ဇွဲကပင်တောင် တောမီးလောင်၊ လောင်ကျွမ်းမှုက နှစ်တိုင်းထက်များပြားသဖြင့် ဒေသခံများ စိုးရိမ်
News Image

ကရင်ပြည်နယ်၊ ဘားအံမြို့၏ နာမည်ကျော် ဇွဲကပင်တောင်သည် မတ်လ ၂၃ ရက်၊ နေ့လယ်ကစတင်၍ တောမီးလောင်ကျွမ်းနေပြီး မီးများသလို ယခုအချိန်အထိ မီးငြိမ်းမှုမရှိသေးကြောင်း ဒေသခံများဆီက စုံစမ်းသိရပါသည်။
ဖြစ်စဥ်မှာ မတ်လ ၂၃ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်ကစတင်၍ ဇွဲကပင်တောင်ရှိ နွားလပို့စေတီအနီးနား လျှိုအနီးတစ်ဝိုက်နှင့် ဝိဇ္ဇာ ညီနောင်ဘုရားရှိရာ တောင်အနီးတစ်ဝိုက်တွင် မီးလောင်ကျွမ်းနေကြောင်း သိရှိရပါသည်။