ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
News Image

(၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ကာဇက်စတန်နိုင်ငံရှိ ကာရာဂန်ဒါ ဒေသတွင် တန်ချိန် ၁ သန်းရှိ မြေရှား သတ္တုသိုက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကာဇက်စတန်နိုင်ငံ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါသည်။
ဝန်ကြီးဌာနထုတ်ပြန်ချက်အရ လာမည့်အနာဂတ်တွင် ထိုဒေသ၌ မြေရှား သတ္တုတန်ချိန် သန်း ၂၀ ကျော်အထိ ရရှိနိုင်ကြောင်း၊ ၎င်းတို့မှာ မြေ အနက် မီတာ ၃၀၀ ခန့်တွင် တည်ရှိနေကြောင်း သိရပါသည်။ ယခု ရရှိလာသော သတ္တုအမျိုးအစားများကိုမူ ဝန်ကြီးဌာနက အသေးစိတ် ပြောပြထားခြင်း မရှိချေ။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း (၈၀x၈၁) ကြား၊ အင်ကြင်း Condo ပြိုကျပျက်စီးသည့်နေရာအား ဧပြီလ ၈ ရက်နေ့တွင် ဗဟိုမီးသတ် သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲအစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
ကိုးကား-MRTV
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ပြင်းထန် ငလျင်ကြောင့် ဧပြီလ ၂ ရက်အထိ သေဆုံးသူဦးရေမှာ ၃၀၀၀ ကျော် ရှိလာပြီးဖြစ်ပြီး လူအမြောက်အမြား ပျောက်ဆုံးလျက်ရှိပါသည်။ လက်ရှိ အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကူညီရေး အဖွဲ့အစည်းများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ခန့်မှန်းချက် မှာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။