ကိယက်ဗ်သည် မက်ဒေါ်နယ်လ် (McDonald’s) ကို အသုံးပြု၍ ၎င်း၏ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန် စည်းရုံး

News Image

ကိယက်ဗ်သည် မက်ဒေါ်နယ်လ် (McDonald’s) ကို အသုံးပြု၍ ၎င်း၏ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန် စည်းရုံး

ယူကရိန်းသည် ၎င်း၏စစ်မှုထမ်းအင်အား လိုအပ်ချက် ကြီးမားလာမှုအပေါ် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စည်းရုံး လှုံ့ဆော်လျက်ရှိပြီး ယခုတစ်ဖန် မက်ဒေါ်နယ်လ် (McDonald’s)၏ ချိစ်ဘာဂါများကို အသုံးပြု၍ လှုံ့ဆော်မှုပြုလုပ်ထားသည့် ဗီဒီယိုတစ်ခု ဖန်တီးကာ လှုံ့ဆော်စည်းရုံးလျက်ရှိကြောင်း သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုင်းနိုင်ငံသည် လာမည့်နှစ်မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများတွင် နိုင်ငံခြားလေယာဉ်မှူးများကို ခန့်အပ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းသွားမည်

News Image

ထိုင်းနိုင်ငံသည် လာမည့်နှစ်မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများတွင် နိုင်ငံခြားလေယာဉ်မှူးများကို ခန့်အပ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းသွားမည်

ထိုင်းလေကြောင်းစီမံခန့်ခွဲမှုအာဏာပိုင် (CAAT) သည် ထိုင်းလေယာဉ်မှူးများအသင်းက အစိုးရကို တရားစွဲဆိုပြီးနောက် ပြည်တွင်း လေကြောင်းလိုင်း များတွင် နိုင်ငံခြားလေယာဉ်မှူးများ လုပ်ကိုင်ခွင့်ပြုသည့် ယာယီ ခွင့်ပြုချက်ကို ဆက်လက်တိုးမြှင့်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းရှိ ညီညီထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား (တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀၀) အား  သိမ်းဆည်းရမိခဲ့သဖြင့် ညီညီထွန်း(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။