အမေရိကန်နိုင်ငံ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုး သေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့ဖမ်းဆီး

News Image

အမေရိကန်နိုင်ငံ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုး သေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုးသေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူ တစ်ဦးအား  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည်  မက္ကလင်းမြို့ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် မတ်လ ၁၉ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွင်း သေနတ်သမားသည် ၎င်း၏ဦးခေါင်းကိုသာမက ဒေသတွင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းအားလာရောက် ဖျောင်းဖျပြောဆိုခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပါ သေနတ်ဖြင့်ချိန်ခဲ့ကြောင်း အရင်းအမြစ်များက ပြောသည်။

ယူကရိန်းငြိမ်းချမ်းရေး အတွက် အမေရိကန်နှင့် ရုရှားတို့၏ စေ့စပ်ဆွေးနွေးမှုများကို ဆော်ဒီအာရေဗျတွင် ထပ်မံကျင်းပမည်

News Image

ယူကရိန်းငြိမ်းချမ်းရေး အတွက် အမေရိကန်နှင့် ရုရှားတို့၏ စေ့စပ်ဆွေးနွေးမှုများကို ဆော်ဒီအာရေဗျတွင် ထပ်မံကျင်းပမည်

ယူကရိန်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား စေ့စပ်ဆွေးနွေးမှုများကို မတ်လ ၂၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ဦးဖြစ်သူ စတိဝှစ်ကော့က ပြောသည်။

မြေရှားသတ္တုကဏ္ဍတွင် အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းနိုင်သည်ဟု ရုရှားဆို

News Image

မြေရှားသတ္တုကဏ္ဍတွင် အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းနိုင်သည်ဟု ရုရှားဆို

ရုရှားနိုင်ငံသည်  ယူကရိန်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက မြေရှားသတ္တု အများအပြားကို ပိုင်ဆိုင်ထားပြီး  အဆိုပါသတ္တုများ ထုတ်ယူရေးတွင် အမေရိကန်နှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အထူးသံတမန်ဖြစ်သူ   ကီရေး ဒီမီထရီယက်က ပြောသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆို

News Image

အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆို

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေးအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အစကတည်းက ထောက်ခံထားပြီး အဆိုပါပဋိပက္ခအား  ဖြေရှင်းနိုင်ရေး လုပ်ဆောင်သည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောသည်။