တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

News Image

တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဖမ်းဆီးခြင်းမခံရမီ တရုတ် နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်”ဟု သတင်းဖော်ပြချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များက

တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက် ထိန်းသိမ်းရန် အလွန်အရေးကြီးဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက် ထိန်းသိမ်းရန် အလွန်အရေးကြီးဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်-ဂျပန်ဆက်ဆံရေး တိုးတက်မှုအရှိန်အဟုန်ကို လွယ်လင့်တကူ ရရှိခဲ့ခြင်းမဟုတ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှိ အိဝါယနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟယ်လိဖုန်းက နိုင်ငံစုံ ကုမ္ပဏီများမှ တာဝန်ခံများအား တွေ့ဆုံ

News Image

ဟယ်လိဖုန်းက နိုင်ငံစုံ ကုမ္ပဏီများမှ တာဝန်ခံများအား တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း သည် Apple၊ Pfizer၊ Brookfield၊ Medtronic၊ Mastercard၊ Eli Lilly၊ Cargill၊ Corning စသည့် နာမည်ကျော် နိုင်ငံစုံကုမ္ပဏီများမှ တာဝန်ခံများနှင့် မတ် ၂၃ ရက် ညနေပိုင်းက တွေ့ဆုံပြီး ကမ္ဘာလုံးဆိုင်ရာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေး စသည်နှင့်စပ်လျဉ်း၍ အမြင်သဘောချင်း ဖလှယ်ခဲ့ကြသည်။

ဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေး အနေဖြင့် ICC ၌ တုံ့ပြန်ချေပစရာ ကျူးလွန်ထားသည့်ပြစ်မှုမရှိကြောင်း ၎င်း၏ သမီးဖြစ်သူ ပြောကြား

News Image

ဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေး အနေဖြင့် ICC ၌ တုံ့ပြန်ချေပစရာ ကျူးလွန်ထားသည့်ပြစ်မှုမရှိကြောင်း ၎င်း၏ သမီးဖြစ်သူ ပြောကြား

ဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေးအနေဖြင့် ICC ၌ တုံ့ပြန်ချေပစရာ ကျူးလွန်ထားသည့် ပြစ်မှုမရှိသည်ကို ယုံကြည်ကြောင်း၊ ICC ၏ ကနဦး ကြားနာမှုတွင် ဖခင်ဖြစ်သူမှာ မောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းများဖြစ်ခဲ့သော်လည်း ယခုအခါ ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း၊ လျှောက်လဲချက်ပေးရန်လည်း ခိုင်မာသည့် ယုံကြည်ချက်ရှိသည့်အပြင် ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်ခဲ့သည့် ပြစ်မှု မရှိခဲ့သည့်အပေါ် ယုံကြည်မှုရှိကြောင်း ၎င်း၏ သမီးဖြစ်သူ ဒုတိယသမ္မတ Sara Duterte က မတ်လ ၂၃ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။