ယူကရိန်းငြိမ်းချမ်းရေး အတွက် အမေရိကန်နှင့် ရုရှားတို့၏ စေ့စပ်ဆွေးနွေးမှုများကို ဆော်ဒီအာရေဗျတွင် ထပ်မံကျင်းပမည်

News Image

  • ယူကရိန်းငြိမ်းချမ်းရေး အတွက် အမေရိကန်နှင့် ရုရှားတို့၏ စေ့စပ်ဆွေးနွေးမှုများကို ဆော်ဒီအာရေဗျတွင် ထပ်မံကျင်းပမည်

ယူကရိန်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား စေ့စပ်ဆွေးနွေးမှုများကို မတ်လ ၂၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ဦးဖြစ်သူ စတိဝှစ်ကော့က ပြောသည်။

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ထပ်မံကျင်းပမည့် ဆွေးနွေးပွဲသို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့၊ နိုင်ငံခြားရေးဝန်ကြီး  မားကို့ရူဘီယိုတို့ တက်ရောက်မည်ဖြစ်ပြီး ယူကရိန်းနှင့်ရုရှားတို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်၏ အထူးသံတမန်ဝှစ်ကော့က Fox သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခြင်းဖြစ်သည်။

အမေရိကန်နှင့်  ရုရှားနိုင်ငံတို့သည် ပြီးခဲ့သည့်လအတွင်းကလည်း  ဆော်ဒီအာရေဗျနှင့် တူကီယဲနိုင်ငံတို့တွင် တွေ့ဆုံဆွေးနွေးမှုများ ကျင်းပခဲ့ပြီး နှစ်နိုင်ငံစလုံးအနေဖြင့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေး၊ အမေရိကန်နှင့် ရုရှားတို့ကြား သံတမန်ရေး၊ စီးပွားရေးဆက်ဆံမှုများ တိုးတက်လာစေရေး လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏   အထူးသံတမန် ဝှစ်ကော့သည် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နှစ်ကြိမ်တိုင်တိုင်  တွေ့ဆုံဆွေးနွေး ထားပြီးဖြစ်သည်။

Source: https://myawady.net.mm/