အီရန်နျူကလီးယားကိစ္စ ဖြေရှင်းနိုင်ရေးအတွက် ရုရှားကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောကြား
News Image

အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရန် ရုရှား-တရုတ်-အီရန် ကျွမ်းကျင်သူအဆင့် အစည်းအဝေးတစ်ရပ် ကျင်းပရန် တရုတ်နှင့် ရုရှား တို့ သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။
“သုံးနိုင်ငံ ကျွမ်းကျင်သူဆွေးနွေးပွဲကို ရုရှားတွင် ကျင်းပရန် တရုတ်က ထောက်ခံထားပါကြောင်း၊ အီရန်နျူကလီးယားပြဿနာကို သံတမန် နည်းလမ်းအရ ပြေလည်စေရေးအတွက် နောက်ထပ်ကြိုးစား လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း” Lin Jian က ထပ်လောင်းပြောကြားထားပါသည်။