နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံ

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၆-၃-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၀၉း၃၀ နာရီအချိန်တွင် တွေ့ဆုံခဲ့သည်။ 

တံတားဦးမြို့နယ် “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

News Image

တံတားဦးမြို့နယ် “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင်ကျင်းပကြောင်းသိရသည် ။

တန်ဖိုးမြှင့်သနပ်ခါး ထုတ်ကုန်များ ဈေးကွက်ကောင်းမွန်နေ

News Image

တန်ဖိုးမြှင့်သနပ်ခါး ထုတ်ကုန်များ ဈေးကွက်ကောင်းမွန်နေ

ခေတ်နှင့်အညီပြောင်းလဲလာမှုကြောင့် သနပ်ခါးအတုံးသွေးလိမ်းခြင်းအပြင် သနပ်ခါးဖြင့်ပြုလုပ်သော သနပ်ခါး ပေါင်ဒါမှုန့်၊ သနပ်ခါးလိုးရှင်း၊ သနပ်ခါးဆပ်ပြာ စသည့် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကိုဈေးကွက်အတွင်း ဝယ်ယူသုံးစွဲမှုများပြားလာကြောင်း သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များထံမှသိသည်။

အရှိန်မြင့်တက်လာသော ကုန်သွယ်ရေး ပဋိပက္ခများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆုတ်ယုတ်ကျဆင်းမှုဆီသို့ တွန်းပို့နိုင်ဟု စီးပွားရေးပညာရှင် သတိပေး

News Image

အရှိန်မြင့်တက်လာသော ကုန်သွယ်ရေး ပဋိပက္ခများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆုတ်ယုတ်ကျဆင်းမှုဆီသို့ တွန်းပို့နိုင်ဟု စီးပွားရေးပညာရှင် သတိပေး

နှုန်းထားမြင့်မားသောစည်းကြပ်ခွန်နှင့် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ကုန်သွယ်ရေးတင်းမာမှုများက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ထိခိုက်စေနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုထက် ဆုတ်ယုတ်ကျဆင်းမှုဆီသို့သာ တွန်းပို့လိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးက သတိပေးခဲ့သည်။ စည်းကြပ်ခွန်များက သွင်းကုန်များအပေါ် ကုန်ရောင်းခွန်ပုံစံတစ်မျိုးဖြင့် အစိုးရ၏ အခွန်ဘဏ္ဍာကို တိုးပွားစေနိုင်သော်လည်း ယင်းအခွန်အကောက်များက သွင်းကုန်စရိတ်စကများကို မြင့်တက်စေသလို စားသုံးသူများက ဈေးနှုန်းပိုမိုမြင့်မားဖွယ်ရှိသော ပြည်တွင်းမှ အခြားရွေးချယ်စရာများကို ပြောင်းလဲအာရုံစိုက်လာသည့်အတွက် ငွေကြေးဖောင