အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဆိုက်ဘာစောင့်ကြည့် တိုက်ခိုက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်း
News Image

ပင်တဂွန်က ရုရှားနိုင်ငံအပေါ် ဆိုက်ဘာလုံခြုံရေးအတွက် အန္တရာယ်ရှိသော စောင့်ကြည့်တိုက်ခိုက်ရေးလုပ်ငန်းများကိုရပ်ဆိုင်းရန် အမိန့်ပေးခဲ့ ကြောင်း အမေရိကန်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မီဒီယာများက မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား Oval Office တွင် ပြင်းထန်စွာ ငြင်းခုံခဲ့ကြသည့် ဆွေးနွေးပွဲမတိုင်မီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။