အိန္ဒိယ၏ Sindoor စစ်ဆင်ရေး ၂၅ မိနစ်အတွင်း အကြမ်းဖက် ၇၀ ကျော် ကို သုတ်သင်
News Image

မေလ ၇ ရက်တွင် အိန္ဒိယစစ်တပ်က Operation Sindoor လုပ်ငန်းစဉ်၏ ၂၅ မိနစ်တာ ကာလအတွင်း ပစ်မှတ်ကိုးခုကို ဒုံးကျည် ၂၄ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမား ၇၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယ အခြေစိုက် NDTV ရုပ်မြင်သံကြားလိုင်းက ကြေညာလိုက်ပါသည်။
ရုပ်သံလိုင်း၏ဖော်ပြချက်အရ အိန္ဒိယ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ၇၀ ကျော်သေဆုံးခဲ့ပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကို မြေပြင်အခြေစိုက်နှင့် လေကြောင်းပစ်ဒုံးကျည်များဖြင့် ဆင်နွှဲခဲ့ခြင်း ဖြစ်ပါသည်။