ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်အေးနေ
News Image

ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၃၀၄၉) ဒေါ်လာအထိပေါက်ဈေး မြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းအားကျဆင်းပြီး ဈေးနှုန်း အပြောင်းအလဲ နည်းပါးနေကြောင်းဈေးကွက်အတွင်းမှသိရသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေးအတွင်း ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်၊ နံနက်ပိုင်းတွင် တစ်အောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ယင်းဈေးနှုန်းသည် သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။“ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ဒေါ်လာ ၂၆၀