ဥရောပကော်မရှင်ဥက္ကဋ္ဌ Von der Leyen က ယူကရိန်း၏ EU အဖွဲ့ဝင်အဖြစ် အမြန်ဝင်ရောက်နိုင်ရေး EU အား တိုက်တွန်း
News Image

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ယူကရိန်း၏ EU အဖွဲ့ ဝင်ရောက်နိုင်ရေးဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်တွင် အရှိန်အဟုန်မြှင့် စတင်သင့်ကြောင်း ဗုဒ္ဓဟူးနေ့ (မေလ ၇ ရက်) တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ခြေလှမ်းသည် မော်စကို၏ ဖိအားများကို ယူကရိန်းအနေဖြင့် ပိုမိုခိုင်မာစွာရင်ဆိုင်နိုင်မည့်အပြင် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်စေရန်လမ်းဖွင့်ပေးနိုင်မည်ဟု သူမ က ဆိုသည်။