UNSC အစည်းအဝေး မတ် ၂၆ ကျင်းပမည်
News Image

ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) သည် မတ်လ ၂၆ ရက် တွင် အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ထိုအစည်းအဝေးကို ကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဒိန်းမတ်နိုင်ငံက ဦးဆောင်သွားမည်ဖြစ်ကြောင်း TASS က အတည်ပြုထားပါသည်။ “လုံခြုံရေးကောင်စီအဖွဲ့ဝင်အချို့နှင့် ထောက်ခံသူများ၏ တောင်းဆိုချက်အရ မတ်လ ၂၆ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည်ကို အတည်ပြုပါကြောင်း” ဒိန်းမတ်သံတမန်က ပြောကြားထားပါသည်။
ကိုးကား- TASS