခန့် မီးလောင်ကျွမ်း ပျက်စီး ခဲ့ရသည်။

မတ်လ ၃ ရက်(တနင်္လာ)နေ့ နံနက်ပိုင်း၌ နောက်ထပ် ဟက်တာ ၅၀၀ မီးလောင်ကျွမ်းခဲ့ပြီး အင်္ဂါနေ့ နံနက် ၆ နာရီအထိ စုစုပေါင်း ဟက်တာ ၂,၆၀၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါသည်။