စက္ခုအာရုံကို ပြန်လည်ရရှိစေနိုင်သည့် ချစ်ပြားတစ်ခုကို လူသားများ၏ဦးနှောက်အတွင်းသို့ ထည့်သွင်း ရန် Neuralink စီစဉ်

News Image

စက္ခုအာရုံကို ပြန်လည်ရရှိစေနိုင်သည့်  ချစ်ပြားတစ်ခုကို လူသားများ၏ဦးနှောက်အတွင်းသို့ ထည့်သွင်း ရန် Neuralink စီစဉ်

ပျောက်ကွယ်နေသည့် စက္ခုအာရုံကို ပြန်လည်ရရှိစေနိုင်သည့် ချစ်ပြားတစ်ခုကို လူသားများ၏ ဦးနှောက်အတွင်းသို့လာမည့်နှစ်အတွင်း   ထည့်သွင်းပေးနိုင်ရန် အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Neuralink က စီစဉ်လျက်ရှိသည်။

အဆိုပါချစ်ပြားသည်   မွေးစကပင် မျက်စိအလင်းမရခဲ့သူများကိုပင် စက္ခုအာရုံပြန်လည်ရရှိလာနိုင်စေမည်ဖြစ်သည်။

အမေရိကန်ဘက်က တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

News Image

အမေရိကန်ဘက်က တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

တရုတ်နိုင်ငံသည် စည်းကြပ်ခွန်စစ်ပွဲကို မတိုက်ချင်သော်လည်း တိုက်ရန် မကြောက်ရွံ့ကြောင်း ၊ အကယ်၍ အမေရိကန်ဘက်က ဆွေးနွေးမည်ဟု စီစဉ်ထားပါက တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန်နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေ ၃ ရက်တွင် ကျင်းပသည့် အများပြည်သူ လာရောက်လည်ပတ်ရန် သံရုံးဖွင့်လှစ်သည့်နေ့နှင့် ကန်းစုပြည်နယ် မိတ်ဆက်ပွဲအခမ်းအနားတွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ရှဲ့ဖုန်းက ပြောကြားခဲ့သည်။

ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်သစ်တစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

News Image

ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်သစ်တစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ၎င်းတို့၏ ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်အသစ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ ဒုံးကျည်တင်ယာဉ်သစ်ကို ခြေလျင်တိုက်ယာဉ်၏ကိုယ်ထည်အပေါ် အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါကိုယ်ထည်ပေါ်တွင်   ဒုံးပစ်စင်များကို တည်ဆောက်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

News Image

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကို မြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားခဲ့သည်။ ပြင်ပပတ်ဝန်းကျင်၌ ရှုပ်ထွေးမှုများရှိနေသည့်တိုင် သမ္မတရှီနှင့် သမ္မတပူတင်တို့အနေဖြင့် သမိုင်းတွင်မည့် အမြော်အမြင်၊ မဟာဗျူဟာအရ အလေးထားမှုတို့ဖြင့် ခေတ်သစ်ကာလ တရုတ်-ရုရှား ဆက်ဆံရေး