နောက်ဆုံးပေါ် လေယာဉ်ပစ် မစ်ဇိုင်းဒုံးစနစ် စမ်းသပ်ပစ်ခတ်မှုအား မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ် ဆောင်ရွက်
News Image

မြောက်ကိုရီးယား Missile Administration က နောက်ဆုံးပေါ်လေယာဉ်ပစ် မစ်ဇိုင်းဒုံးစမ်းသပ် ပစ်ခတ်မှုတစ်ရပ်ကို မတ်လ၂၀ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပြီး အဆိုပါစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့ကြောင်းနှင့် ၎င်းမစ်ဇိုင်းစနစ်ကို လုံလုံလောက်လောက်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ KCTV က မတ်လ ၂၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုစမ်းသပ်ပစ်ခတ်မှုအပေါ် ကင်က ချီးကျူးခဲ့ပြီး မြောက်ကိုရီးယားတပ်မတော်အား အခြားအရေးကြီးသည့် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။